လသားကလေးငယ်လေးတွေရှိတဲ့ ဖေဖေ မေမေ တို.မှာ ညဘက်ကလေးငိုနေလို. စိတ်ပူပင်သောကရောက်ရတာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။

ကလေးတွေဟာ ဗိုက်ဆာလို.၊ သေးစိုနေလို.၊ပူလို.၊အေးလို.၊ လေထိုးလို.တွေအပြင် တစ်ခါတစ်ရံမှာ အလိုမကျလို. ငိုနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ စိတ်ပင်ပန်းရတဲ့ အချိန်တွေပေါ့။

အများစုက အိမ်တွင်းစောင့်ရှောက်မှုနည်းလမ်းလေးတွေနဲ့ ပြေလည်နိုင်တာမျိုးတွေဖြစ်နေတတ်ပြီးတချို.ကိစ္စတွေမှာတော့ ဆရာဝန်နဲ့တွေ.ပြီး စမ်းသပ်မှုတွေလုပ်တာ စစ်ဆေးတာတွေ လိုအပ်နိုင်ပါတယ်။

တစ်ခါတစ်ရံမှာ အိမ်မှာ မေမေ တစ်ယောက်တည်းဖြစ်နေတာ၊ညရေးညတာ သွားလာရခက်ခဲချိန်ဖြစ်နေတာ၊ရာသီဥတုကြောင့်အပြင်သွားဖို.ခက်နေတာ၊ခရီးသွားတဲ့လမ်းမှာဖြစ်နေတာ စတာတွေကြောင့် ဒီလိုကြုံတွေ.ရတဲ့အချိန်တွေမှာ ကျန်းမာရေးဆိုင်ရာဆွေးနွေးတိုင်ပင်မှုတွေကို ဘယ်လိုယူရမှန်း မသိ အခက်အခဲဖြစ်နေတာမျိုးရှိနိုင်ပါတယ်။

en_US