ရင်သားကင်ဆာကာကွယ်ဖို့ မိမိရင်သားကိုဘယ်လိုစမ်းသပ်ကြမလဲ ?

ရေးသားသူ – ဒေါက်တာ စိုးမြင့်ဝင်း

ရင်သားကင်ဆာကိုကာကွယ်နိုင်ဖို့အတွက်အမျိုးသမီးတွေအတွက်အလွယ်ကူဆုံးနဲ့အကုန်အကျအသက်သာဆုံးဖြစ်အောင် စစ်ဆေးတဲ့နည်းကတော့ မိမိရင်သားကိုမိမိကိုယ်တိုင်စမ်းသပ်ခြင်းပဲဖြစ်ပါတယ်။

အရင်ဆုံးလိုအပ်မှာတော့မိမိရင်သားကိုပြန်မြင်နိုင်တဲ့မှန်တစ်ချပ်၊ အလင်းရောင်ကောင်းကောင်း ရနိုင်ပြီး ၊ လုံခြုံမှုရှိ နေရာတစ်ခု ဖြစ်ပါတယ်။ဒါဆိုရင်မိမိကိုယ်ကိုရင်သားစမ်းသပ်ခြင်းစနိုင်ပါပြီ။

အဆင့်(၁)
မိမိကိုယ်ခန္ဓာအပေါ်ပိုင်းကိုအဝတ်ချွတ်ထားဖို့လိုပါတယ်။သေသေချာချာရင်သားတစ်ခုလုံးမြင်ရဖို့လိုပါတယ်။လက်နှစ်ဘက်ကိုဘေးသို့ချပြီးမိမိရင်သား ၂ဘက် လုံးကို

(၁) ပုံစံ၊အရွယ်အစား၊အရောင် ၂ဘက်ယှဉ်ကြည့်ပါ
(၂)ရင်သားနှစ်ဘက်လုံးမှာ မြင်ရတဲ့အလုံးအကြိတ်၊ချိုင့်ဝင်ခြင်း၊နို့သီးခေါင်းရဲခြင်းရောင်ခြင်း၊ အထဲသို့ ဝင်နေခြင်း ရှိမရှိကြည့်ပါ။

အဆင့်(၂)
မိမိလက်နှစ်ဘက်ကိုမြှောက်၍ တဖန် အဆင့်၁ မှ အတိုင်းပြောင်းလဲမှုများရှိမရှိ ပြန်ကြည့်ပါ။

အဆင့်(၃)
လက်မြောက်နေစဉ်မှာ နို့သီးခေါင်းနှစ်ဘက် စလုံးမှ အရည်ကြည်ရောင်၊အဝါရောင်၊သွေးရောင်အစရှိသောအရည်များ ထွက်လာသလားဆိုတာကြည့်ပါ။

အဆင့်(၄)
မိမိရင်သားကို လှဲ၍ စမ်းသပ်ခြင်းဖြစ်ပါတယ်။ဘယ်ဘက်ရင်သားကိုစမ်းသပ်လျှင်ညာဘက်လက်အသုံးပြုပေး၍ ညာဘက်ရင်သားအတွက်ဘယ်ဘက်လက်အသုံးပြုပေးပါ။

စမ်းသပ်ရမည့်နေရာများ မှာ (၁) နို့သီးခေါင်းနေရာ (၂)ရင်သား၏အပေါ်အတွင်းဘက် (၃)အပေါ်အပြင်ဘက် (၄) အောက်အတွင်းဘက် (၅)အောက်အပြင်ဘက် (၆)ညှပ်ရိုးနှင့်ရင်သားနေရာ (၇)ချိုင်းကြားနေရာ တို့ဖြစ်ပါတယ်။

စမ်းသပ်တဲ့အခါ လက်ချောင်း၄ခုစုထားပြီးထိပ်ဖြင့်မဟုတ်ဘဲလက်ချောင်းအတွင်းသားနှင့် စက်ဝိုင်းသဏ္ဏာန် ရွေ့လျားစမ်းသပ်ရမှာဖြစ်ပါတယ်။ အဓိကအားဖြင့်ရင်သားတစ်ခုလုံးအနှံ့နေရာလွတ်မကျန်အောင်စမ်းသပ်ဖို့ပဲလိုအပ်ပါတယ်။

အဆင့်(၅)
မတ်တပ်ရပ်လျက်စမ်းသပ်ခြင်း(ရေချိုးချိန်) ရေချိုးနေတဲ့အချိန်တွေမှာ အဆင့်၄ မှ နည်းလမ်းများနဲ့စမ်းသပ်ခြင်းဖြစ်ပါတယ်။

တကယ်လို့သင်ဟာစမ်းသပ်ရင်း တစ်စုံတရာကိုစမ်းမိတယ်ဆိုရင်အလွန်အကျွန်စိတ်မပူသွားဖို့အရေးကြီးပါတယ်။ အများစုဟာ ကင်ဆာမဟုတ်တဲ့အကျိတ်လေးတွေဖြစ်ဖို့များပါတယ်။

ဒါကြောင့်သိသိချင်းဆရာဝန်၊ဆရာမများနဲ့ဆွေးနွေးတိုင်ပင်ပြသပေးဖို့လိုအပ်ပါတယ်။ဒါမှသာနောက်ထပ်စစ်ဆေးမဲ့ ultrasound , ရင်သားဓာတ်မှန်တို့နဲ့ သေချာတဲ့အဖြေကိုပေးနိုင်မှာဖြစ်ပါတယ်။

ဒီလိုမိမိရင်သားကိုစမ်းသပ်ခြင်းကို တစ်လတစ်ကြိမ် ခန့်ပုံမှန်စစ်ဆေးပေးသင့်ပါတယ်။

source – Breast selfexamination<breastcancer.org>

ဒေါက်တာ စိုးမြင့်ဝင်း

M.B.B.S (YGN)

Graduated from UM1 2019 Currently Studying Msc Nutrition & Dietectic Currently Working as Medical Officer at yin thway call center.

  • အထွေထွေကျန်းမာရေးဆိုင်ရာ
  • ကလေး ကျန်းမာရေး ဆိုင်ရာအကြောင်းအရာများ
  • မိခင်နို့တိုက်ကျွေးခြင်းနှင့် ဖြည့်စွက်စာ ကျွေး ရန်သိမှတ်ဖွယ်ရာမျးာ
  • ကလေး ကြီးထွားမှုနှင့် ဉာဏ်ရည်မြင့်မားမှုအတွက်အာဟာရဆိုင်ရာ အကြံပေးချက်များ
  • ဆီးချို၊သွေးတိုး လူနာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
  • ကျောက်ကပ်လူနာများ၊ကင်ဆာရောဂါ လူမမာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
  • အဝလွန်သူများ၊ကိုယ်အလေးချိန် အာဟာရမျှတစွာလျော့လိုသူများအတွက် DIET planများ
  • အစာအိမ်ရောင် ခြင်း၊အစာအိမ်မကြာခဏမအီမသာဖြစ်သူများ၊ဝမ်းချုပ်သူများအတွက် အာဟာရအကြံပေးမှုများ
  • အဘိုးအဖွား များအတွက် ပိုမိုအားဖြစ်စေ၍ ပိုမိုကျန်းမာစေ သော အာဟာရ အကြံပေး မှုများကို

ဆွေးနွေးပေးနိုင်ပါတယ်ခင်ဗျာ။

Parami General Hospital, Yangon

en_US