မေမေတို့ရေ ၊ ပူပြင်းခြောက်သွေ့တဲ့ အခုလိုနွေရာသီကို ရောက်တဲ့အခါ အပူကြောင့် ဘေဘီလေးတွေ ကိုယ်ခန္ဓာမှာ မိတ်တွေ၊ ယားဖုလေးတွေ ထွက်လာတတ်ပါတယ်။
မိတ်ပေါက်တာ ဟာ အသက်အန္တရာယ် ကို မထိခိုက်စေပေမယ့် ယားလို့ ကုတ်တဲ့ဖဲ့တဲ့ အခါ ဘေဘီလေးတွေရဲ့ နုနယ်လှတဲ့ အရေပြားလေးတွေ ထိခိုက်နိုင်တာကြောင့် ဘယ်လို ပြုစုစောင့်ရှောက်ရမလဲဆိုတာ YinThway ကနေ ပြောပြပေးပါရစေရှင်။
ကလေးကို လေဝင်လေထွက်ကောင်းတဲ့ ၊ အရိပ်ရတဲ့ နေရာမှာထားပေးပါ။ နေပူထဲကို သွားတဲ့ အခါမှာ ကလေးအတွက် Mini ပန်ကာလေးတွေ ဆောင်သွားပေးပါနော်။
ပွပွချောင်ချောင်ချည်ထည်လေးတွေကို ဝတ်ဆင်ပေးပါရှင် ။ဒီရာသီ မှာ ပိုလီစတာ နဲ့ နိုင်လွန်သားတွေကဟာ အပူကို စုပ်ယူနိုင်တဲ့ အတွက် ကလေးကိုမဝတ်ဆင်ပေးသင့်ပါဘူးနော်။
မိတ်ထွက်နေတဲ့ ဘေဘီလေးတွေရဲ့ အသားအရေ ကိုအေးမြနေအောင်ထားပေးပါနော် ။ ရေချိုးပြီးရင် လည်း တဘက်တွေနဲ့ ရေသုတ်တာမျိုးမလိုပဲ သဘာဝအတိုင်းခြောက်အောင်ထားပေးပါရှင် ။တဘက် နဲ့ ရေသုတ်မိရင် ဘေဘီ လေးတွေရဲ့ မိတ်ပေါက်နေတဲ့အရေပြားလေးနာသွားနိုင်လို့ပါ။
မိတ်ကြောင့် ယားပြီး ငိုတတ်တဲ့ ဘေဘီတွေအတွက် အကောင်းဆုံးကတော့ ကာလာမိုင်း(calamine lotion) ပါရှင်(မျက်စိနေရာလေးတွေကို မထိဖို့ ဂရုစိုက်ပါ)။သနပ်ခါးလိမ်းပေးတာဟာလည်း မိတ်တွေ ကို နိုင်တဲ့ ရိုးရာနည်းတစ်ခုပါနော်။
မိတ်တွေ အခြေအနေ တော်တော်ဆိုးနေရင်တော့ ဟိုက်ဒြိုကော်တီဆုန်း(hydrocortisone cream) ကို ဆရာဝန်ခွင့်ပြုချက်ယူပြီး လိမ်းပေးနိုင်ပါတယ်ရှင်။