လူငယ်တွေ မဖြစ်မနေ သိရှိထားရမယ့် အရေးပေါ် သန္ဓေတားဆေး ရဲ့ ဆိုးကျိုးများ

ဈေးကွက်ထဲမှာ ဝင်ရောက်လာတဲ့ အရေးပေါ်သန္ဓေတားဆေးတွေဟာ လွယ်လင့်တကူဝယ်လို့ရလာသလို၊ ဒီဆေး တွေအကြောင်းကို သေသေချာချာနားမလည်ဘဲ သမီးရည်းစားချင်း နှစ်ကိုယ်ကြားတွေ့ပြီဆိုတာ နဲ့ ဒီဆေးတွေကိုတိုက်လိုက်ရင် ကိစ္စပြီးပြီလို့ ထင်တတ်ကြပါတယ်။

ဒီလိုတွေးပြီးပြုမူတာဟာ ရေရှည်မှာ ကိုယ်ချစ်ရသူ မိန်းကလေး ကို ကျန်းမာရေးဆိုင်ရာထိခိုက်မှုတွေ ကိုဖြစ်ပေါ်စေနိုင်တယ်နော်။ မိန်းကလေးတွေ အနေနဲ့လည်း၊ ချစ်ရသူရဲ့ ဆန္ဒကိုလိုက်လျောထားပေမယ့် အခုလို အကြိမ်တိုင်းမှာ အရေးပေါ်ဆေးတွေကို ခဏခဏတိုက်တာကြုံနေရပြီ ဆိုရင် ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့ ဝန်မလေးစေချင်ပါဘူးရှင်။

အရေးပေါ် တားဆေး ( emergency contraceptive pills ) တွေဟာ မမျှော်လင့်တဲ့ လိင်ဆက်ဆံခြင်းတွေ၊ အဓမ္မပြုကျင့်ခံရတဲ့ အခါ မလိုလားအပ်တဲ့ကိုယ်ဝန်မရအောင် ကာကွယ်တဲ့ နေရာတွေမှာ အသုံးပြုရတာပါ။

အရေးပေါ်အခြေအနေ မှာ သုံးရတာဖြစ်တဲ့ အတွက် နေ့စဉ်သောက်ရတဲ့ တားဆေးကဒ်တွေလို အသုံးမပြုသင့်ပါဘူး နော်။
အရေးပေါ်သန္ဓေတားဆေးတွေ ကို မကြာခဏ အသုံးပြုနေတဲ့အမျိုးသမီးတွေဟာ
ရင်သားတွေကိုက်ခဲတာ
မူးဝေအော့အန်တာ
ခေါင်းကိုက်တာတွေကို ဘေးထွက်ဆိုးကျိုးအနေ နဲ့ ခံစားရတတ်ပါတယ်နော်။
ရေရှည်သောက်သုံးနေမယ်ဆို ကလေးမရနိုင်တော့ဘဲ မြုံသွားတဲ့အထိ ဆိုးကျိုးတွေ ကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။

ဒါ့အပြင် ဆေးသောက်ပြီးတဲ့နောက်ပိုင်းမှာ
– ရာသီလာတဲ့အခါ သွေးအရောင်ပြောင်းသွားတာ(သို့)အနံ့ဆိုးတွေထွက်လာတာ
– ရုတ်တရက် အကြောင်းအရင်းမရှိ အဖျားဝင်တာ
– ဝမ်းဗိုက် နဲ့ တင်ပါးဆုံ နေရာတွေက အောင့်လာတာ
– လိင်ဆက်ဆံစဉ် နာကျင်တာ
– မိန်းမကိုယ် က သွေးတွေ မရပ်ဘဲ ဆင်းနေတာ ဖြစ်နေခဲ့ရင်တော့ဆရာဝန်တယောက်နဲ့ ဆွေးနွေးဖို့ တိုက်တွန်းပါရစေရှင်။

en_US