မတော်တဆအဆိပ်သင့်ခြင်း ဘေးအန္တရယ်နည်းစေရန်အတွက် ဆောင်ရန်၊ရှောင်ရန်များ

ကလေးတွေဟာစူစမ်းလိုစိတ်တွေများတတ်ကြပါတယ်။

လူကြီးတွေကိုအတုခိုးလိုက်လုပ်ရတာလည်းသဘောကျတတ်ကြပါတယ်။

ဒီတစ်ပတ်မှာတော့ ဘေးဖြစ်စေနိုင်တဲ့ ဆေးဝါး၊အိမ်သုံးပစ္စည်းတွေကို မတော်တဆ သောက်မိခြင်း၊စားမိခြင်းတို.ကြောင့် အဆိပ်သင့်ခြင်း မဖြစ်အောင်ဘယ်လိုကာကွယ်သင့်တယ်ဆိုတဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

  • ဆေးဝါးများအားလုံးကို သော့ခတ်ထားသော ဗီဒို (သို.မဟုတ်) အံဆွဲတွင်သာသိမ်းပါ။ဒါမှမဟုတ်ကလေး လက်လှမ်းမမှီနိုင်၊ယူ၍မရနိုင်သောနေရာတွင်သာထားပါ။
  • သင့်ပိုက်ဆံအိတ်၊လက်ဆွဲအိတ်များထဲတွင် လက်သည်းဖျက်ဆေးကဲ့သို. အဆိပ်အတောက်ဖြစ်စေတတ်သောပစ္စည်းများမထည့်ထားပါနှင့်။
  • အခြားသူများ၏လက်ကိုင်အိတ်များကိုလည်းကလေးဖွင့်ပြီးမယူစေရန် သတိထားပေးပါ။

သောက်ဆေးများကို ကလေးများအလွယ်တကူဖွင့်လို.မရသော ပုလင်းအဖုံးပါသည့်ပုလင်းများဖြင့်သိမ်းဆည်းပါ။(မည်သို.ပင်ဖြစ်စေ ထိုပုလင်းများကိုလည်း သော့ခတ်နိုင်သောနေရာတွင်သာသေချာသိမ်းဆည်းပါ။)

  • ဆရာဝန်ညွန်ကြားထားသောဆေးများမကုန်သေးပါက ကျန်ရှိဆေးများကို သေချာသိမ်းဆည်း (သို.)စွန့်ပစ်ပါ။

ဆီးချိုကျဆေး၊သွေးကျဆေး စသည်ဖြင့် အိမ်ရှိလူကြီးများသောက်သည့်ဆေးများကို ကလေးများယူသောက်မိပါက သွေးတွင်းသကြားဓာတ်များ ကျဆင်းပြီး သတိလစ်သည်ထိဖြစ်နိုင်ခြင်း၊သွေးပေါင်များကျလာခြင်းစသဖြင့် အန္တရာယ်ဖြစ်စေနိုင်ပါသည်။

  • ကလေးများရှေ့တွင်ဆေးမသောက်ပြပါနှင့်။ ကလေးများသည်လူကြီး၏အပြုအမူများကို အတုခိုးလိုက်လုပ်တတ်ပါသည်။
  • ကလေးကို ဆေးသောက်ဖို.ချော့မြူတဲ့အခါ ဒါကဆေးမဟုတ်ဘူး သကြားလုံးလေးကျွေးတာ အစရှိသဖြင့် ကလေးထင်မှတ်မှားအောင် မပြောပါနှင့်။
  • တချို.ကလေးများသည် ဆေးမကြောက်တတ်ပါ။ လူကြီးများမရှိလျှင်ယူသောက်တတ်ပါသည်။
  • ကလေးအားဆေးများသည်လည်း ချိုပြီး ကလေးတို.နှစ်သက်ဖွယ် အရောင် ပုံသဏာန်အမျိုးမျိုးရှိတာကြောင့် လက်လှမ်းမမှီပါစေနှင့် အများကြီးယူသောက်မိတတ်ပါသည်။
  • ကလေးကိုဆေးတိုက်ဖို.လိုတိုင်းမှာအညွှန်းကိုသေချာပြန်ကြည့်ပါ။ဆေးမှန်သလား၊ တိုက်သည့်ပမာဏမှန်သလား၊ အကြိမ်အရေအတွက်မှန်သလား စသည်တို.ကို အခေါက်တိုင်းတွင်သေချာစစ်ပြီးမှတိုက်ပါ။
  • အထူးသဖြင့်ညပိုင်းအလင်းရောင်အားနည်းနေချိန်တွင်ဆေးမှားတိုက်နိုင်ချေပိုများသောကြောင့်ဆေးတိုက်တိုင်းမှာ labelများသေချာမြင်ရစေရန် အလင်းရောင်ကောင်းစွာရရှိနေပါစေ။
  • အိမ်သုံးပစ္စည်းများဥပမာဆပ်ပြာဆီ၊အစွန်းချွတ်ဆေးစသည်တို.ကိုဝယ်ယူရာတွင်လည်းတတ်နိုင်သလောက် ဘေးကင်းသောပစ္စည်းများကိုသာရွေးချယ်ဝယ်ယူပါ။
  • အမှန်တကယ်အသုံးပြုသည့်ပမာဏကိုသာဝယ်ယူပြီးအပိုများစွာဆောင်မထားပါနှင့်။ဖြစ်နိုင်လျှင်ထိုပစ္စည်းများကိုလည်းသော့ခတ်နိုင်သော ဗီဒို၊အံဆွဲ့များတွင်သိမ်းထားပြီးအသုံးလိုမှသာထုတ်ယူပါ။
  • အဆိပ်ဖြစ်စေနိုင်သော အရက်ပျံ၊ အစွန်းချွတ်ဆေး၊ အပင်ပိုးသတ်ဆေး၊ ဓာတ်ဆီ၊ ရေနံဆီ စသည်တို.ကိုအစားအသောက်ထည့်သောပုလင်းအလွတ်များဘူးများ၊အအေးပုလင်းအခွံများထဲတွင်မထည့်ပါနှင့်။သောက်နေကျအအေးထင်ပြီး သောက်မိတတ်ကြသည်ကို မကြာခဏတွေ.ရပါသည်။
  • သင့်အိမ်တွင်အသုံးပြုသော ဂက်စ်မီးဖို၊ ရေနံဆီမီးဖို၊ဒီဇယ်မီးဖို အစရှိသည်တို.ကို အမြဲစစ်ဆေးနေပါ။ကလေးကိုအနီးနားတွင်မနေပါစေနှင့်။
  • တစ်စုံတစ်ရာ အရေးပေါ်ဖြစ်ပွားပါက ဆက်သွယ်နိုင်ရန်ဖုန်းများ ၊အကူအညီများကို မိမိဖုန်းထဲတွင်ထည့်ထားပါ။
  • ကလေးကိုပြုစုစောင့်ရှောက်မည့်သူအားလုံးကိုလည်းလိုအပ်လျှင်ဆက်သွယ်ရန် နံပါတ်များကို သိနေအောင်ပြောထားပါ။

ပျော်ရွင်ကျန်းမာပြီး အန္တရာယ်ကင်းသော အိမ်ဂေဟာဖြစ်ပါစေကြောင်းမေတ္တာဖြင့်။

en_US