ဘေဘီလေးတွေ နို့ဖြတ်တဲ့ အခါ
ခေတ်သစ်မေမေတို့ရေ ၊ ဘေဘီလေးတွေကို မွေးဖွားပြီးပြီဆိုတာ နဲ့ ရင်ထဲအထိဆုံးပြဿနာတွေထဲက တစ်ခုက တော့ ကလေးကို ဘယ်လိုနို့ဖြတ်မလဲဆိုတာပါ ။ ကလေးနို့ဖြတ်နိုင်ဖို့ ဆိုတာ ကလည်း တော်တော်ခက်တဲ့ ကိစ္စတွေထဲကတစ်ခုပဲလေ။
ကလေး ကို နို့ဖြတ်တဲ့နေရာမှာတချို့ မေမေတွေကတော့ နို့သီးခေါင်းကို အခါးတွေတို့တာ၊ ရှားစောင်းလက်ပတ်တွေတို့တာ၊ ဆေးခါးကြီး တွေတို့တာ စတဲ့ နည်းတွေနဲ့ ကလေးကို နို့စို့ချင်စိတ်ကုန်သွားအောင်လုပ်တတ်ကြပါတယ်။
ကလေးတွေကလည်း ပန်ကာလေးတွေဆိုတော့ ရှေးနည်းတွေသုံးရင်တောင် ပါးပါးနပ်နပ် နဲ့ နို့ရအောင်စို့တတ်တာလေးတွေလည်း တွေ့ရလေရဲ့။
မိခင်နို့သည်သာ ရင်သွေးလေးတွေအတွက်အကောင်းဆုံးပါနော်၊ ဒါပေမယ့် ခေတ်သစ်မေမေတွေ ဆိုတော့ အလုပ်သွားရမှာ၊ ခရီးရှည်သွားရမှာ စသည်ဖြင့် မဖြစ်မနေလုပ်ဆောင်ရမယ့် ကိစ္စတွေ၊ ဘယ်လိုမှမိခင်နို့တိုက်လို့မရနိုင်တဲ့ ကိစ္စတွေရှိမှသာ မိခင်နို့ကို ဖြတ်သင့်ပါတယ်နော်။
ကလေး အသက် ၆လအထိ မိခင်နို့ တစ်မျိုးတည်းပဲတိုက်ရပါမယ်၊ ထို့နောက် ၂နှစ် – ၂နှစ် ကျော်ကျော်လောက်ထိ ဖြည့်စွက်စာလေးနဲ့တွဲပြီး ဆက်တိုက်ရပါမယ်နော်။