နွေရာသီမှာတောင် မိခင်နို့လှိုင်လှိုင်ထွက်စေမယ့် အစားအသောက်များ

ခေတ်သစ်မေမေတို့ရေ ဘေဘီလေးတွေ နို့မဝလို့ ငိုတဲ့အခါ အသည်းခိုက်အောင် ရင်ထဲမကောင်းဖြစ်နေကြပြီလား ။ မိခင်နို့လှိုင်လှိုင်ထွက်သူတွေကို အားကျပြီး ကိုယ်တွေ မိခင်နို့လှိုင်လှိုင်ထွက်အောင် ဘယ်လိုလုပ်ရမလဲ ၊ ဘယ်လိုတွေ စားသောက်နေထိုင်ရမလဲဆိုတာ ကို လေ့လာမေးမြန်းရတာအလုပ်တစ်လုပ်ပါနော်။

ပူပြင်းတဲ့နွေရာသီမှာ မိခင်တွေ နို့ပေါပေါထွက်စေဖို့ စားသောက်ရမယ့် အစားအစာလေးတွေကို YinThway Call Center ကနေပြောပြပေးပါရပါစေရှင်။

  • ဗိုက်တာမင်ဘီ နှင့် အမျှင်ဓာတ်တွေပါဝင်တဲ့ ပေါင်မုန့်၊ပါစတာ၊ထမင်း ၊ အုတ်ဂျုံ(Oat Meal )၊ဆန်လုံးညိုတွေကို များများစားပေးပါရှင် ။
  • ဆော်လမွန်ငါးနဲ့ ဆာဒင်း ( ငါးသေတ္တာငါး)တွေကိုများများစားပေးပါရှင်။ဒီငါးတွေကိုစားခြင်းကြောင့် မိခင်နို့လှိုင်စေရုံသာမကဘဲ ကလေးငယ်ရဲ့ ညာဏ်ရည်ဖွံ့ဖြိုးမှုကိုပါ အထောက်အကူဖြစ်စေပါလိမ့်မယ်။
  • အမဲသားကိုလည်းစားပေးနိုင်ပါတယ်။အမဲသားဟာ မိခင်တွေရဲ့ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးတဲ့အပြင် နို့တိုက်မိခင်တွေလိုအပ်တဲ့ သံဓာတ် နဲ့ သတ္တုဓာတ်တွေကိုဖြည့်တင်းပေးမှာပါ။
  • ကြက်ဥ၊ ဘဲဥတွေကိုလည်းစားပေးနိုင်ပါတယ်။ကလေးတစ်ဖက်နဲ့ အလုပ်ရှုပ်နေတဲ့အချိန်မှာ ကြက်ဥ၊ဘဲဥပြုတ်လေးတွေစားလိုက်ရုံနဲ့ ဗိုက်ဝစေတဲ့အပြင် ကလေးငယ်လိုအပ်တဲ့ အာဟာရဓာတ်တွေကိုလည်းပေးစွမ်းနိုင်မှာဖြစ်ပါတယ်။လေ့လာချက်အသစ်တွေအရ ဒီလိုဥတွေကိုစားခြင်းက ကိုလက်စထရောမတက်စေဘူးလို့လည်းဆိုပါတယ်။
  • ရေများများသောက်ပါ။ ရေ ၊ ရေ၊ ရေ လို့ ပါးစပ်က မချတဲ့ အထိ ရေကို များနိုင်သလောက်များများသောက်ပေးပါနော်။ ဘေဘီလေးကိုနို့မတိုက်ခင်မှာ ရေတစ်ခွက် ၊ နို့တိုက်ပြီးတဲ့အခါ မှာရေတစ်ခွက် သတိတရနဲ့သောက်ပေးပါနော် ။

ရေ ကိုလုံလုံလောက်လောက်သောက်မှသာ နို့လှိုင်လှိုင်ထွက်ဖို့ ကူညီပါလိမ့်မယ် ။ ဒါ့အပြင် ကာဖိန်းဓာတ်မပါဝင်တဲ့ ၊အချိုဓာတ်မပါဝင်တဲ့ ဖျော်ရည်တွေကိုလည်း သောက်ပေးလို့ရပါတယ်ရှင် ။

ကဲ ၊ ဒါဆို အခုလို နွေရာသီမှာတောင် မေမေတွေ နို့လှိုင်လှိုင်ထွက်ဖို့ စိတ်မညစ်ရတော့ဘူးပေါ့ ရှင်။

en_US