ဘာလို့ မိန်းကလေးတွေမှာ အဖြူ ဆင်းနေတာလဲ?
==============================
By: ဒေါက်တာပိုင်သက်အောင်
.
မိန်းကလေးတယောက် အဖြစ်မွေးဖွားလာခဲ့ရင်တော့ လတိုင်း ရာသီသွေး ဆင်းတဲ့ ကိစ္စကို ကြုံကြရမှာပါ။

ရာသီလာတာ သားသမီးရယူနိုင်တယ် ဆိုတဲ့ ဘုရားပေးတဲ့ လက်ဆောင်ဖြစ်သလို တချို့ အမျိုးသမီးတွေအနေနဲ့လဲ စိတ်ရှုပ်လေ့ရှိပါတယ်။

ဒီထက်ပိုပြီး စိတ်ရှုပ်စရာ ကောင်းတာက ရာသီ သွေးတွင် မကဘဲ အဖြူဆင်းတာပါ။

သာမာန် ကြည်တဲ့ အဖြူရောင်မျိုးတင်မကဘဲ အဖြူ ပျစ်ပျစ်တွေဆင်းတာ၊ အစိမ်းရောင်တွေ ဆင်းတာ၊ အဝါရောင်တွေပါတာ၊ အညိုဖျော့ဖျော့ရောင်ပြောင်းတာ၊ အနံ ပြင်းတာ၊ အင်္ဂါ တဝိုက်ယားယံတာ အစ ရှိသဖြင့် အမျိုးမျိုး ကြုံရနိုင်ပါတယ်။

အဖြူဆင်းတာဟာ သာမန်သားဥကြွေလို့ဆင်းတာတင်မကဘဲ ပိုးဝင်တာ၊ မှိုပေါက်တာ၊ အစရှိသဖြင့် ပြင်းထန်တဲ့ ရောဂါတွေရဲ့ ကနဦး လက္ခဏာတွေရဲ့ အစပထမ အနေနဲ့ လက္ခဏာ ပြလေ့ရှိပါတယ်။

မပေါ့ဆ သင့်ပါဘူး။
သင့်မှာ ဒီလို ရောဂါလက္ခဏာတွေ ပြနေပြီဆို ဆရာဝန်နှင့်သေချာတိုင်ပင်ပါ။

– အဖြူဆင်းတာ များတာ (ခဏခဏ ဆင်းတာ)
– အဖြူ အပျစ်ပျစ်တွေဆင်းတာ
– အဖတ်တွေပါတာ
– အလွန်ယားယံတာ, အနံပြင်းတာ
– အစိမ်းရောင်ဆင်းတာ
– အဝါရောင်ဆင်းတာ
– အညိုဖျော့ရောင်တွေဆင်းတာ

ဒါမျိုးတွေဆို ဆရာဝန်နှင့်သေချာ တိုင်ပင်ပြီး ထိရောက်တဲ့ ကုသမှုတွေ ရယူသင့်ပါတယ်။

en_US