ရင်သားပြည်တည်နာအကြောင်းသိကောင်းစရာ
ရေးသားသူ – ဒေါက်တာ ဆုဝေမွန်
ရင်သားပြည်တည်နာသည် အထူးသဖြင့်နို့တိုက်မိခင်များတွင် အများဆုံးဖြစ်သည်ကိုတွေ့ရသည်။ နို့စို့ကလေး၏ ပေါက်ခါစသွားနှင့် မိခင်နို့တိုက်ချိန်တွင် အကြိမ်ပေါင်းများစွာ ပွတ်တိုက် ကြိတ်မိခြင်းကြောင့် အနာဖြစ်ရာမှ ပြည်တည်နာဖြစ်လာခြင်းဖြစ်သည်။
ထိုပြည်တည်နာသည် မိခင်နို့အထွက်များသော သူများတွင် နို့တိုက်ပြီးတိုင်း တင်းနေသော ရင်သားများလျော့သွားအောင် နို့များအကုန်အစင် ညှစ်ထုတ်ပေးရန်လည်းလိုအပ်သည်။ မညှစ်ထုတ်ပါက နို့ကြောင်းပိတ်ကာ ပြည်တည်နာဖြစ်နိုင်ချေပိုများအောင်ပံ့ပိုးပေးနေသည်။
နို့တိုက်မိခင်များတွင် ရင်သားပြည်တည်နာ စဖြစ်သည်နှင့် ရင်သားသည် ပူနီပြီးတင်းမာလာခြင်း ၊ ချမ်းတုန်ဖျားခြင်း ၊ ရင်သားတွင် ပြည်တည်နာလို အနာများ အရေပြားပေါ်တွင်တွေ့လာခြင်း ၊အထိမခံနိုင်အောင် နာခြင်း အစရှိသော ရောဂါလက္ခဏာများဖြစ်လာတတ်သည်။
ရင်သားပြည်တည်နာတိုင်းသည်ခွဲစိတ်ရန်မလိုအပ်ပါ။
တချို့ပြည်တည်နာများတွင် အကိုက်အခဲပျောက်ဆေးပေးခြင်း ပိုးသတ်ဆေးထိုးခြင်း သို့မဟုတ် သောက်ခြင်း ရေနွေးအိတ်ကပ်ခြင်း နို့ကို တိုက်ရိုက်ကပ်မစို့စေပဲ နို့ညှစ်ကိရိယာဖြင့်သာ ညှစ်၍တိုက်စေခြင်း နို့ခမ်းဆေးကို လိုအပ်ပါက နှစ်ပတ်ကြာအောင်ပေးခြင်းများပြုလုပ်နိုင်သည်။
သို့သော် ပြည်တည်နာကြီး၍ပြည်များထုတ်ရန် လိုအပ်ကောင်းလိုအပ်နိုင်သည်။
နို့စို့ချိန်ဖြစ်သည့်ပြည်တည်နာသည် နို့တိုက်မိခင်များ အကြုံရဆုံး တွေ့ရအများဆုံးဖြစ်သဖြင့် အနာသေးသေးလေးစဖြစ်သည်မှစ၍ သက်ဆိုင်ရာဆရာဝန်ဖြင့်သေချာကုသရန်လိုအပ်သည်။

Name | ဒေါက်တာ ဆုဝေမွန် |
---|---|
Degrees | M.B.,B.S (ygn) |
Biography | 1years experience in yangon children hospital 2yr and 6 months experience in teleconsultation ( yin thway call center) |
Topic | Paediatric surgery Paediatric medicine Child psychiatry |
Address | Yangon |