မျက်နှာနှင့် မေးရိုးအလှအပခွဲစိတ် အကြောင်းတစ်စေ့တစ်စောင်း

ရေးသားသူ – Dr. Mie Mie Kyaw

မင်္ဂလာပါ Myancare ချစ်သူလေးတို့ရေ…

သညနြေ့စာဖတခြစွသြူလေးတို့ကို shareပေေးခငွတြဲ့အကှောငြးအရာလေးတဈခုရှိပါတယြ…ဘာလဲဆိုတော့ Maxillofacial Surgery ခေါြ မကွနြှာနဲ့မေးရိုး အလှအပခှဲစိတအြကှောငြးပဲဖှဈပါတယြ။

ဆိုတော့…မျက်နှာနှင့်မေးရိုးအလှအပ ခွဲစိတ်နဲ့ပတ်သက်ပြီး ခွဲစိတ်မှုတွေပြုလုပ်ရခြင်းက အဓိကအားဖြင့် အကြောင်းအရာနှစ်မျိုးကြောင့်ဖြစ်နိုင်ပါတယ်…

Pathological ခေါ် ရောဂါကြောင့်ခွဲစိတ်မှုပြုလုပ်ရခြင်းနှင့် Cosmetic purpose ခေါ် အလှအပရေးရာအတွက် ခွဲစိတ်မှုပြုလုပ်ခြင်းတို့ဖြစ်ပါတယ်။

ရောဂါကြောင့်ခွဲစိတ်မှုပြုလုပ်ရခြင်း အခြေအနေအချို့ကတော့ eg Carcinoma tongue , Mandible fracture , Congenital cleft lip , cleft palate , dental implant surgery အစရှိတဲ့ မျက်နှာ မေးရိုး ခံတွင်း သွား စတဲ့နေရာတွေမှာ ပုံမှန်မဟုတ်တဲ့ရောဂါတစ်ခုခုရှိလာတဲ့အခါ အသေးစိတ်ပြန်လည်ပြုပြင်ဖို့လိုအပ်တဲ့အခါ Maxillofacial Surgeryလုပ်ကြရပါတယ် ။

Congenital cleft lip and cleft palate ခေါ် မွေးရာပါ နှုတ်ခမ်းကွဲ အာခေါင်ကွဲရောဂါသည်ကလေးများလဲ Maxillofacial Surgeryပြုလုပ်ပြီးနောက်လှပတဲ့အပြုံးလေးတွေ ပိုင်ဆိုင်နေပါပြီ။

Acquired diseaseတွေထဲအဖြစ်များတဲ့ Carcinoma tongue ခေါ် လျှာကင်ဆာရောဂါသည်တွေကိုလဲ Maxillofacial Surgeryလုပ်နိုင်နေပြီဖြစ်တယ်…. ဒါပေမဲ့ Prevention is better than cureဆိုတဲ့ ဆိုရိုးအတိုင်း ဖြစ်တော့မှ ကုတာထက်စာရင် မဖြစ်ခင်ကြိုတင်ကာကွယ်သင့်ပါတယ်….. အဲ့တာကြောင့် ကွမ်းစားခြင်း ၊ ဆေးလိပ်သောက်ခြင်းကိုအတတ်နိုင်ဆုံး ရှောင်ကြင်သင့်ပါတယ်။

နောက် Carcinoma tongueကိုဖြစ်စေတဲ့ စာဖတ်သူတို့သတိမထားမိလောက်တဲ့အကြောင်းအရာတစ်ခုက သွား ပဲဖြစ်ပါတယ် ။

သွားများမညီမညာအချွန်အတက်များလို့ဖြစ်စေ, သွားကျိုးပြီးပဲ့ကျန်ခဲ့တဲ့အချွန်ကြောင့်ဖြစ်စေ , သွားအတုတပ်တဲ့အခါ အံဝင်ခွင်မကျတဲ့အခါ အဲ့အချွန်လေးကလျှာကိုသွားကလိသလိုဖြစ်တဲ့အခါ ကြာလာရင် Carcinoma tongue ခေါ် လျှာကင်ဆာဖြစ်စေပါတယ်။

အဲ့တာကြောင့် သွားနဲ့ပတ်သက်ပြီးတစ်ခုခုမသင်္ကာစရာရှိလာရင် သွားဆရာဝန်ကို အမြန်ဆုံးသွားပြဖို့ အကြံပြုပါရစေနော်။

အလှအပရေးရာအတွက် မျက်နှာနှင့်မေးရိုးခွဲစိတ်ခြင်းတို့ကတော့ သည်နေ့ခေတ်မှာအရမ်းကိုခေတ်စားလာခဲ့ပါပြီ။ Jaw Lineဖော်ခြင်း ၊ မျက်ရစ်ဖော်ခြင်း ၊ နှာတံပေါ်အောင်လုပ်ခြင်း ၊ Botox ၊ Dermal fillerထိုးခြင်း …အစရှိတဲ့ အလှအပရေးရာဆိုင်ရာ proceduresတွေ အများကြီးလုပ်နိုင်နေပြီဖြစ်တယ်…. သည်procedureတွေလုပ်ပြီးရင်တော့ ပုံမှန်ထက်ပိုပြီးဂရုစိုက်ပေးဖို့ လိုပါတယ်နော်။

သဘာဝအတိုင်းမဟုတ်ဘဲ ခွဲစိတ်ပြုပြင်ပြီးမှရတာမို့ ဆိုးကျိုးနဲ့ကောင်းကျိုးကတော့ ရှိပါတယ်နော်။

ဆိုးကျိုးတွေနည်းနိုင်သမျှနည်းပြီး ပိုမိုလှပတဲ့မျက်နှာကလေးတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။

Name Dr. Mie Mie Kyaw
Degrees M.B.B.S (YGN)
Biography

ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်

Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။

Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။

Topic
  • အထွေထွေကျန်းမာရေးဆိုင်ရာ ပြဿနာများ
  • ကလေးကျန်းမာရေးဆိုင်ရာပြဿနာများကိုတိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
Address Parami General Hospital, Yangon
en_US