ဖေဖေ မေမေတို့ ဒါကို သိထားပါသလား။
သားသား မီးမီးလေးတွေ ဟာ ၂ နှစ် ၃ နှစ်အရွယ် ရောက်ပြီဆို အတတ်မြန်တဲ့ အရွယ်လေးတွေ လို့ ပြောလို့ ရပါတယ်။ အဲ့ အရွယ်ဆို လမ်းဘယ်လို လျှောက်ရမလဲ ။ စကားဘယ် လိုပြောရမလဲ စပြီး လေ့လာနေတာက နေ စာဖတ်တာတွေ ၊ ဆေးရောင်စုံခြယ်တာလေးတွေ၊ ဒီပစ္စည်းတွေက ဘာကြီးလဲ ၊ ဒါဘာအရောင်လဲ စတာနဲ့ စူးစမ်းနေတဲ့ အရွယ်လို့လည်း ပြောလို့ရပါတယ်။
ခုလို အရွယ်မှာ ဖေဖေ မေမေတို့ အနေနဲ့ ကိုယ်သင်ပေးချင်တာလေးတွေကို စိတ်ရှည်ရှည်နဲ့ သင်ပေးနိုင်ဖို့က အရေးကြီးလှပါတယ်။ ဥပမာ- စာများများ ဖတ်ပြ ပေးပြီး စာကို ကိုယ်တိုင် ဖတ်နိုင်ဖို့ သင်ပေးတာမျိုးလေးတွေ၊ လမ်းလျှောက်နည်း သင်ပေးတာလေးတွေ၊ အရုပ်ဆက်တာလေးတွေ သင်ပေးလိုက်ရင် မြန်မြန်ပို တတ်ပါတယ်။ ခုလို အချိန်မှာ ကလေး ငြိမ်ရင် ပြီးရောဆို ပြီး ကလေးကို tv တွေ ကာတွန်းကားတွေဘဲ ပြထားပြီး လိုအပ်တာတွေ မသင်ပေးတာ မျိုး မလုပ်သင့်ပါဘူး။
ကလေး တစ်ယောက် မိခင် ဘာသာ စကားကို ပထမဆုံး စသင်တဲ့ အရွယ်လို့လည်း ပြောလို့ ရပါတယ်။ ကလေးတွေရဲ့ အပြုအမူတွေကို အကောင်းဆုံး ပဲ့ကိုင်ပေးနိုင်တဲ့ အချိန်ဖြစ်လို့ ဖေဖေ မေမေတို့ အနေနဲ့ ဂရုစိုက်ပြီးတော့ ကိုယ့် ကလေးက ဘယ်လိုမျိုး နေရာမှာ စိတ်ဝင်စားလဲ ဆိုတာကိုပါ တစ်ခါတည်း လေ့လာလို့ ရတဲ့ အချိန်ဘဲဖြစ်ပါတယ်။