ဘာလို့ကလေးလေးတွေကငိုရတာလဲ?
ကလေးလေးတွေ ငိုတယ်ဆိုတာ ပုံမှန်လို့ဆိုလို့ရသလို သူတို့ရဲ့ ဖေဖေ မေမေ တွေကို စကားပြောတဲ့နည်းတစ်မျိုးလည်းဖြစ်ပါတယ်နော်…ကလေးလေးလေးတွေ ဘယ်အချိန်မှာ အများဆုံးငိုလေ့ရှိလဲဆိုတော့ သူတို့လေးတွေ ဗိုက်ဆာတဲ့အခါ၊ ရေဆာတဲ့အခါ၊ ပူတဲ့အခါ၊ အေးတဲ့အခါ၊ စိတ်လှုပ်ရှားတဲ့အခါ၊ ကြောက်တဲ့အခါ၊ ရှူးရှူး နှင့် အီးအီးတွေပါပြီးတဲ့အခါ၊ အချီခံချင်တဲ့အခါမျိူးဆို ငိုလေ့ရှိပါတယ်။
ဒါမျိူးတွေကြောင့်ငိုတာဆိုရင်တော့ ဖေဖေ မေမေတို့ စိတ်ချလို့ရပါတယ်နော်။
ဒါပေမယ့် ဖေဖေမေမေတို့ရဲ့ သားသားမီးမီလေးတွေက အဲလိုတွေကြောင့် ပုံမှန်ငိုတာမျိုးမဟုတ်ပဲ အမြဲတမ်းကိုငိုနေလို့ စိတ်ပူနေတဲ့အခါ ပြီးတော့ ခဏခဏနေမကောင်းနေလို့ စိတ်ပူနေတဲ့အခါမျိူးဆိုရင်တော့သေချာပေါက် ကလေးအထူးကုဆရာဝန်တွေနဲ့ တိုင်ပင်ဆွေနွေးပြီး သူတို့ဆီက နည်းစနစ်ကျတဲ့ ကျန်းမာရေးဆိုင်ရာအကြံဉာဏ်တွေကို ယူဖို့အရေးကြီးပါတယ်။