ခေတ်သစ်မေမေတို့ရေ …..

ရင်သွေးငယ်ကို မိခင်နို့တိုက်ကျွေးခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။ ကလေးကို အသက် (၆) လ အရွယ်ထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးပြီး အခြားသောနို့တွေ၊ အစားအသောက်တွကိုတော့ မကျွေး ကြဖို့ ကျန်းမာရေးပညာရှင်များက အကြံပြုထားကြပါတယ်။

ကလေး (၆)လသားအရွယ်လောက်ကနေစပြီး အစာစကျွေးနိုင်ပြီး မိခင်နို့ကိုလည်း ကလေး (၁)နှစ်နဲ့ အထက်ထိ ဆက်လက်တိုက်ကျွေးနိုင်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းကြောင့် ကလေးရဲ့ အသက်(၂)နှစ်နဲ့ နောက်ပိုင်းမှာ ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ ကလေးကို အချိန်ကြာကြာ မိခင်နို့တိုက်ကျွေး လေ၊ ကျန်းမာစေဖို့အကျိုးကျေးဇူးပိုများလေပဲဖြစ်ပါတယ်။

ကလေးကို မိခင်နို့တိုက်ကျွေးသွားဖို့ သင်နဲ့သင့်မိသားစုက ဆုံးဖြတ်ချက်မချရသေးဘူးဆိုရင်တော့ ရက်သတ္တပတ်အနည်းငယ်လောက်ထိ ကြိုးစားပြီးတိုက်ကျွေးကြည့်သင့်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပတ် သက်ပြီး ပိုပြီးအသေးစိတ်သိရှိလိုတဲ့အခါ ကျန်းမာရေးအကြံပြုနိုင်တဲ့ပညာရှင်တွေနဲ့ အသေးစိတ်တိုင်ပင် ဆွေးနွေးကြည့်သင့်ပါတယ်။

ရင်သွေးငယ်ကို မိခင်နို့တိုက်ကျွေးခြင်းကြောင့် ကလေးရော၊ မိခင်မှာပါ ကျန်းမာရေးအကျိုးကျေးဇူး တွေရရှိနိုင်ပါတယ်။

မိခင်နို့တိုက်ကျွေးခြင်းကြောင့် ကလေးတွင်ရရှိစေမည့် အကျိုးကျေးဇူးများ

  • မိခင်နို့က ကလေးရဲ့ ပထမဦးဆုံးခြောက်လအတွက် ကလေးမှာ လိုအပ်သမျှ အာဟာရတွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။
  • ကလေးကို ကူးစက်ပိုးဝင်ရောက်မှုတွေကနေ ကာကွယ်ပေးပါတယ်။
  • အခြားသောနို့အမျိုးမျိုးထက် မိခင်နို့က ကလေးအတွက် ပိုပြီးအစာကြေလွယ်စေပါတယ်။
  • မိခင်နို့တိုက်ကျွေးစဉ် မိခင်နဲ့ကလေးမှာ ထိတွေ့မှုပိုများစေပြီး မိခင်နှင့်ကလေးကြား တွယ်တာနှောင်ဖွဲ့မှု၊ သံယောဇဉ် ပိုမိုနက်ရှိုင်းစေပါတယ်။
  • အရွယ်ရောက်ကြီးပြင်းလာတဲ့နောက်ပိုင်း အဝလွန်နိုင်ခြေနဲ့ ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို လျော့နည်း စေပါတယ်။
  • ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေပါတယ်။ IQစွမ်းရည်မြင့်မားစေတဲ့အပြင် မေးရိုးဖွံ့ဖြိုးမှုလည်း ပိုကောင်းစေပါ တယ်။ သွားတွေပိုးစားထိခိုက်မှုနည်းစေပြီး သွားတွေရည်ရှည်ခိုင်ခံ့လှပစေပါတယ်။

မိခင်နို့တိုက်ကျွေးခြင်းကြောင့် မိခင်တွင်ရရှိစေမည့် အကျိုးကျေးဇူးများ

  • မီးဖွားပြီးနောက်ပိုင်း သွေးဆင်းခြင်းကိုနည်းစေပြီး သားအိမ်ကိုမူလအတိုင်းပြန်ကျန်းမာစေဖို့ ကူညီပေးပါ တယ်။
  • ကိုယ်ဝန်မဆောင်ခင်က ကိုယ်အလေးချိန်တိုင်း ပြန်ဖြစ်ဖို့ ပိုပြီးမြန်ဆန်စေပါတယ်။
  • မီးဖွားပြီးနောက် မျိုးဥကြွေမှုပြန်လည်စတင်ခြင်းကို ကြန့်ကြာစေပါတယ်။ တနည်းအားဖြင့် ဓမ္မတာပြန် မလာသေးတဲ့မိခင်မှာ ကိုယ်ဝန်ထပ်မရစေဖို့ ကာကွယ်ပေးပါတယ်။
  • ကင်ဆာရောဂါတွေ ဖြစ်ပွားနိုင်ခြေကိုလည်း လျှော့နည်းစေပါတယ်။
  • အရိုးတွေကို ပိုမိုသန်မာစေပါတယ်။

မိခင်နို့တိုက်ကျွေးခြင်းကြောင့် မိသားစုတွင်ရရှိစေသည့် အကျိုးကျေးဇူးများ

  • မိခင်နို့စို့ရတဲ့အတွက် ကလေးကကျန်းမာရွှင်လန်းနေပြီး ဆေးရုံ၊ ဆေးခန်းအပြရနည်းစေကာ ဆေးဝါးမှီဝဲ ရမှုလည်း နည်းစေပါတယ်။
  • နို့ဘူးတိုက်တာထက် မိခင်နို့တိုက်ကျွေးတာက ကုန်ကျစရိတ်ပိုမိုသက်သာစေပါတယ်။
  • မိခင်နို့တိုက်ကျွေးတာက ဘေးကင်းစိတ်ချရပြီး မိသားစုအတွက်လည်း အချိန်ကုန်လူပင်ပန်း သက်သာ စေပါတယ်။

မေမေတစ်ယောက်အနေနဲ့
သားသားမီးမီးလေးရဲ့ မှန်ကန်ကောင်းမွန်တဲ့ အာဟာရကျွေးမွေးမှု ၊ ကလေးပြုစုစောင့်ရှောက်ရေးစတာတွေ အတွက် စိတ်ပူတတ်တာ ထုံးစံပါပဲ..

en_US