မီးပိုး​ကောင် (Rove Beetle) တို့ရဲ့အန္တရာယ် ​က​နေ အမြန်ဆုံးကာကွယ်ဖို့ သတိရှိဖို့လိုတယ်​နော်။အ​ကောင်​သေး​ပေမယ့် အဆိပ်ပြင်းပါတယ်​နော်။ အားလုံးသတိထားကြပါ ။

ရေးသားသူ : ဒေါက်တာရွှေရည်၀င်း

မီးပိုး​ကောင် အကိုက်ခံရမှ မဟုတ်ပါဘူး… သူ့ဆီကအဆိပ်ရည်တစ်မျိုးနဲ့ အ​ရေပြားနဲ့ထိ​တွေ့ခဲ့မိရင်လဲ အကိုက်ခံရသကဲ့သို့ ​ဝေဒနာပြင်းထန်စွာခံစားရတတ်ပါတယ်။

Rove Beetle ဟာ သူ့ကိုယ်သူကာကွယ်ဖို့အတွက်ဆူပွက်နေတဲ့အဆိပ်အရည်တစ်မျိုးကို ဖြန်းလေ့ရှိပါတယ်။ သူ့ရဲ့ အရည်အိတ်တွေထဲကနေ ဓါတုဓါတ်ပေါင်းရည်တစ်မျိုးကို သိုလှောင်ထားပြီး အကြိမ်များစွာပက်ဖြန်းနိုင်ပါတယ်။

Hydrogen peroxide and hydroquinones နှစ်မျိုးရောစပ်ထားတဲ့ အရည်ဟာ အလွန်ပူလောင်ပြီး အခြားအင်းဆက်တွေကိုသေစေနိုင်ပါတယ်။
သူ့အရည်ထိခံရရင် အရမ်းနာကျင်ပါတယ်။မြို့နယ်တိုင်းမှာရှိတတ်ပါတယ် ။ ခုလိုဆောင်းရာသီမှာ အများဆုံးဖြစ်တတ်ပါတယ်။ မီးပိုး​ကောင်အကိုက်ခံရသည် ဖြစ်​စေ/ သူနဲ့ထိ​တွေ့မိခဲ့သည်ဖြစ်​စေ အရင်ဦးဆုံးအနီကွက်တွေထလာမယ် ။

၁၂ နာရီ က​နေ ၃၆ နာရီအတွင်း

  • ပူစပ်စပ်ခံစားရမယ်
  • နီရဲလာမယ်
  • ရောင်လာမယ်
  • မီးလောင်ထားသကဲ့သို့ အရည်ကြည်ဖုဖြစ်လာမယ် ။

ဒီလို လက္ခဏာ​တွေရှိခဲ့ရင် ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်အကြံဥာဏ်​တောင်းပြီး ​ဆွေး​နွေးသင့်ပါတယ်​နော်။

en_USEN