မိမိကိုယ်မိမိအဆုံးစီရင်ခြင်း (Suicide) အကြောင်းနှင့် ပတ်သက်ပြီး စိတ်ကျန်းမာရေးအထူးကုဆရာဝန် ဒေါက်တာ ထိန်လင်းအောင်မှ ရေးသားထားသည်ကို MyanCare မှ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

Suicide ဟာ ကာကွယ်လို့ရပေမဲ့ ဖြစ်ပွားနှုန်းများတဲ့အတွက် ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ခုလို ဖြစ်နေပါတယ်။

Suicide အကြောင်း သိထားတာဟာ ကာကွယ်ဖို့နည်းလမ်းကောင်း တစ်ခုဖြစ်လို့ သိထားသင့်ပါတယ်..

မိမိကိုယ်မိမိသတ်သေနှုန်းက_ဘယ်လောက်အဖြစ်များလဲ

WHO ရဲ့ ဖော်ပြချက်အရ ကမ္ဘာပေါ်မှာ နှစ်စဉ် လူပေါင်း ၈၀၀,၀၀၀ နီးပါးဟာ Suicide လုပ်ပြီး သေဆုံးနေကြပါတယ်။

ဒါဟာ စက္ကန့် ၄၀ တိုင်းမှာ တစ်ယောက်နှုန်း သတ်သေနေတယ်လို့ ပြောလို့ ရပါတယ်။

ကမ္ဘာမှာ အယောက် ၁၀၀,၀၀၀ မှာ ၁၁.၄ ယောက်နှုန်း မြန်မာနိုင်ငံမှာ အယောက် ၁၀၀,၀၀၀ မှာ ၁၃.၁ ယောက်နှုန်း လောက်ရှိပါတယ်။

အရွယ်ကောင်းဖြစ်တဲ့ အသက် ၁၅ ကနေ ၂၉ နှစ်အရွယ် သေဆုံးမှုတွေကိုကြည့်လိုက်ရင်လဲ Suicide က ဒုတိယနေရာကနေ ဦးဆောင်နေပါတယ်။

Australia နိုင်ငံမှာ Covid-19 ကပ်ရောဂါကြောင့် လူမူရေး၊ စီးပွားရေးထိခိုက်ကာ Suicide rate ၅၀%ခန့် မြှင့်တက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်..

အမျိုးသားနဲ့အမျိုးသမီးမှာSuicideနဲ့ပတ်သတ်ပြီးဘာတွေကွာခြားသလဲ

မြန်မာနိုင်ငံမှာ Suicide လုပ်တဲ့သူတွေကိုကြည့်လိုက်ရင် ၇၀%ကျော်ဟာ ယောကျာၤးတွေဖြစ်ပြီး ၃၀%အောက်က အမျိုးသမီးတွေဖြစ်ကြပါတယ်။

သတ်သေဖို့ကြိုးစားကြတဲ့အရေအတွက်မှာ အမျိုးသမီးက ပိုများပါတယ်။ ဒါပေမဲ့ အမျိုးသမီး ၃ယောက်မှာ ၁ယောက်ကပဲ တကယ်သေဆုံးပြီး အမျိုးသားမှာတော့ သတ်သေဖို့ကြိုးစားလိုက်တာနဲ့ အောင်မြင်သွားတာများပါတယ်။

အမျိုးသားတွေကသေဖို့လုံလောက်တဲ့ ပြင်းထန်တဲ့ နည်းလမ်းတွေကို အသုံးပြုကြတာရယ်၊ ခံစားချက်တွေကို ရင်ဖွင့်လေ့မရှိဘဲ တစ်ယောက်ထဲစိတ်ဖိစီးမှုခံရင်း မဖြစ်သင့်တာတွေ ဖြစ်သွားတယ်လို့ ယူဆရပါတယ်။

ဘယ်လိုနည်းလမ်းတွေ_သုံးလေ့ရှိကြလဲ

WHO ရဲ့ တွေ့ရှိချက်တွေအရ သတ်သေမှုများမှာ

  • ကြိုးဆွဲချသေတာ ၇၁.၃%
  • အဆိပ် သို့ ဆေးအလွန်အကျွံ့သောက်သေတာက ၂၀.၅%
  • ထိခိုက်နာကြင်အောင်လုပ်ပီးသေတာက ၃.၁ %
  • ရေထဲခုန်ချသေတာက ၂.၇% ၊
  • အဆောက်အဦးပေါ်ကခုန်ချသေတာက ၁.၃%၊
  • သေနတ်နဲ့အဆုံးစီရင်တာက ဝ.၅% ရှိတာကို တွေ့ရပါတယ်။

ဘာတွေကြောင့်_မိမိကိုယ်မိမိအဆုံးစီရင်ကြတာလဲ

Suicide case တွေကို သုံးသပ်ကြည့်လိုက်တဲ့အခါ အဓိက အချက် ၂ချက်ကို တွေ့ရပါတယ်

  • လုံးဝမျှော်လင့်ချက်ကင်းမဲ့ပီလို့ ခံစားရရင်ဖြစ်စေ
  • ခိုးကိုးရာမဲ့တယ်လို့ ခံစားသွားရရင်ဖြစ်စေ
  • သတ်သေလေ့ရှိတာ များပါတယ်…
  • မျှော်လင့်ချက်ကင်းမဲ့တဲ့ ခံစားချက်ကြောင့်က အဖြစ်အများဆုံးပါပဲ…

သတ်သေသွားကြသူအများစုဟာ စိုးရိမ်စိတ်လွန်ကဲနေတာ၊ စိတ်ဓါတ်တွေ အလွန်အမင်း ကျဆင်းနေတာ၊ မျှော်လင့်ချက်ကင်းမဲ့နေကြတဲ့သူတွေ၊ အရက်စွဲ မူးယစ်ဆေးစွဲနေတဲ့သူတွေ ဖြစ်နေတတ်ပါတယ်။

နာတာရှည်ရောဂါသည်တွေနဲ့ ကုသမရနိုင်တော့တဲ့ ရောဂါသည်တွေဟာလဲ ဝေဒနာ မခံစားချင်တော့လို့ သတ်သေတတ်ကြပါတယ်။

ကိုယ့်အချစ်ဆုံးသူတစ်ယောက်ယောက်ဆုံးပါးသွားရင်လဲ စိတ်ထိခိုက်ပြီး လုပ်တတ်ပါတယ်။

တချို့တလေကလဲ ပစ်ပယ်ခံရတဲ့အတွက် သူတို့သေသွားတဲ့အခါ ကျန်ခဲ့တဲ့သူတွေ နောင်တရအောင်၊ နာကျင်အောင်အတွက် ရည်ရွယ်ပြီး လုပ်သွားတတ်ကြပါတယ်။

မြန်မာမှာတော့ သတ်သေသူအများစုက စီးပွားပျက်လို့၊ အကြွေးတင်လို့ သတ်သေကြတာများပါတယ်။

ဒါကတော့ Suicide နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေဖြစ်ပါတယ်။

Name ဒေါက်တာ ထိန်လင်းအောင်
Degrees M.B.B.S | M.Med.Sc (Mental Health)
Biography ၂၀၀၈ ခုနှစ်တွင် M.B., B.S ဘွဲ့ ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် M.Med.Sc (Mental Health)ဘွဲ့ ကိုရရှိခဲ့ပါသည်။ ၂၀၁၉ ခုနှစ်မှစ၍ Dr.Med.Sc (Mental Health) ကိုတက်ရောက်သင်ကြားနေပါသည်။
Topic
  • အရက်နှင့် မူးယစ်ဆေးဝါးစွဲလန်းသည့် ပြဿနာများ
  • စိတ်ကျဝေဒနာများ၊ စိတ်ကြွစိတ်ကျ ဝေဒနာများ
  • စိုးရိမ်စိတ်လွန်ကဲသည့် ဝေဒနာများ
  • စိတ်ဖောက်ပြန်ခြင်းများ အစရှိသည့်စိတ်ရောဂါများအပြင်
  • အိမ်ထောင်ရေးဆိုင်ရာပြဿနာများ
  • ခံစားမှုပိုင်းဆိုင်ရာပြဿနာများနှင့်သောက်သုံးနေရသည့် စိတ်ပိုင်းဆိုင်ရာဆေးဝါးများအကြောင်း

သိလိုသည်များကို ယုံကြည်စိတ်ချစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

Address Hepta Mental Health Clinic, Yangon
en_US