နေ့စဉ် ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ကနေအချိန်နှင့် အမျှ ရေဓာတ်တွေ ဆုံးရှုံးလျက်ရှိပါတယ်။
ကိုယ်တွင်းက ရေဓာတ်တွေဟာ ဆီး ၊ ဝမ်း ၊ ချွေး အဖြစ် ပြင်ပကိုစွန့်ထုတ်နေတာကြောင့် ကိုယ်တွင်းမှာရှိတဲ့ ရေနဲ့ဓာတ်ဆား ဓာတ်များကို ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။

ရေဓာတ်ဆုံးရှုံးမှုကို အချိန်မီပြန်လည်မဖြည့်တင်းနိုင်တဲ့အခါ ကျန်းမာရေးထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ အခုလိုပူပြင်းလှတဲ့ နွေရာသီမှာ လူကြီးတွေအပြင် ငယ်ရွယ် နုနယ်လှတဲ့ ဘေဘီလေးတွေမှာလည်း ရေဓာတ်ဆုံးရှုံးမှု လက္ခဏာတွေ ဖြစ်ပွားနိုင်တဲ့အတွက် ကလေးရေဓာတ်ဆုံးရှုံးမှု လက္ခဏာတွေကို Yin Thway ကနေ မျှဝေပြောပြပေးပါရစေ။

ကလေးရေဓာတ်ဆုံးရှုံးမှု ကနဦး လက္ခဏာတွေကတော့

  • ကလေးငယ်တွေရဲ့ နှုတ်ခမ်းတွေ ခြောက်သွေ့အက်ကွဲလာတာ
  • ဆီးသွားနှုန်းနှေးလာတာ ၊ရှစ်နာရီမှ ၁၂နာရီ အထိကြာအောင် ဆီးမသွားတော့တာ (သို့) ဆီးအရောင် ညစ်ညစ်တွေသွားလာတာ
  • လေးလံထိုင်းမှိုင်းလာတာ ( သို့) ကလေးစိတ်ဆိုးလွယ်လာတာ
  • ကလေးရဲ့ ခန္ဓာကိုယ် အရေပြားတွေ အေးစက်လာတာ
  • ကလေးဟာ ရုတ်တရက် အားအင်ကုန်ခန်း ချိနဲ့ နေသလိုဖြစ်လာတာ
  • ကလေးငိုတဲ့အချိန် မှာ မျက်ရည်တွေ မထွက်တော့တာ
  • ကလေးငယ်ရဲ့ မျက်တွင်းတွေ ကျလာတာ (သို့) ကလေးငယ်ရဲ့ ငယ်ထိပ် ချိုင့်လာတာ
  • ကလေးက ရေအလွန်အမင်းငတ်နေတာ

စတာတွေဖြစ်ပါတယ်။

en_US