ရင်သားအကြိတ်တိုင်းဟာ စိုးရိမ်ရလား
ရေးသားသူ – ဒေါက်တာ သဇင်ထက်(ဆေး – ၂)
အမျိုးသမီးများအနေဖြင့် ရင်သားမှာ အကြိတ်ပေါ်ရင် ကင်ဆာများဖြစ်နေမလားဆိုပြီး စိတ်ပူတတ်ကြပါတယ်။ သို့ပေမဲ့ရင်သားမှာ အများအားဖြင့် အကြိတ် ရှိလေ့ ရှိထရှိပါတယ်။ အကြိတ်ပေါ်တိိုင်း ကင်ဆာမဟုတ်ပါ။ အသက် အရွယ်၊အကြိတ် အရွယ် အစား၊ နာကျင်မှုရှိမရှိ စတာတွေနဲ့ ဆက်စပ်ပြီး ကင်ဆာ ဟုတ်လား မဟုတ်လား ခွဲလို့ရပါတယ်။
ရင်သားမှာ တွေ့ရတတ်တဲ့ အကြိတ် အမျိုးအစားတွေဟာ ဘာတွေလဲ။
ရင်သားရဲ့ ဖွဲ့စည်းတည်ဆောက်ပုံအရ ပုံမှန် ကိုင်ကြည့်ရင်ကို ခပ်ပျော့ပျော့ အဖု အထစ်ထစ်လေးတွေရှိနေတတ်ပါတယ်။ ရာသီလာခါနီး ကိုင်ကြည့်ရင် အကြိတ်ရှိသလိုတင်းတင်းလေး ဖြစ်နေတတ်ပြီး ဒါဟာ ပုံမှန်ပါပဲ။
အခြား အကြိတ်အမျိုးအစားတွေကတော့
- ရေအိတ်တည်ခြင်း
- နို့တိုက်မိခင်များ နို့ချောင်းပိတ်ပြီး အကြိတ်ဖြစ်ခြင်း
- နို့ထွက်များသော နို့တိုက်မိခင်များ နို့ကို မညှစ်ထုတ်ပါက နို့ချောင်း ပိတ်ဆို့ပြီး အကြိတ်ဖြစ်တတ်ပါတယ်။ သေချာ မညှစ်ထုတ်ပါက ပြည်တည်နာထိဖြစ်နိုင်ပါတယ်။
- ရင်သား ကြွက်သား အကြိတ်ဖြစ်ခြင်း
- သွေးလုံးဖြစ်ခြင်း
- အဆီကျိတ်ဖြစ်ခြင်း
- ရင်သားပိုးဝင်ပြီးယောင်ယမ်းခြင်း
- ရင်သားကင်ဆာ
တို့ဖြစ်ပါတယ်။
ရင်သာကင်ဆာ ဟာ အမျိုးသမီးတွေ မှာ အဖြစ် အများဆုံး ကင်ဆာ တခု ဖြစ်ပါတယ် ။ သို့သော် ရင်သားကင်ဆာဟာ ကုသလျှင် အရှင်းပျောက်နိုင်ပြီး သေဆုံးမှုနှုန်း နည်းသည့် ရောဂါဖြစ်သည့်အတွက် စောစော သိဖို့က အလွန် အရေးကြီးပါတယ်။
ဘယ် အချိန်တွေမှာ ဆရာဝန်နဲ့ ပြသသင့်သလဲ။
- ရင်သားတွင် ပုံမှန် မဟုတ်သော အကြိတ် စမ်းမိခြင်း
- ရာသီလာပြီးသွားသော်လဲ အကြိတ် က ပျောက်မသွားခြင်း
- အကြိတ်က တဖြည်းဖြည်းကြီးလာခြင်း
- ရင်သားတွင် အညိှကွက်များ ထွက်လာခြင်း
- နို့သီးခေါင်း ချိုင့်ဝင်ခြင်း
- နို့သီးခေါင်းမှအရည်များ၊သွေးများ ထွက်ခြင်း
- အကြိတ်မှာ နာကျင်မှုမရှိခြင်း
ပါက ဆရာဝန်နှင့် အမြန်ပြသင့်ပါတယ်။
ရင်သားအကြိတ်တွေကို ဘယ်လိုနည်းတွေနဲ့ ရောဂါရှာဖွေလို့ရပါသလဲ။
ရင်သားအကြိတ်ကို ကျွမ်းကျင်ဆရာဝန်တွေကိုယ်တိုင်စမ်းသပ်စစ်ဆေးသလို အောက်ပါ ရောဂါရှာဖွေးရေး ကိရိယာများကိုလဲ အသုံးပြုကြပါတယ်။
- ရင်သား ဓာတ်မှန် ရိုက်ခြင်း ( mamogram)
- အကြိတ်မှ အသားစယူခြင်း
- သွေးတွင်း ကင်ဆာဓာတ်စစ်ဆေးခြင်း
တို့ ဖြစ်ါတယ်။
အချုပ်အားဖြင့်ဆိုရလျှင် ရင်သားတွင် အကြိတ် ပေါ်ခဲ့ပါက အရမ်းမစိုးရိမ်ပါနှင့်။ပုံမှန် မဟုတ်ပဲ ထူးခြားနေပါက ကျွမ်းကျင်ဆရာဝန်နှင့်ပြသပြီး စောစီးစွာ စစ်ဆေးပါ။
Reference: healthline.com

Name | ဒေါက်တာ သဇင်ထက်(ဆေး- ၂) |
---|---|
Degrees | M.B.,B.S (ygn) |
Biography | အထွေထွေကျန်းမာရေးနဲ့ပတ်သတ်ပြီး လူနာများကို ဖြေကြားပေးခဲ့တာ ၁ နှစ်ရှိပါပြီ။ ဝိတိုရိယဆေးရုံ အရေးပေါ်ဌာနတွင် အရေးပေါ်ဆရာဝန်အဖြစ် ၆လ လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိ ပါရမီဆေးရုံ ရင်သွေးကျန်းမာရေး Call Center တွင် ကလေးကျန်းမာရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးပေးနေပါတယ်။ |
Topic |
စသည်တို့ကို ရင်းနှီးနွေးထွေးစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ |
Address | Parami General Hospital, Yangon. |