လူကြီးတွေမှာအဖြစ်များတဲ့ အရိုးကျိုးခြင်းကိုဘယ်လိုကာကွယ်ကြမလဲ။

ရေးသားသူ – Dr.Kyi Lei Hnin(M.B.,B.S.)

လူကြီးတွေမှာနာတာရှည် အိပ်ရာထဲလဲနေရခြင်းအကြောင်းများထဲမှ အဖြစ်အများဆုံးထဲတွင်အရိုးကျိုးခြင်းလည်းပါဝင်ပါတယ်။

အရိုးကျိုးခြင်းကိုဖြစ်စေနိုင်တဲ့အကြောင်းအရင်းများထဲမှအဖြစ်အများဆုံးကတော့ အရိုးပွခြင်းကြောင့်ပဲဖြစ်ပါတယ်။ အသက်ကြီးလာတာနှင့်အလျောက် အရိုးရဲ့သိပ်သည်းဆ နှင့် လုပ်ဆောင်မှုလည်းကျဆင်းလာပါတယ်။

အရိုးပွခြင်းကိုကာကွယ်ခြင်းဖြင့် အရိုးကျိုးခြင်းကိုကာကွယ်နိုင်ပါတယ်။ ယခုဆိုလျှင် ဆရာဝန်များညွှန်ကြားချက်ဖြင့်သောက်သုံးနိုင်သော အရိုးဆေးဝါးများရှိပါတယ်။ အောက်တွင်ဖော်ပြပေးသွားမှာကတော့ ဆေးဝါးအပြင် အခြားမိမိလုပ်ဆောင်နိုင်တဲ့ ကာကွယ်ခြင်းပဲဖြစ်ပါတယ်။

Calcium များသောအစားအစာများကိုစားသုံးပါ (ဒိန်ချဉ်၊ ဟင်းနုနွယ်၊ နွားနို့)

လမ်းလျှောက်ခြင်း၊ ကြိုးခုန်ခြင်း၊ ပြေးခြင်း အားကစားများပြုလုပ်နိုင်သည်။

ဤအားကစားများသည် ဟန်ချက်ညီခြင်း ကြွက်သားများသန်မာလာခြင်းတို့ဖြင့် ချောလဲခြင်းမှကာကွယ်ပေးနိုင်သည်။

ကဖင်းဓာတ်ကိုလျော့ချပါ။ ကဖင်းဓာတ်သည်ကိုယ်ခန္ဓာမှ calciumစုပ်ယူမှုအားကို လျော့ကျစေပါတယ်။

ဆေးလိပ်မသောက်ပါနှင့်။ ဆေးလိပ်သည် အရိုးကျန်းမာရေးကိုများစွာဆိုးကျိုးဖြစ်စေသည်။

အရက်အလွန်အကျွံသောက်ခြင်းကိုရှောင်ရှားပါ။ အလွန်အမင်းသောက်သုံးလျှင် Vitamin D ၏လုပ်ဆောင်မှုကို တာဆီးပြီး ပျက်ဆီးမှုနှုန်းကိုမြင့်မားစေပါတယ်။

အချို့ဆေးဝါးများသည် လူကိုနုန်းစေခြင်း အိပ်ငိုက်စေခြင်းများဖြစ်စေသည့်အတွက် ထိုဆေးဝါးများသောက်သုံးနေပါက မချော်လဲအောင် အထူးဂရုပြုပါ။

မျက်စိကိုပုံမှန်စစ်ဆေးပေးပါ။

မိမိ၏အိမ်တွင် မညီမညာဖြစ်နေသောမျက်နာပြင် ခလုတ်တိုက်စေနိုင်သောအရာများကိုရှောင်ရှားပါ။

ကျန်းမာရေးစစ်ဆေးမှုအနေဖြင့်အရိုး၏သိပ်သည်းစကိုစစ်ဆေးပါ။

 

Name Dr. Kyi Lei Hnin
Degrees M.B.,B.S (ygn)
Biography 2019 June မှာ Parami hospital, Yin Thway Call Centre မှာ medical officer အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ကလေးကျန်းမားရေး၊ အာဟာရပိုင်းဆိုင်ရာ၊ ကြီးထွားဖွံ့ဖြိုးမှုနှုန်းနဲ့ပတ်သက်သည်များကိုတိုင်ပင်ဆွေးနွေးပေးလျက်ရှိပါသည်။ ထို့အပြင် Dr.Htein Free Clinic တွင်ပြည်သူလူထုများအခမဲ့ကျန်းမားရေးလုပ်အားပေးကုသမှုများတွင်ပါဝင်ခဲ့ပါသည်။ 2020 Februaryမှစပြီး Apex Asia specialic clinic တွင် အချိန်ပိုင်းဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ 2020 July မှစတင်ပြီး Aryu Parla specialist clinic တွင် ဆရာဝန်အဖြစ်ဆေးကုသပေးလျက်ရှိပါသည်။ လူကြီးရောဂါ၊ နာတာရှည်ရောဂါများကိုလည်းကုသပေးလျက်ရှိပါသည်။
Topic
  • ကလေးကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာများ၊ အာဟာရပိုင်းဆိုင်ရာများ၊ ကျန်းမာရေးနဲ့ပတ်သက်သည်များ
  • လူကြီးများ၏နာတာရှည် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အရိုးရောဂါများ နှင့် အထွေထွေရောဂါများအကြောင်း
  • သားဖွားမီးယပ်နှင့် မိန်းကလေးများနှင့်ပတ်သက်သည့်ရောဂါများအကြောင်း
  • စသည်တို့ကို ရင်းနှီးစွာ တိုင်ပင်ဆွးနွေးနိုင်ပါသည်။
Address Parami General Hospital
en_US