လူကြီးတွေမှာအဖြစ်များတဲ့ပခုံးအဆစ်ယောင်၍အကြောဆိုင်းရောဂါ (Frozen Shoulder) ဆိုတာဘယ်လိုရောဂါမျိုးဖြစ်သလဲ။
ရေးသားသူ – Dr.Kyi Lei Hnin(M.B.,B.S.)
ဒီရောဂါမှာတော့ ပုခုံးအဆစ်နေရာမှာ တောင့်ပြီး လှုပ်ရှားရတာခက်ခဲခြင်း လှုပ်ရှားလျှင်နာခြင်းတို့ဖြစ်စေပါတယ်။ တဖြေးဖြေးနဲ့နာလာရာမှ အချိန်ကြာလာသည်နှင့်အလျှောက်ပို၍ဆိုးလာနိုင်ပါတယ်။ လေဖြတ်ပြီးစ သို့မဟုတ် ခွဲစိတ်ပြီးခါစလူနာတွေမှာ လှုပ်ရှားချိန်နည်းပါးမှုကြောင့်လည်းပိုဖြစ်စေနိုင်ပါတယ်။
သူ့ရဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်းအဆင့်သုံးဆင့်ခွဲခြားထားပါတယ်။
- freezing stage (ခဲခါနီးအချိန်) ဒီကာလအတွင်းမှာတော့ လှုပ်ရှားတိုင်းနာကျင်နေမယ်။ လှုပ်ရှားဖို့လည်းခက်နေပါမယ်။
- Frozen stage (ခဲနေသည့်အချိန်) ဒီအချိန်မှာတော့ နာတာတဖြေးဖြေးသက်သာလာပါမယိ။ ဒါပေမယ့်ပိုပြီးတော့ တောင့်နေပြီး လှုပ်ရှားတာခက်နေပါဦးမယ်။
- Thawing stage (ပျော်သည့်အချိန်) လှုပ်ရှားရတာပြန်လွယ်ကူလာပြီး နာတာလည်းလျော့နည်းလာပါတယ်။
ဘယ်သူတွေမှာဖြစ်နိုင်သလဲ။
- အသက်၄၀ကျော်များနှင့်အမျိုးသမီးများ
- လှုပ်ရှားမှုနည်းသူများ
- ဆီးချိုရောဂါသည်များ၊ သိုင်းရွိုတ်( Thyroid) ရောဂါ၊
- နှလုံးရောဂါအခံရှိသူများ
တွင်လည်းတွေ့နိုင်သည်။
ဘယ်လိုကာကွယ်မလဲ။
သင်နာတာရှည်ရောဂါတစ်ခုခုကြောင့်လှုပ်ရှားမှုနည်းနေချိန်တွင်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးကာအရိုးအဆစ်ပြန်လည်ကျန်းမာရေးလေကျင့်မှုလုပ်ဆောင်ခြင်းဖြင့်လျော့ချနိုင်ပါတယ်။
ဘယ်လိုကုသမလဲ။
အကိုက်အခဲပျောက်ဆေးကိုဆရာဝန်ညွှန်ကြားသည့်အတိုင်းသောက်သုံးနိုင်သည်။
ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများပြုလုပ်နိုင်သည်။
ရောဂါလက္ခဏာသည် ၁နှစ်မှ ၁နှစ်ခွဲအထိကြာရှည်နိုင်သည်။
ထိုအချိန်ကာလထက်ပို၍ကြာရှည်ပြီးမပျောက်ကင်းပါက စတီးရွိုက်(Steroid) ထိုးခြင်း ခွဲစိတ်ခြင်းတို့ပြုလုပ်နိုင်သည်။

Name | Dr. Kyi Lei Hnin |
---|---|
Degrees | M.B.,B.S (ygn) |
Biography | 2019 June မှာ Parami hospital, Yin Thway Call Centre မှာ medical officer အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ကလေးကျန်းမားရေး၊ အာဟာရပိုင်းဆိုင်ရာ၊ ကြီးထွားဖွံ့ဖြိုးမှုနှုန်းနဲ့ပတ်သက်သည်များကိုတိုင်ပင်ဆွေးနွေးပေးလျက်ရှိပါသည်။ ထို့အပြင် Dr.Htein Free Clinic တွင်ပြည်သူလူထုများအခမဲ့ကျန်းမားရေးလုပ်အားပေးကုသမှုများတွင်ပါဝင်ခဲ့ပါသည်။ 2020 Februaryမှစပြီး Apex Asia specialic clinic တွင် အချိန်ပိုင်းဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ 2020 July မှစတင်ပြီး Aryu Parla specialist clinic တွင် ဆရာဝန်အဖြစ်ဆေးကုသပေးလျက်ရှိပါသည်။ လူကြီးရောဂါ၊ နာတာရှည်ရောဂါများကိုလည်းကုသပေးလျက်ရှိပါသည်။ |
Topic |
|
Address | Parami General Hospital |