ရင်သားကင်ဆာအကြာင်း သင်ဘာတွေသိထားပြီလဲ (အပိုင်း၂)

ရေးသားသူ – ဒေါက်တာ စိုးမြင့်ဝင်း

“ဆရာ ဆက်ပြောပြပါဦး ဒီရင်သားကင်ဆာ ဖြစ် ရင်က ကိုယ့်မှာဖြစ်နေမှန်းဘယ်လိုသိနိုင်မှာလဲဆရာ”

“တစ်ယောက်နဲ့တစ်ယောက်တော့မတူကြဘူးဗျ၊

  • တစ်ချို့က ရင်သား (သို့) ဂျိုင်းမှာ အလုံးလေးစမ်းမိကြတယ်
  • ရင်သားအရေပြားကထူထူကြမ်းကြမ်းကြီးဖြစ်လာကြတယ်၊
  • ရင်သားအရေပြားနီရောင်တာ၊နို့သီးခေါင်းချိုင့်ဝင်တာမျိုး၊
  • ရင်သားနာတာ၊နိ့သီးခေါင်းကနေ နို့မဟုတ်ပဲတခြားအရောင်အရည်ထွက်တာမျိုးဆိုရင်

အနီးစပ်ဆုံးဆေးခန်း၊ ဒါမှမဟုတ်ဒီလိုcovid အချိန်ဆိုင်ရင်ကျန်းမာရေးcall center တွေကနေတဆင့်ဆရာဝန်နဲ့ဆွေးနွေးသင့်ပါတယ်။”

“ဒါဆိုဆရာ ဆရာဝန်တွေကကောဘယ်လိုစစ်ဆေးလဲဆရာ၊ဘာတွေထပ်စစ်ရသေးလဲ?”
“အရင်ဆုံးဆရာဝန်က လူနာကိုစစ်ဆေးစမ်းသပ်ကြပါတယ်၊ ultrasound၊ Mammogram တွေရိုက်ခိုင်းပြီးစစ်ဆေးပါတယ်၊လိုအပ်ရင် တခြားနေရာတွေပါပြန့်နေသလားသိအောင် MRI ပါရိုက်ကြတာပေါ့ ၊၊အသေချာဆုံးကတော့ အသားစ biopsy ယူပြီးစစ်လိုက်တာပဲ”
“တကယ်လို့ဖြစ်နေတာသေချာပြီဆိုရင် ဘယ်လိုတွေဆက်ကုသကြလဲဆရာ “
“တော်တော်များများကတော့

(၁)ခွဲစိတ်ကြတယ် ကင်ဆာ tissue တွေကိုထုတ်ကြတယ် lymph node လေးတွေကိုထုတ်ကြတယ် ၊ ရင်သားတစ်ခုလုံးဖြတ်ထုတ်လိုက်ကြတာမျိုးကတော့အလုပ်အများဆုံးပဲ

(၂) ကင်ဆာဆေးတွေသောက်ရတယ်

(၃)ဟော်မုန်းဆေးတွေပေးကြတယ်

(၄)ဓာတ်ရောင်ခြည်ပြကြတာပေါ့

“ဟုတ်တယ်ဆရာရေအခုဆုံးသွားတဲ့အဆောင်မှုးလဲခနခနပြရတယ်။အဲ့လိုဆေးကုနေရင်ကောဘာတွေဖြစ်တတ်သေးလဲဆရာ”

“ဒါကတော့လူတစ်ဦးနဲ့တစ်ဦးသိပ်မတူကြဘူး၊ အစားအသောက်ပျက်ကြတယ်၊ ဝိတ်တွေကျကြတယ်၊ ဆံပင်တွေကျွတ်ကြတယ်၊ ဒါပေမဲ့ ဒါတွေဟာ ဆေး အပြည့်သောက်ပြီးရပ်လိုက်ရင်ကောင်းသွားကြပါတယ်”

“ဒါလိုကုသပြီးရင်ကောပျောက်ကြလားဆရာ “
“လူနာရဲ့ကင်ဆာcellပြန့်နှံ့မှုပေါ်မူတည်တာပေါ့၊နောက်ပြီးစသိတာနောက်ကျနေရင်ကုရတာပိုခက်သွားတာပေါ့ ၊ဒါကြောင့်ဒီရင်သားကင်ဆာဆိုတာ စောစောသိ စောစောကုသလေမြန်မြန်ကောင်းလေပဲ ၊ ကင်ဆာ cellကို အမြစ်ပျက် ကုသပေးနိုင်ရင်တော့ လူနာဟာ သက်တမ်းစေ့နေနေနိုင်တယ်၊

ဒီလိုလူနာတွေဟာ ကျန်တဲ့ရင်သားနောက်တစ်ဘက်မှာလဲထပ်ဖြစ်နိုင်ချေရှိနိုင်တာကြောင့်မကြာခဏစမ်းသပ်စစ်ဆေးနေဖို့တော့လိုအပ်တာပေါ့ အဓိက လူနာတော်တော်များများ ဟာ ကင်ဆာဆေးသောက်တာ ဆေးကုသရမှာ သူ့ဒဏ်တွေကြောင့် အစိုးရိမ်လွန်ကဲနေတတ်ကြတယ် ဒါကြောင့်အမြစ်ပြတ်အောင်မကုသကြတော့ပိုပိုအခြေနေဆိုးသွားကြတာပဲ။

ဒီလိုကုသပေးပြီးရင်လူကောင်းအတိုင်းကျန်းကျန်းမာမာသက်တမ်းစေ့နေထိုင်သွားနိုင်မယ်ဆိုတာကို သိကြဖို့လိုနေတာပဲ”

“ကျေးဇူးပါပဲဆရာ ရေ….ဆေးခန်းတောင်ပိတ်ချိန်ရောက်ပြီးမနက်ဖြန်ဆက်ပြောပြပါဦးနော်
ဆရာကအာဟာရအထူးပြုဘက်လဲmasterတက်နေတော့ဘာလိုအစားအစာတွေစားပြီးကာကွယ်ရမယ်ဆိုတာမျိုးလေးလဲသိချင်သေးတယ်ဆရာ”
“ကောင်းပါပြီဗျာ”
_______။________

ဒေါက်တာ စိုးမြင့်ဝင်း

M.B.B.S (YGN)

Graduated from UM1 2019 Currently Studying Msc Nutrition & Dietectic Currently Working as Medical Officer at yin thway call center.

  • အထွေထွေကျန်းမာရေးဆိုင်ရာ
  • ကလေး ကျန်းမာရေး ဆိုင်ရာအကြောင်းအရာများ
  • မိခင်နို့တိုက်ကျွေးခြင်းနှင့် ဖြည့်စွက်စာ ကျွေး ရန်သိမှတ်ဖွယ်ရာမျးာ
  • ကလေး ကြီးထွားမှုနှင့် ဉာဏ်ရည်မြင့်မားမှုအတွက်အာဟာရဆိုင်ရာ အကြံပေးချက်များ
  • ဆီးချို၊သွေးတိုး လူနာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
  • ကျောက်ကပ်လူနာများ၊ကင်ဆာရောဂါ လူမမာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
  • အဝလွန်သူများ၊ကိုယ်အလေးချိန် အာဟာရမျှတစွာလျော့လိုသူများအတွက် DIET planများ
  • အစာအိမ်ရောင် ခြင်း၊အစာအိမ်မကြာခဏမအီမသာဖြစ်သူများ၊ဝမ်းချုပ်သူများအတွက် အာဟာရအကြံပေးမှုများ
  • အဘိုးအဖွား များအတွက် ပိုမိုအားဖြစ်စေ၍ ပိုမိုကျန်းမာစေ သော အာဟာရ အကြံပေး မှုများကို

ဆွေးနွေးပေးနိုင်ပါတယ်ခင်ဗျာ။

Parami General Hospital, Yangon

en_US