မကြာခဏသွေးပေါင်ချိန်ကျနေတာစိုးရိမ်ရလား?
ရေးသားသူ – ဒေါက်တာ ခင်ဆွေသန်း (M.B.B.S)
ပုံမှန်တစ်ခါတစ်ရံသွေးပေါင်ချိန်ကျခြင်းအများစုမှာ အရမ်းမစိုးရိမ်ရသောအခြေအနေများကြောင့်အဖြစ်များသော်လည်း အမြဲလိုလိုသွေးပေါင်ချိန်ကျနေပါက အကြောင်းအရင်းကိုရှာရန်လိုအပ်ပါသည်။
သွေးပေါင်ကျခြင်းသည်လူတိုင်းကြုံတွေ့ဖူးနိုင်သည့်အခြေအနေတစ်ခုဖြစ်ပါသည်။
အများစုသိရှိကြသောသွေးပေါင်ချိန်တိုင်းတာခြင်းဆို သည် မှာ
အပေါ်သွေး သည် နလုံးထဲသို့သွေးများရောက်လာချိန်နှလုံးခုန်ချိန်တွင် သွေးကြောများအပေါ်ရှိဖိအားတိုင်းတာမှုဖြစ်ပြီး အောက်သွေးသည် နှလုံးခုန်တစ်ချက်ပြီးတစ်ချက်အကြား နှလုံးအနားယူချိန်တွင်သွေးကြောများအပေါ်ရှိဖိအားတိုင်းတာမှုဖြစ်သည်။
ပုံမှန်သွေးပေါင်ချိန်သည် လူ အများစုတွင် ၁၂၀/၈၀ ဖြစ်သော်လည်း တစ်ဦးနဲ့တစ်ဦးပုံမှန်သွေးပေါင်ချိန်မှာအမျိူးမျိူးကွာခြားနိုင်သည်ကို သတိပြုသင့်ပါသည်။
အပေါ်သွေး ၉၀ / အောက်သွေး ၆၀ အောက်ရောက်လျှင်သွေးပေါင်ချိန်ကျခြင်းဟုယူဆကြပါသည်။
- ခေါင်းမူးခြင်း၊
- ခေါင်းရိတ်ခနဲဖြစ်ခြင်း၊
- ထိုင်ရာမှ ထချိန်၊ ထရာမှထိုင်ချိန် ပုံစံအပြောင်းအလဲ များတွင် ရုတ်တရတ် အမြင်အာရုံဝေဝါးခြင်း ၊
- မျက်လုံးများပြာ သွားခြင်း
- စသည်ဖြင့်ခံစားရလျှင်မူ သွေးပေါင်ချိန်ကျခြင်း ဖြစ်နိုင်ပါသည်။
- သွေးပေါင်ချိန်ကျရခြင်းအကြောင်းအရင်းအမျိူးမျိူးရှိပါသည်။
- ကိုယ်ဝန်ရှိခြင်း
- ဟော်မုန်းဆိုင်ရာရောဂါ ( သိုင်းရိုက်ဂလင်း ၊ ဆီးချို )
- သွေးတွင်းအချိူကျခြင်း
- အချို့သောဆေးများ
- အသက်အရွယ်ကြီးခြင်း
- နှလုံးကြွက်သားညစ်အားမကောင်းခြင်း
- နှလုံးခုန်ချက်မမှန်ခြင်း
- အသည်းရောဂါ
- အပူရှပ်ခြင်း
- နာတာရှည်ရောဂါအခံတစ်ခုခုရှိခြင်း
- ခန္ဓာကိုယ်အတွင်း အရည်ဓာတ်ခမ်းခြောက်ခြင်း သို့ အရည်ဓာတ်ဆုံးရှုံးခြင်း
- သွေးအားနည်းခြင်း
- သွေးပိုးဝင်ခြင်း
- လှုပ်ရှားမှုနည်းခြင်း
စသည့်အခြေအနေများခံစားရချိန်တွင်သွေးပေါင်ကျလေ့ရှိပါသည်။
မည်သည့်အကြောင်းအရင်းကြောင့် သွေးပေါင်ချိန်ကျခြင်းဖြစ်သည်ကိုမူ ဆရာဝန်နှင့် စစ်ဆေးဆုံးဖြတ် တိုင်ပင်ခြင်းမှ သိရှိနိုင်ပြီး လိုအပ်သလို ကုသမှုခံယူရမည်ဖြစ်ပါသည်။
ထို့ကြောင့်အထက်ပါသွေးပေါင်ချိန်ကျခြင်းလက္ခဏာများခံစားနေရပြီဆိုလျှင် သွေးပေါင်ချိန်တိုင်းကြည့်သင့်ပါသည်။ သွေးပေါင်ချိန်ကျနေလျှင်
- ရေများများသောက်ခြင်း
- အရက်သောက်ခြင်းမှရှောင်ရှားခြင်း
- လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း
- ထိုင် ခြင်း ထခြင်း အနေအထိုင်ပုံစံပြောင်းရာတွင်ဖြေးဖြေးပြုလုပ်ခြင်း
များကို ပြုလုပ်ခြင်းဖြင်သက်သာမှုရရှိနိုင်ပါသည်။
သို့သော်
- ကယောင်ကတမ်းပြောခြင်း
- ခြေဖျားလက်ဖျားအေးစက်လာခြင်း
- အသက်ရှုပုံမမှန်မြန်ဆန်ခြင်း
စသည်ခံစားရလျှင်မူ နီးစပ်ရာဆေးခန်း ဆေးရုံသို့ ချက်ခြင်းသွား၍စစ်ဆေးကြည့်ရမည်ဖြစ်ပါသည်။

Name | ဒေါက်တာ ခင်ဆွေသန်း (M.B.B.S) |
---|---|
Degrees | M.B.,B.S (ygn) |
Biography |
ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ။ Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။ Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။ |
Topic |
အထွေထွေကျန်းမာရေးဆိုင်ရာ ပြဿနာများ ကလေးကျန်းမာရေးဆိုင်ရာပြဿနာများကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ |
Address | Parami General Hospital, Yangon |