မိခင် နို့တိုက်ခြင်းနှင့် ကောင်းကျိုးများ

မိခင်နို့တိုက်ကျွေးခြင်းက မေမေတို့ရဲ့ ရင်သွေးလေးတွေ အတွက်သာမက မေမေတွေ အတွက်ပါအရမ်းကို အကျိုးရှိလှပါတယ်နော်။ ဘယ်လို အချက်တွေမှာ အကျိုးပြုလည်းဆိုတာကို တော့ အောက်မှာ ဆက်ဖတ်ကြည့်လိုက်ပါနော်။

ကလေးငယ်လေးများအတွက် အရေးပါမှု

  • မိခင်နို့တိုက်ကျွေးခြင်းက ကလေးငယ်လေးများရဲ့ အသားအရည် ယားယံခြင်း၊ ဓာတ်မတည့်ခြင်းများအတွက် အထူး ကာကွယ်ပေးပါတယ်။
  • မေမေတို့ရဲ့ ရင်သွေး လေးများ အစာမကြေဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ကို လည်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။
  • မိခင်နို့မှာ ခန္ဓာကိုယ်အတွက် ခုခံနိုင်တဲ့ ဓာတ်တွေ အလုံအလောက်ပါရှိတာကြောင့် ကလေးငယ်လေးများ အလွယ်တကူ ရောဂါပိုးဝင်ခြင်းမှ လည်း ကာကွယ်ပေးပါတယ်နော်။
  • မိခင်နို့တိုက်ကျွေးထားသော ကလေးငယ်လေးများ က ငယ်ငယ်လေးနဲ့ ဆီးချို ဖြစ်နိုင်ချေ ၊ အဝလွန်ရောဂါ ဖြစ်နိုင်ချေ အလွန်နည်းပါးသွားပါတယ်။
  • မိခင်နို့တိုက်ထားသော ကလေးငယ်လေးများက ပိုပြီးတော့ လည်း ဉာဏ်ရည် ဉာဏ်သွေး မြင့်မားကြောင်းကို လေ့လာတွေ့ရှိရပါတယ်။
  • မိခင်နို့တိုက်ကျွေးခြင်းဖြင့် ကလေးငယ်လေးနဲ့ မေမေတို့ကြားမှာ လည်း ပိုပြီး ရင်းနှီးမှုရရှိလာပါတယ်။

မေမေ များအတွက် အရေးပါမှု

  • မိခင်နို့တိုက်ကျွေးခြင်းက ကလေးတွေ အတွက်ဘဲ ကောင်းကျိုးတွေ ရတာမဟုတ်ဘဲ မေမေများအတွက်လည်း ကောင်းကျိုးတွေရနိုင်ပါတယ်။
  • နို့တိုက်ခြင်းက မေမေတို့အတွက် မွေးပြီး အချိန် အဝလွန်ခြင်းမှ ကာကွယ်ပေးပါတယ်။
  • မေမေတို့ နို့ပုံမှန် တိုက်ပေးခြင်းက အရိုးပွခြင်း ၊ အရိုးပါးခြင်းတို့ကို လည်း ကာကွယ်ပေးပါတယ်။
  • ကလေးမွေးပြီးပြီး ခြင်းနို့ပုံမှန်တိုက်ပေးခြင်းက လည်း သဘာ၀ တားဆေးတစ်ခု အဖြစ်ဆောင်ရွက်ပေးပါသေးတယ်။
en_US