မီးလောင်ဒဏ်ရာများအကြောင်းသိကောင်းစရာ

ရေးသားသူ – ဒေါက်တာ ဆုဝေမွန်

Dr ဆုတို့ ခွဲစိတ်ဆိုတာ မီးလောင်ဒဏ်ရာတွေကို တာဝန်ယူပေးတဲ့ နေရာပါပဲဆိုလည်း မမှားပါဖူး။

Dr ဆု ဒီနေ့ ပြောပြချင်တာ မီးလောင် ဒဏ်ရာက အဆင့်ဘယ်နှစ်မျိုးရှိတယ် ဘယ်နေရာတွေပါနေရင်တော့ ချက်ချင်းဆေးရုံလာသင့်တယ် ဆိုတာနဲ့ ဘာတွေကို ရှေးဦးသူနာပြုစုနည်းအနေနဲ့ အရင်လုပ်ထားသင့်တယ်ဆိုတာလေးကို ပြောပြချင်တာပါ။

ကဲပထမဦးဆုံးအနေနဲ့ မီးလောင်ဒဏ်ရာရဲ့အဆင့်တွေကိုပြောပြပေးချင်ပါတယ်။ မီးလောင်ဒဏ်ရာတွေဟာ အနက်အပေါ်မူတည်ပြီးတော့အဆင့်လေးဆင့်ခွဲထားတယ်။ ပထမနှစ်ဆင့်မီးလောင်ဒဏ်ရာကတော့ ပူတယ်နာတယ် ၊ စပ်တယ် အစရှိတဲ့ ခံစားမှုကို ခံစားရမှာဖြစ်ပြီး အဆင့်သုံးနဲ့အဆင့်လေးကတော့ အာရုံကြောလေးတွေပါ မီးလောင်ခြင်းမှာပါသွားတဲ့အတွက် ဘာနာကျင်မှုကိုမှ ခံစားရမှာ မဟုတ်ပါဖူး။

မီးလောင်ဒဏ်ရာရဲ့ လောင်တဲ့မျက်နှာပြင် ဧရိယာကို Dr ဆုတို့ကတော့ Rules of nine ဖြင့် ဖော်ပြပါတယ်။ ဒီမှာ Dr ဆု တခုမျှဝေချင်တာက မီးလောင်ဒဏ်ရာ၏ လောင်တဲ့မျက်နှာပြင် ဧရိယာသည် အနာမသန့်ရှင်းမှုကြောင့်ဖြစ်စေ ဂရုမစိုက်မှုကြောင့် ဖြစ်စေ ပိုပိုပြီး ကျယ်ပြန့်လာတတ်တယ်။

မီးလောင်ဒဏ်ရာများတွင် မျက်နှာ ပါးစပ်တဝိုက်နှင့် စအိုဝပတ်ဝန်းကျင် ရှုးပေါက်သောနေရာနှင့် အရိုးအဆစ်များ ပြီးတော့ တပတ်လည်မီးလောင်ခြင်း ( ရင်ဘတ်ဆိုရင် ရင်ဘတ် တပတ်လည် လက်ဆိုရင် လက်တပတ်လည် ) များပါနေပါက လောင်သောပမာဏများပါက ချက်ချင်းဆေးရုံသို့လာရောက်သင့်ပါတယ်။

မီးလောင် ဒဏ်ရာတွေရဲ့ ရှေးဦးသူနာပြုစုနည်းကတော့

  • ဘာဆေးမှ မထည့်ပဲ ရေဖြင့်များများ ဆေးချပါ။
  • Silverderm ဟုခေါ်သော ဆေးကို ထည့်ပေးလို့ရပါတယ်။
  • အကိုက်အခဲသက်သာသော paracetamol လေးကို နာကျင်မှုသက်သာအောင်သောက်ပေးပါ
    ဓာတ်ဆားရည်သောက်ပေးပါနော်။
  • မေးခိုင်ကာကွယ်ဆေးထိုးဖို့လည်လိုအပ်ပါတယ်။

လောင်သွားတဲ့ပမာဏကို သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်က ကြည့်ရှုပြီး ပိုးသတ်ဆေးကို သောက်ဆေးသို့မဟုတ်ထိုးဆေး ညွှန်ကြားပါက အနာပိုးမဝင်အောင် ညွှန်ကြားချက်တွေကို သေချာလိုက်နာပေးပါနော်။

ဤဆောင်းပါးလေးကို ဖတ်ခြင်းဖြင့် မီးလောင်ဒဏ်ရာလေးတွေကို ဘာတွေလုပ်သင့်တယ်ဆိုတာ သဘောပေါက်သွားရင်ဖြင့် Dr ဆု တယောက်မျှဝေရကြိုးနပ်ပါတယ်လေ။

Name ဒေါက်တာ ဆုဝေမွန်
Degrees M.B.,B.S (ygn)
Biography 1years experience in yangon children hospital 2yr and 6 months experience in teleconsultation ( yin thway call center)
Topic Paediatric surgery Paediatric medicine Child psychiatry
Address Yangon
en_US