ရင်သားကင်ဆာအကြာင်း သင်ဘာတွေသိထားပြီလဲ (အပိုင်း၃)
ရေးသားသူ – ဒေါက်တာ စိုးမြင့်ဝင်း
“ဆရာရေမနေ့ကပြောနေတဲ့ရင်သားကင်ဆာအကြောင်းဆက်ပါဦး……ဒီလိုရင်သားကင်ဆာဖြစ်နိုင်ချေရှိတဲ့လူတွေမှာမဖြစ်အောင်ဘယ်လို နေသင့်လဲဆရာ”
“အဓိက ကတော့ကိုယ်အလေးချိန်များတဲ့ အမျိုးသမီးတွေသတိထားရမယ်ဗျ၊ ဒီ အီစတိုဂျင်ဟော်မုန်းက အဆီ cell လေးတွေက ပိုထုတ်တာကြောင့်အရင်ဆုံးကိုယ်အလေးချိန်ကို BMI ၂၅အောက်ရောက်အောင်လုပ်ဖို့လိုမယ်၊ နေ့စဉ်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း မိနစ်၂၀ လောက်ကို ၁ပတ်ကို ၃ ခါ ကနေ ၅ခါလောက်ရအောင်လုပ်သင့်တယ်။
လမ်းလျှောက်များများလျှောက်ပေးသင့်တယ်။လေ့လာစမ်းသပ်ချက်တွေအရ တစ်ပတ်ကို ကိုယ်လက်လှုပ်ရှားမှု ၄နာရီလောက်လုပ်ရင် ဒီရင်သားကင်ဆာတင်မကဘူး၊ တခြား အဆုတ်ကင်ဆာ၊ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ စတာတွေကိုပါ ၂၀ရာနှုန်းပို့လျော့ကျစေတယ်လို့ဆိုတယ်။
နောက်တစ်ခုကတော့ နို့တိုက်တဲ့မိခင်တွေဟာ နို့မတိုက်တဲ့မိခင်တွေ၊ အပျိုကြီးတွေထက် ပိုပြီးရင်သားကင်ဆာကိုကာကွယ်ပေးနိုင်တာပဲဖြစ်တယ်။ဒါကြောင့်မိခင်နို့တိုက်တာဟာ ကလေးကိုသာမကမိခင်ကိုပါကောင်းကျိုးတွေများစွာပေးနိုင်တာပဲဖြစ်တယ်။
နောက်ပြီးအစားအစာတွေမှာလဲ အဆီကြော်စာတွေ၊အသင့်စားအသားတွေ၊ ခေါက်ဆွဲခြောက် စတာတွေကို အလွန်အကျူးစားတာတွေကိုလဲကန့်သတ်ပေးရမယ်၊ နောက်ပြီး နေ့စဉ်စားနေတဲ့အစားအစာတွေမှာအသီးတစ်မျိုးမျိုးကို တစ်နေ့ ၂ ကြိမ်လောက်ထည့်စားပေးသင့်တာပေါ့။
ဒါအပြင်အရက်သေစာ အလွန်အကြူးသောက်သုံးတာတွေကိုလဲကန့်သတ်ပေးရမယ်။
နောက်ပြီးတခြားရောဂါအခြေအနေ ကြောင့် ဟော်မုန်းလဲလှယ်ကုသခြင်း၊ တားဆေးအသုံးပြုခြင်းစတာတွေကိုမပြုလုပ်ခင်မှာ သက်ဆိုင်ရာဆရာဝန်တွေကို ဆီကနေတဆင့် ကောင်းကျိုးဆိုးကျိုးကိုဆွေးနွေးပေးထားသင့်ပါတယ်။
မိသားစုမျိုးရိုးရှိတဲ့သူတွေ၊ဆွေမျိုးနီးစပ်ရာမှာ ရင်သားကင်ဆာရှိသူတွေအနေနဲ့ ပုံမှန်မိမိရင်သားကိုစမ်းသပ်စစ်ဆေးနေသင့်ပြီးတော့ ၊ ကြိုတင်ကာကွယ်ရန်ကျန်းမာရေးဝန်းထမ်း၊ သက်ဆိုင်ရာဆရာဝန်တွေနဲ့ ဆွေးနွေးထားသင့်ပါတယ်”
“ကျေးဇူးပါပဲဆရာရယ်..အခုမှပဲပိုပြီးရှင်းရှင်းလင်းလင်းသိလာရတော့တယ်။
အစာအာဟာရအနေနဲ့ကောဘာတွေစားပြီး ကာကွယ်သင့်သလဲ ဘယ်လိုသတိထားသင့်သေးလဲဆရာ”
အာဟာရပိုင်းဆိုင်ရာအရ တော့ ဒီရင်သားကင်ဆာဟာ ပုံမှန်မိရိုးဖလာစားသောက်မှုပုံစံ(ထမင်း၊ပဲ၊အသီးအနှံ၊ ဟင်းသီးဟင်းရွက်အဓိကစားသုံးခြင်း)ကနေ အနောက်ပိုင်းပုံစံ(အသား၊ငါး၊နို့နှင့်နို့ထွက်ပစ္စည်း၊အဆီ အဓိကစာသုံးခြင်း)ပြောင်းလဲစားသူတွေမှာပိုဖြစ်တယ်လို့ဆိုကြတယ်။
ဒီလို ဖြစ်တာကတော့ အဆီတွေပိုအစားများပြီး ကိုယ်အလေးချိန်တက်တာသွေးတွင်းအဆီဓာတ်များတာတွေကြောင့်ဖြစ်နိုင်ပြီး၊ ဟင်းသီးဟင်းရွက်အသီးအနှံတွေကနေ ဗီတာမင် စီ၊ ဒီ ၊ ဖောလိပ် ဓာတ်စ တာတွေရတာ လျော့နည်းလာလို့ဖြစ်တယ်လို့ဆိုကြတယ်။
ဒါကြောင့်အသားစားမယ်ဆိုရင်လဲကျက်အောင်ချက်စားဖို့လိုအပ်မယ်၊ အသင့်စား ကြက်အူချောင်း၊ ဝက်အူချောင်း၊ အသားကင်ချောင်း၊ အသားတု ရယ်ဒီမိတ်တွေကို လျော့စားပြီးအသားအစစ်ကိုပိုစားသင့်တယ်။
အဆီဓာတ်လျော့စားပြီး အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေကိုတိုးစားပေးတာဟာ ရင်သားကင်ဆာဖြစ်မှုကိုသိသိသာသာ လျော့ချပေးတယ်လို့ဆိုထားပါတယ်။ပဲကြီး၊ပဲလိပ်ပြာ၊ပဲအမျိုးမျိုးတွေဟာ protein ပေးတာသာမကဘူး ဗီတာမင်တွေသတ္တုဓာတ်တွေပါပြန်လည်ဖြည့်ပေးတာကြောင့် ပိုမိုစားပေးသင့်ပါတယ်ဗျာ။ “
“ဟုတ်ကဲ့ပါဆရာ……..ဒီနေ့တောင်ကုလားပဲဟင်းချိုနဲ့ ပဲကြီးနှပ်ပါလာသေးတယ်ဆရာရေ “
“သိပ်ကောင်းတာပေါ့ဗျာ”
______________။_____________________

ဒေါက်တာ စိုးမြင့်ဝင်း
M.B.B.S (YGN)
Graduated from UM1 2019 Currently Studying Msc Nutrition & Dietectic Currently Working as Medical Officer at yin thway call center.
- အထွေထွေကျန်းမာရေးဆိုင်ရာ
- ကလေး ကျန်းမာရေး ဆိုင်ရာအကြောင်းအရာများ
- မိခင်နို့တိုက်ကျွေးခြင်းနှင့် ဖြည့်စွက်စာ ကျွေး ရန်သိမှတ်ဖွယ်ရာမျးာ
- ကလေး ကြီးထွားမှုနှင့် ဉာဏ်ရည်မြင့်မားမှုအတွက်အာဟာရဆိုင်ရာ အကြံပေးချက်များ
- ဆီးချို၊သွေးတိုး လူနာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
- ကျောက်ကပ်လူနာများ၊ကင်ဆာရောဂါ လူမမာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
- အဝလွန်သူများ၊ကိုယ်အလေးချိန် အာဟာရမျှတစွာလျော့လိုသူများအတွက် DIET planများ
- အစာအိမ်ရောင် ခြင်း၊အစာအိမ်မကြာခဏမအီမသာဖြစ်သူများ၊ဝမ်းချုပ်သူများအတွက် အာဟာရအကြံပေးမှုများ
- အဘိုးအဖွား များအတွက် ပိုမိုအားဖြစ်စေ၍ ပိုမိုကျန်းမာစေ သော အာဟာရ အကြံပေး မှုများကို
ဆွေးနွေးပေးနိုင်ပါတယ်ခင်ဗျာ။
Parami General Hospital, Yangon