ရင်သားကင်ဆာအကြာင်း သင်ဘာတွေသိထားပြီလဲ (အပိုင်း၁)
ရေးသားသူ – ဒေါက်တာ စိုးမြင့်ဝင်း
“ဆရာရေ ဒီနေ့ တော့လူနာတွေအေးနေတယ်နော်မနက်ကတည်းက တစ်ယောက်မှမလာသေးဘူး”
ဟု ဆေးခန်းမှသူနာပြုအကူဆရာမလေးက သူထိုင်နေကျ လူနာကြိုကောင်တာလေးမှာထိုင်ရင်းပြောရှာသည်။
Covid 19 ကာလဖြစ်တာကြောင့် လူနာတွေက ဆေးရုံဆေးခန်းဆိုလာရာမှာပင်အထိတ်တလန့်ပင်ဖြစ်နေရှာကာ ဆေးခန်း၌လူလာပါးခြင်းဖြစ်ပေသည်။
cဟုတ်တယ်ဆရာမလေးရေ၊ဒီလိုဆိုတော့လဲအားလုံးအေးရာအေးကြောင်းနေကောင်းတယ်လို့ပဲမှတ်ရမှာပေါ့ဗျာ”
“ဟုတ်ပါတယ်လေ၊ ဒါနဲ့ဆရာ မနေ့က ကျမတို့ အဆောင်က အဆောင်မှုး အပျိုကြီး ရင်သားကင်ဆာနဲ့ဆုံးသွားတယ်လေ၊သူ ခမျာ ဒီလိုကာလကြီးမှာဆိုတော့ နောက်ဘဝကူးတာတောင်ကောင်းကောင်းလိုက်ပို့မခံလိုက်ရဘူး “
“ဟာဟုတ်လား…..ကြားရတာစိတ်မကောင်းလိုက်တာဗျာ……အခုလိုချိန်မှာ ဒီcovid 19 လူနာတွေက များနေတာဒါတွေကိုပဲသတိထားလုပ်နေကြရတာ တကယ်အရေးကြီးတဲ့ တခြားရောဂါသည်တွေက တခုခုဆိုဆေးခန်းလာပြဖို့ပိုဒုက္ခရောက်နေကြရှာရတာ ပဲ”
“ဟုတ်တယ်ဆရာရေ ဒါနဲ့လေအခုအချိန်ရတုံး…..ဆရာဒီရင်သားကင်ဆာအကြောင်း နဲနဲပြောပြပါလား…….”
“ဒီရင်သားကင်ဆာဆိုတာ မြန်မာနိုင်ငံမှာအဖြစ်အများဆုံးကင်ဆာငါးခုထဲက တစ်ခုပဲ။ သေနှုန်းကလဲမြင့်တယ်
ဘာလို့လဲဆိုတော့ ဒီကင်ဆာကို စသိတဲ့အချိန်မှာ ၈၅ ရာနှုန်းလောက်က တော်တော်ပျံ့ နေကြပြီ၊ စဖြစ်တာကိုသိတဲ့လူက တော်တော်နည်းတာ အဓိက ကတော့ သတိမထားမိကြတာပဲ။”
“ဘယ်လိုအသက်ရွယ်တွေဘယ်လိုလူတွေက ပိုဖြစ်တတ်လဲဆရာ”
အသက်၄၅-၅၀ အမျိုးသမီးတွေက အဖြစ်များတာ ဒါပေမဲ့ ဒီနောက်ပိုင်းက ၂၀ ၃၀ မိန်းကလေးတွေလဲဖြစ်လာကြတယ် ဒါကြောင့်စောစောသတိထားမိဖို့အရေးကြီးတာပဲ။
လေ့လာချက်တွေအရတော့ မိသားစုမျိုးရိုးရှိသူတွေ၊ အထူးသဖြင့် အဖွား၊အမေ၊အဒေါ်တို့မှာဖြစ်ဖူးရင်ပိုဖြစ်တတ်တော့ပိုသတိထားဖို့လိုတယ်။နောက်ပြီး အဝလွန်တဲ့အမျိုးသမီးတွေ၊သွေးတွင်းသကြားဓာတ်များ(သွေးချို)တဲ့သူတွေမှာ အီစတိုဂျင် ဆိုတဲ့ ဟော်မုန်းပိုထွက်တာကြောင့်အဖြစ်များတတ်တယ်။
အသက်ကြီးမှ အိမ်ထောင်ကျသူတွေ၊အပျိုကြီးတွေ၊မိခင်နို့မတိုက်တဲ့ မိခင်တွေ မှာလဲပိုဖြစ်ကြတယ်လို့ဆိုတယ်။
အီစတိုဂျင် ဆေးတွေကို အလှအပတွက် မလိုပဲသောက်နေသူတွေ ၊ ဟော်မုန်းလဲလှယ်မှုကုသမှုခံယူထားသူတွေမှာ လဲဖြစ်ကြတာပေါ့။ကိုယ်ဝန်တားဆေးသုံးရင်၊ဆီလီကွန်ထည့်ရင် လဲဖြစ်ကြတယ်လို့ပြောကြပင်မဲ့ တိတိကျကျ မပြောနိုင်ကြသေးဘူး။
“ဟုတ်လားဆရာဒါဆို ကျမတို့အဆောင်မှုး အပျိုကြီးကလဲ ဒီလိုမျိုးဖြစ်တာ စောစောမသိ လို့အခုလိုဖြစ်တာပဲနေမှာပဲ ဟော ဆရာ လူနာလာပြီ၊ ကိုယ်ပူချိန်တိုင်းပြီး history လေးမေးလိုက်ဦးမယ်ဆရာရေ။လူနာကြည့်ပြီးရင်ဆက်ပြောပြနော်”
“ဟုတ်ကဲ့ပါ ဗျာ”
______________။__________________

ဒေါက်တာ စိုးမြင့်ဝင်း
M.B.B.S (YGN)
Graduated from UM1 2019 Currently Studying Msc Nutrition & Dietectic Currently Working as Medical Officer at yin thway call center.
- အထွေထွေကျန်းမာရေးဆိုင်ရာ
- ကလေး ကျန်းမာရေး ဆိုင်ရာအကြောင်းအရာများ
- မိခင်နို့တိုက်ကျွေးခြင်းနှင့် ဖြည့်စွက်စာ ကျွေး ရန်သိမှတ်ဖွယ်ရာမျးာ
- ကလေး ကြီးထွားမှုနှင့် ဉာဏ်ရည်မြင့်မားမှုအတွက်အာဟာရဆိုင်ရာ အကြံပေးချက်များ
- ဆီးချို၊သွေးတိုး လူနာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
- ကျောက်ကပ်လူနာများ၊ကင်ဆာရောဂါ လူမမာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
- အဝလွန်သူများ၊ကိုယ်အလေးချိန် အာဟာရမျှတစွာလျော့လိုသူများအတွက် DIET planများ
- အစာအိမ်ရောင် ခြင်း၊အစာအိမ်မကြာခဏမအီမသာဖြစ်သူများ၊ဝမ်းချုပ်သူများအတွက် အာဟာရအကြံပေးမှုများ
- အဘိုးအဖွား များအတွက် ပိုမိုအားဖြစ်စေ၍ ပိုမိုကျန်းမာစေ သော အာဟာရ အကြံပေး မှုများကို
ဆွေးနွေးပေးနိုင်ပါတယ်ခင်ဗျာ။
Parami General Hospital, Yangon