မိမိရင်သွေးငယ်လေးများကို ခွေးအကိုက်မခံရအောင် ဘယ်လို မျိူး သတိထားပေးရမလဲ။

မိဘများအနေနဲ့ ပိုးမွေးသလို မွေးထားတဲ့ မိမိရင်သွေးငယ်လေးများကို ခွေးလေးတွေနဲ့ အတူ ဆော့ကစားတဲ့ အခါ အကိုက်မခံရအောင် ဘယ်လို အချက်လေးတွေကို သတိထားပြီး မှာထားဖို့ လိုမလဲ ဆိုတာ ပြောပြပေးမယ်နော်။

ခွေးလေးတွေဆို တာ မိသားစုနဲ့အရင်းနှီးဆုံး တိရစ္ဆာန်လေးတွေဖြစ်သလို အခန့် မသင့်ရင် မသင့်သလို ကိုယ့် ကလေးငယ်လေးတွေကို အန္တာရာယ်လည်း ပေးနိုင်တယ်ဆိုတာ ကိုသတိပေးထားရပါမယ်။ အဲ့ဒါကြောင့်ခွေးလေးတွေကို ညင်ညင်သာသာ ကိုင်တွယ်ဖို့ကို အမြဲမှာပေးရပါမယ်။

ဒီအချက်က တော့ ခွေးချစ်တတ်တဲ့ ကလေးတွေကို ပိုပြီး ဂရုတစိုက်မှာပေးဖို့လိုပါမယ်။ အဲ့ဒါက ကိုယ့်အိမ်မှာမွေးထားတဲ့ ခွေးလေးတွေ ရှိတယ်ဆိုရင် အိမ်က ခွေးလေးကို ခေါ်သလို အခြားအိမ်က ခွေးလေးတွေဘဲ ဖြစ်ဖြစ် လမ်းမှာတွေ့တဲ့ ခွေးလေးတွေကိုဘဲဖြစ်ဖြစ် လက်လွတ်စပယ် မခေါ်ဖို့နဲ့ ခေါ်ချင်ပြီဆိုရင်လည်း ခွေးအနားမှာ ထိန်းပေးနိုင်တဲ့ လူကြီးတစ်ယောက်ယောက် ရှိမှ ခေါ်ဖို့ ကို မှာထားရပါမယ်။

အပြင်မှာ တွေ့တဲ့ ချစ်စရာ ကောင်းတဲ့ ခွေးလေးတွေကို ကိုင်ချင်တယ် ပွတ်ပေးချင်တယ် ဆိုရင် ပိုင်ရှင် ရှိမရှိ အရင်ကြည့်တတ်တဲ့ အလေ့အကျင့်လေး သင်ပေးထားပါ ။ ပိုင်ရှင် မရှိဘဲ ခွေးလေးတွေကိုကိုင်ချင်တယ်ဆို ကိုယ့် မိဘ၊ ဆရာမတွေကို ခွင့်တောင်းပြီးမှ ကိုင်တတ်ဖို့ သင်ပေးထားဖို့လိုပါတယ်။ ပိုင်ရှင် ရှိတယ်ဆိုရင်တော့ ပိုင်ရှင်ကို ခွင့်တောင်းဖို့လိုပါမယ်နော်။

ခွေးလေးတွေ ရှေ့ မှာ မျက်စိမနောက်အောင် မဆော့ကစားဖို့ ၊ ကိုယ့်နောက်ကို ခွေးလေးတွေ ပြေးလိုက်လာရင်လည်း အရမ်းမပြေးဘဲ ငြိမ်ငြိမ်လေးရပ်နေပေးဖို့ မှာထားဖို့ လိုပါတယ်နော်။

ခွေးအကိုက်ခံရပြီဆိုရင်လည်း ဆရာဝန်နဲ့ သေသေချာချာ ဆွေးနွေးကုသဖို့လိုပါတယ်။ မိမိအိမ်က ခွေးလေးက ကိုက်တယ်ဆိုလည်း သူ့ကို ဘယ်တုန်းက နောက်ဆုံး ခွေးရုးကာကွယ်ဆေးထိုးဘူးလဲ ၊ ဒီရက်ပိုင်း အဲ့ခွေးလေးရဲ့ အခြေအနေကနေ ကရော ဘယ်လိုလဲဆိုတာ ကို မိဘတွေ အနေနဲ့ သိထားပေးရပါမယ်။

အကယ်၍များ မိမိရင်သွေးလေးက ခွေး အကိုက်ခံရပြီဆို အနာကို ပိုးမဝင်အောင် သေသေချာချာ ဆေးကြောပြီး သွေးထွက်နေတဲ့ နေရာကို အဝတ်သန့်သန့်လေးနဲ့ သန့်ရှင်းရေးလုပ်ထားရပါမယ်။ ပြီးရင် တတ်ကျွမ်းတဲ့ ဆရာဝန်တွေ ရဲ့ ညွှန်ကြားချက်အတိုင်းလိုက်နာဖို့ လိုပါတယ်။

en_US