ပန်းနာရင်ကြပ်နှင့် ကိုယ်ဝန်ဆောင်ဘဝ
ရေးသားသူ – ဒေါက်တာ ခင်ဆွေသန်း (M.B.B.S)
ပန်းနာရင်ကြပ်ရောဂါဆိုတာ အသက်ရှုတဲ့လေပြွန်လေးတွေရောင်ရမ်းပြီး ကျဉ်းမြောင်းလို့ သလိပ်တွေပိုထွက်လာပြီး အသက်ရှုရခက်ခဲတဲ့ ရောဂါဖြစ်ပါတယ်။ ချောင်းဆိုးခြင်း တရွှီရွှီမြည်ခြင်း ရင်ကြပ်ခြင်း တို့ဖြစ်ပြီး ရောဂါ အတိမ်အနက်က တစ်ဦးနဲ့တစ်ဦးမတူညီပါဘူး။
ပန်းနာရင်ကြပ်ရှိတဲ့အမျိုးသမီးတွေကိုယ်ဝန်သည်ဘဝကိုဖြတ်သန်းရတာတစ်ဦးနဲ့တစ်ဦးမတူပါဘူး။ သုံးပုံ တစ်ပုံ က ရောဂါအခြေအနေ ပိုမိုကောင်းမွန်လာပြီး တစ်ချို့ကတော့ဒီတိုင်းပါပဲ ကျန်တဲ့ သုံးပုံတစ်ပုံကတော့ ရောဂါအခြေအနေ ပိုဆိုးရွားနိုင်ပါတယ်။
အထူးသဖြင့် ၁၃ပတ် နောက်ပိုင်းမှာ ပိုဆိုးလေ့ရှိတာကိုတွေ့ရပြီး အဆိုးဆုံးကတော့ ၆လ လောက်မှာပါ ၃၆ ပတ်နောက်ပိုင်းမှာတော့ ၉၀% သော အမျိုးသမီးတွေမှာ ရောဂါ အခြေအနေ သက်သာသွားလေ့ရှိတယ်လို့ဆိုပါတယ်။
ကျန်းမာတဲ့ကိုယ်ဝန်ဆောင်ဘဝကိုပိုင်ဆိုင်ဖို့ ရောဂါကို သေချာထိန်းသိမ်းထားနိုင်ဖို့လိုပါတယ်။ အဲ့လိုမှသာ ကလေးအတွက် ထိခိုက်မှုတွေမဖြစ်လာမှာဖြစ်ပါတယ် ဒါကြောင့် ကိုယ်ဝန်ဆောင်ဖို့အစီအစဉ်ရှိတာနဲ့ ကိုယ်ဝန်ရှိမှန်းသိတာနဲ့ ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ကိုယ်ဝန်ဆောင်တစ်လျှောက်လုံး သာမက မီးဖွားပြီးနို့တိုက်မခင်ဘဝရောက်သည့်တိုင် ဆရာဝန်ညွှန်ကြားထားတဲ့ဆေးတွေပဲဆက်သောက်သင့်ပါတယ်။ ဆေးမသောက်ပဲရပ်လိုက်ရင်ကိုယ့်အတွက်အန္တရာယ်ရှိရုံတင်မဟုတ်ပဲ ကလေးပါ ပေါင်မပြည့်ပဲ မွေးစေနိုင်တဲ့အန္တရာယ်ရှိပါတယ်။ ဆေးကိုသေချာပုံမှန်စွဲသောက်သင့်ပါတယ်။ ကလေးနဲ့အလုပ်ရှုပ်နေသည့်တိုင်အောင် မိမိကျန်းမာရေးကို ပြစ်မထားသင့်ပါဘူး။
ညပိုင်း သို့ မနက်အစောပိုင်းမှာ ချောင်းဆိုးတာပိုပြင်းထန်လာခြင်း အဆုတ်ထဲက တရွှီရွှီမြည်ခြင်း ၊ အသက်ရှုမဝခြင်း ၊ ရင်ဘတ်ထဲတွင်တင်းကြပ်လာခြင်းတို့ဖြစ်လာရင် ဆရာဝန်နဲ့ အမြန်ပြသ သင့်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်အတွင်း အစာအိမ်မှ အချဉ်ဓာတ်တွေအပေါ်ဆန်တတ်တဲ့အတွက် အစာအိမ်အချဉ်ပေါက်ခြင်း ဖြစ်ချိန်မှာ ပန်းနာရင်ကြပ်ပိုဆိုးတတ်ပါတယ်။ ပန်းနာရင်ကြပ်ကိုယ်ဝန်သည်ဘဝမှာ ဆရာဝန်နဲ့အတူ သေချာတိုင်ပငိပြီး ကိုယ့် အတွက် အဆင်ပြေဆုံးကုသမှုကိုခံယူပါ။လေ့ကျင့်ခန်းလုပ်ခြင်း အလုပ်ကိုပုံမှန်လုပ်ခြင်းကို ဆက်လုပ်လို့ရပါတယ်။
ပန်းနာရင်ကြပ်ရောဂါပိုမဆိုးအောင်ပြုလုပ်နိုင်တာတွေကတော့
- ဆေးလိပ်ဖြတ်ခြင်း
- ကိုယ်နဲ့မတည့်တဲ့ရောဂါပိုဆိုးစေတဲ့အရာများကိုရှောင်ရှားခြင်း(ဖုန်မှုန့် တိရစ္ဆာန်အမွှေး )
ချောင်းဆိုး နှာစီး မျက်လုံးယားယံလာရင် ဆရာဝန်နဲ့ပြသပြီး ၊ ကိုယ်ဝန်ဆောင်ချိန်အတွင်း ဆရာဝန်သောက်ခွင့်ပြုတဲ့ဆေးသောက်ပါ။ မိမိရောဂါအခြေအနေကို သေချာလေ့လာပြီး ဖတ်ရှုခြင်းဖြင့်ကျန်းမာသောကိုယ်ဝန်ဆောင်သည်ဘဝကို ဖြတ်သန်းပါ။

Name | ဒေါက်တာ ခင်ဆွေသန်း (M.B.B.S) |
---|---|
Degrees | M.B.,B.S (ygn) |
Biography |
ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ။ Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။ Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။ |
Topic |
အထွေထွေကျန်းမာရေးဆိုင်ရာ ပြဿနာများ ကလေးကျန်းမာရေးဆိုင်ရာပြဿနာများကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ |
Address | Parami General Hospital, Yangon |