ပျားရည်တိုက်ကျွေးနေတဲ့ ခေတ်သစ်မေမေများသတိထားမိစေဖို့
ပျားရည်ဟာ သဘာဝကပေးတဲ့ အစွမ်းထက်ဆေးတစ်ခွက်ဖြစ်ပါတယ်။ ပျားရည်ဟာဝေဒနာတော်တော်များ ကို သက်သာစေသလို ချိုအီတဲ့ အရသာလည်းရှိတာကြောင့်လူကြီးတွေရော ၊ ကလေးငယ်တွေကပါ ကြိုက်ကြတဲ့ အရာတစ်ခုပါ။
တချို့သောဒေသတွေမှာ မိခင်နို့လှိုင်လှိုင် မထွက်သေးချိန်မှာ၊ နို့အစား ပျားရည်ကို တိုက်တာတွေ လုပ်တတ်ကြပါတယ်။ ပျားရည်တိုက်တာဟာ ကလေးတွေအတွက်တကယ်ရော ကောင်းမွန်ပါရဲ့ လား။ လေ့လာတွေ့ရှိချက်တွေအရ ကလေးငယ်တွေကို ပျားရည်တိုက်တာ ဟာ စိတ်ချယုံကြည်ရတဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူးတဲ့ ။ ပျားရည်မှာ( clostridium botulinum) လို့ခေါ်တဲ့ ဘက်တီးယားပိုးလေးတွေပါဝင်တတ်တာကြောင့် ကလေးငယ်ကို အစာအဆိပ်သင့်စေနိုင်တယ်လို့ဆိုပါတယ်။
ကလေးကို ပျားရည် ကျွေးမိလို့ (၃၆) နာရီအတွင်း
- ကလေးဝမ်းချုပ်သွားတာ
- လေးလံထိုင်းမှိုင်းလာတာ
- အစာမစားတော့တာတွေ ဖြစ်လာရင် ဆရာဝန်ကို ချက်ချင်းဖုန်းဆက်ပြီး ကုသမှုခံယူရပါမယ် နော်။
နောက်ပြဿနာတစ်ခုက အချိုဓာတ်ပါဝင်တဲ့ ပျားရည် ကြောင့် ကလေးတွေမှာ သွားပိုးစားတာ ၊ ငယ်သွားတွေ ပျက်စီးတာတွေဖြစ်နိုင်ပါတယ်တဲ့ ။
ဈေးကွက်ထဲက ပျားရည်တွေမှာ အပူပေးစနစ် ကိုသုံးပြီး ပိုးသတ်တာတွေ လုပ်တတ်ကြပေမယ့် အချိုကြောင့် ကလေးငယ်တွေ သွားပိုးမစားအောင် မေမေတွေ ဂရုစိုက် ကာကွယ်ပေးရမယ်နော်။
ပျားရည်ကို တစ်နှစ်မပြည့်သေးတဲ့ ဘေဘီလေးတွေကို လုံးဝလုံးဝ မတိုက်ကျွေးသင့်ပါနော်။ ကဲ ဒါဆို ခေတ်သစ်မေမေတို့လည်း ပျားရည်တိုက်ကျွေးတဲ့ အခါ ဂရုစိုက် စရာလေးတွေကို သဘောပေါက်မယ်လို့ထင်ပါတယ်ရှင်။