ဘာလို့ အစာစားပြီးမှ ဆေးသောက်ရတာလဲ ?

ရေးသားသူ – Dr. Hein Thu Wai

နေမကောင်းလို့ ဆရာဝန်တွေဆီသွားပြရင် လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေလုပ်ပြီးရင် ဆေးပေးလေ့ရှိပါတယ်။ အဲ့ဒီအခါ “ဒီဆေးကို မနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ်၊ ညတစ်ကြိမ် အစာစားပြီးသောက်” ဒါမျိုးကြားဘူးကြတယ် မဟုတ်လား။

အဲ့တော့ စဉ်းစားမိမှာပဲ ဘာလို့ အစားစားပြီးမှ ဆေးသောက်ရတာလဲ ? ဗိုက်ထဲ အစာမရှိဘဲရော သောက်လို့မရဘူးလား?? ဒီလိုမျိုးစဉ်းစားမိကြတယ် မဟုတ်လား။

ဆေးအမျိုးပေါင်း များစွာ မှာ အစားစားပြီးမှ သောက်ဖို့ ညွှန်ကြားချက်တွေရှိပါတယ်။

တကယ်လို့ ဆေးကို ညွှန်ကြားချက်အတိုင်း မသောက်ဘူးဆိုရင် ဘာဖြစ်မလဲ ??
ညွှန်ကြားချက်အတိုင်း မသောက်ရင် အချို့ဆေးဝါးတွေက သောက်ပေမယ့် အကျိုးမရှိတာတွေ ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် ပိုဆိုးတာက ညွှန်ကြားတဲ့အတိုင်း မသောက်ရင် မလိုလားတဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ် တတ်ပါတယ်။ အစာစားတဲ့အချိန်၊ စားတဲ့အစာ၊ စားတဲ့ပမာဏ စတာတွေက ဆေးအပေါ် အကျိုးသက်ရောက်မှုတွေရှိပါတယ်။

ဆေးဝါးကို ခန္ဓာကိုယ်စုပ်ယူမှုအားကောင်းအောင် အစာစားလိုက်ပြီဆိုတာနဲ့ အစာလမ်းကြောင်းစနစ်မှာ ဇီဝကမ္မဖြစ်စင် ပြောင်းလဲတာတွေ အများကြီးဖြစ်ပါတယ်။

အစာလမ်းကြောင်းကို သွေးပိုရောက်မယ်။ သည်းခြေအိတ်ကနေ အရည်တွေ အစာခြေစနစ်ထဲ ပို့မယ်။ အစာခြေစနစ်လမ်းကြောင်း လှုပ်ရှားတာ တွေများတာ၊ pHအပြောင်းအလဲ ဖြစ်တာ စတဲ့ပြောင်းလဲမှုတွေ အများကြီးဖြစ်ပါတယ်။

ဒီလိုပြောင်းလဲမှုတွေက သောက်လိုက်တဲ့ဆေးအပေါ် အများကြီး သက်ရောက်ပါတယ်။
အချို့ဆေးဝါးတွေကို အစာစားပြီးမှသောက်ဖို့လိုအပ်တယ်ဆိုတာ အစာစားပြီးတဲ့အခါ အစာခြေစနစ် လမ်းကြောင်း ပြောင်းလဲတာတွေက ဆေးဝါးကို ခန္ဓာကိုယ်က စုပ်ယူတာ ပိုအားကောင်းစေပါတယ်။

အစာခြေစနစ်လမ်းကြောင်းကို ကာကွယ်အောင်နောက်ပြီး အချို့ ဆေးဝါးတွေက အစာခြေလမ်းကြောင်းကို ထိခိုက်စေတာတွေရှိပါတယ်။

ဥပမာ- asprinတို့ အကိုက်အခဲပျောက်ဆေးတို့ဆို အစာအိမ်က အက်စစ်ထွက်တာကို ပိုအားပေးတဲ့အခါ အစာအိမ်ရောင်တာ၊ အစာအိမ် အနာဖြစ်တာတွေဖြစ်တတ်ပါတယ်။

အစာခြေလမ်းကြောင်းကို ထိခိုက်စေတဲ့ဆေးတွေကို အစာစားပြီးမှသောက်ခိုင်းလေ့ရှိပါတယ်။

အစာ တွေက အူနံရံ အစာအိမ်နံရံတွေကို နံရံ တစ်ထပ် လို့ ဖြစ်ပြီး အစာခြေလမ်းကြောင်းထိခိုက်တာ ကိုကာကွယ် ပေးပါတယ်။

ဆေးတွေ အစာနဲ့ မပါသွားအောင် ပါးစပ်တို့ အာခေါင်တို့ မှာ လိမ်းရတဲ့ဆေးတို့ gel တို့ဆို အစာ စားပြီးမှ လိမ်းဖို့ ညွှန်ကြားပါတယ်။ ဒါမှသာ ဆေးတွေ လိုအပ်တဲ့နေရာမှာ ဆက်ကျန်ရှိနေမှာပါ။

ခန္ဓာကိုယ် ရောဂါအခြေအနေအရ တချို့ ဆီးချို၊သွေးချိုဆေးတွေကို အစာ စားချိန် နားမှာ သောက်ခိုင်းတတ်ပါတယ်။ ဒါမှသာ သွေးတွင်းသကြားဓာတ် အရမ်းကျတာမျိုးမဖြစ်အောင် ကာကွယ်ပါတယ်။

Name Dr. Hein Thu Wai
Degrees M.B.,B.S (UM1), DBS (YUEco), DMA I (YUEco), DIp. English (SEAMEAO)
Biography
Topic
  • အဖြစ်များသော ကျန်းမာရေးပြသာနာများအကြောင်း
Address 126, Sint Oh Dan Street, Latha, Yangon
en_US