နားအူခြင်းအကြောင်း သိကောင်းစရာ
ရေးသားသူ – Dr.Kyi Lei Hnin(M.B.,B.S.)
နားအူခြင်းသည် အသက်ကြီးလာ၍အာရုံကြောအားနည်းလာခြင်း၊ နားကိုထိခိုက်မိခြင်း၊ သွေးလည်ပတ်မှုတွင်ရောဂါဖြစ်ခြင်း အစရှိသည်တို့ကြောင့်ဖြစ်ပွားနိုင်သည်။
နားအူခြင်းတွင် လူပေါ်မူတည်ပြီးအသံအတိုးအကျယ် အသံကြားပုံကြားနည်းလည်းကွာခြားနိုင်သည်။
တစ်ချို့တွင် တစ်လျှပ်လျှပ်မြည်သံမှစ၍ တစ်ချို့တွင်မူ ခေါင်းလောင်းသံကျယ်လောင်စွာ မြည်သံမျိုးအထိကြားနိုင်သည်။
သင့်တွင်ရုတ်တရက်နားအူလာခြင်း၊ ရုတ်တရက်အကြားအာရုံချို့ယွင်းလာခြင်း၊ မူးဝေခြင်းများဖြစ်ပေါ်လာပါက အမြန်ဆုံးကျန်းမာရေးစောင့်ရှောက်မှုခံယူသင့်ပါသည်။
ဘာတွေကနားအူခြင်းကိုဖြစ်စေနိုင်သလဲ ?
အဖြစ်အများဆုံးကတော့
- အသက်ကြီး၍အကြားအာရုံချို့ယွင်းလာခြင်းကလည်းနားအူခြင်းကိုဖြစ်စေနိုင်သည်။
- ဆူညံကျယ်လောင်သောအသံများကို ကြာရှည်စွားကြားနေရလျှင်လည်းဖြစ်စေနိုင်သည်။
- နားဖာကြီးပိတ်ဆို့ခြင်း
- နားအတွင်းရှိအရိုးနုပျက်စီးခြင်း
- နားအတွင်းရှိဖိအားများခြင်း
- ဦးနှောက်နှင့်လည်ပင်းထိခိုက်မိခြင်း
- သွေးတိုးခြင်းတို့ကလည်း
ဖြစ်စေနိုင်ပါသည်။
ဘယ်ဆေးတွေကကော နားအူခြင်းကိုဖြစ်စေနိုင်သလဲ ?
- ပိုးသတ်ဆေးအချို့
- အချို့သောကင်စာဆေးဝါးများ
- စိတ်ငြိမ်းဆေးများ
- အက်စ်ပရင် (Aspirin)
ရေရှည် ဘာဆိုးကျိုးတွေဖြစ်စေနိုင်သလဲ ?
- နွမ်းနယ်ခြင်း
- စိတ်ဖိစီးခြင်း
- အိပ်ရေးပျက်ခြင်း
- အာရုံစူးစိုက်နိုင်စွမ်းလျော့နည်းလာခြင်း
- စိတ်ဓာတ်ကျခြင်းများ
ဖြစ်ပေါ်နိုင်ပါသည်။
ဘယ်လိုကာကွယ်လျော့ချနိုင်မလဲ ?
- ဆူညံသံများနှင့်အမြဲအလုပ် လုပ်ကိုင်နေရသူများသည် နားအထောက်အကူပြုကာကွယ်ခြင်း ကိရိယာကိုတပ်ဆင်သင့်ပါသည်။
- နားကြပ်ဖြင့်သီချင်းနားထောင်လျှင်အသံတိုးနိုင်သမျှတိုးပါ။
- လေ့ကျင့်ခန်းပုံမှန်လုပ်၍ နှလုံးရောဂါကိုကာကွယ်ခြင်းဟာလည်းသွေးလှည့်ပတ်မှုကို အထောက်အကူပြုသည့်အတွက် နားအူခြင်းကိုလျော့ချပေးနိုသ်ပါတယ်။

Name | Dr. Kyi Lei Hnin |
---|---|
Degrees | M.B.,B.S (ygn) |
Biography | 2019 June မှာ Parami hospital, Yin Thway Call Centre မှာ medical officer အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ကလေးကျန်းမားရေး၊ အာဟာရပိုင်းဆိုင်ရာ၊ ကြီးထွားဖွံ့ဖြိုးမှုနှုန်းနဲ့ပတ်သက်သည်များကိုတိုင်ပင်ဆွေးနွေးပေးလျက်ရှိပါသည်။ ထို့အပြင် Dr.Htein Free Clinic တွင်ပြည်သူလူထုများအခမဲ့ကျန်းမားရေးလုပ်အားပေးကုသမှုများတွင်ပါဝင်ခဲ့ပါသည်။ 2020 Februaryမှစပြီး Apex Asia specialic clinic တွင် အချိန်ပိုင်းဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ 2020 July မှစတင်ပြီး Aryu Parla specialist clinic တွင် ဆရာဝန်အဖြစ်ဆေးကုသပေးလျက်ရှိပါသည်။ လူကြီးရောဂါ၊ နာတာရှည်ရောဂါများကိုလည်းကုသပေးလျက်ရှိပါသည်။ |
Topic |
|
Address | Parami General Hospital |