လူငယ်နှင့် ခေါင်းကိုက်ဝေဒနာ

ရေးသားသူ – Dr.Kyi Lei Hnin(M.B.,B.S.)

ခေါင်းကိုက်ခြင်းဟုဆိုရာတွင်ခေါင်းကိုက်ခြင်းကိုဖြစ်စေနိုင်သည့်အကြောင်းအရင်းမျိုးစုံရှိပါသည်။
လူငယ်တွေမှာအဖြစ်များဆုံးကတော့ Tension Headache လို့ခေါ်တဲ့စိတ်ဖိစီးခြင်း၊ စိုးရိမ်ပူပန်မှုများခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကြောင့်ဖြစ်စေနိုင်တဲ့ ခေါင်းကိုက်ခြင်းပဲ ဖြစ်ပါတယ်။

ယနေ့ခေတ်ကာလမှာ screen timeသုံးတာများလာတာနဲ့အလျောက် အာရုံစူးစိုက်မှုများခြင်း၊လည်ပင်းနဲ့ကျောထိုင်တဲ့ပုံစံအနေအထားမမှန်ခြင်းတို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။

ခေါင်းကိုက်လာပြီဆိုလျှင်ခေါင်းမှာသားရေပတ်ပတ်ထားသလိုဆွဲတင်းနေအောင်ကိုက်တာမျိုးနဲ့လည်းလာနိုင်ပါတယ်။

လူငယ်အများစုမှာတော့ရံဖန်ရံခါကိုက်နိုင်သလို တစ်လကို၁၅ကြိမ်နဲ့အထက်ထိတောင်ကိုက်နိုင်ပါတယ်။

ဘယ်လိုကာကွယ်ကျမလဲ ?

  • ကောင်းမွန်စွာအနားယူပါ။
  • အာဟာရမျှတစွာ စားသုံးပါ။
  • အိပ်ချိန်မှန်ကန်စွာအိပ်ပါ။ အိပ်ရေးဝဝအိပ်ပါ။
  • အရက်အလွံအကျွံသောက်သုံးခြင်းနှင့်မူးယစ်ဆေးသုံးဆွဲခြင်းကိုရှောင်ရှားပါ။
  • နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။
  • မျက်လုံးကိုအနားပေးပါ။ screen timeကြာလာလျှင်လည်းဆက်မသုံးခင်မိနစ်၂၀လောက်အနားပေးပါ။
  • ရေနွေးပူဖြင့်ရေချိုးပါ။ရေခဲဝတ်ကိုညောင်းညာနေတဲ့ကြွက်သားတွေက်ုကပ်ပေးပါ။
  • အနေအထားမှန်မှန်ထိုင်ပါ၊ လမ်းလျှောက်ပါ။
  • ခေါင်းကိုက်လျှင် ဆေးဆိုင်တွင်ဝယ်၍ရသော Paracetamol, Ibuprofen စသည့်ဆေးများကိုသောက်သုံးနိုင်ပါတယ်။

မသက်သာလျှင်တော့ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

စိတ်ဖိစီးမှုကြောင့်မဟုတ်ပဲ အခြားခေါင်းကိုက်စေနိုင်တဲ့အရာတွေကဘာတွေဖြစ်မလဲ ?

  • ရာသီပေါ်တုပ်ကွေး၊ အခြားဘက်တီးရီးယားinfection ဝင်ပြီးရင်လည်းခေါင်းကိုက်နိုင်ပါတယ်။
  • ခေါင်းမှာစူးစူးပြီးကိုက်ခြင်း ခေါင်းထိုးပြီးကိုက်တဲ့လက္ခဏာမျိုးဖြစ်နိုင်ပါတယ်။
  • migraine(မိုင်ဂရိမ်း)ခေါ် ခေါင်းတစ်ခြမ်းကိုက်ခြင်း-ခေါင်းတစ်ခြမ်းကိုက်ခြင်းရောဂါတွင် မူးဝေခြင်း၊နှစ်ထပ်မြင်ခြင်း၊အမြင်ဝေဝါးခြင်း၊အန်ခြင်းတို့နှင့်ပါတွဲနိုင်သည်။
  • ခေါင်းကိုက်နေစဉ်အတွင်း အလင်းစူးစူး၊အနံ့စူးစူးများမခံနိုင်တာပါကြုံတွေ့နိုင်ပါတယ်။

နာတာရှည်ပို၍ဆိုးလာသောခေါင်းကိုက်မှုရဲ့နောက်ဆက်တွဲဘာရောဂါတွေဖြစ်နိုင်သလဲ ?

  • ဦးနှောက်ပိုးဝင်ခြင်း
  • ဦးနှောက်အမှေးပါးယောင်ခြင်း
  • သွေးခဲပိတ်ခြင်း
  • အကျိတ်တည်ခြင်း

ဘယ်အရေးကြီးလက္ခဏာတွေကိုစောင့်ကြည့်ထားရမလဲ ?
အထက်ဖော်ပြပါနည်းလမ်းများနှင့်မသက်သာလျှင် ရက်ရှည်ကြာကိုက်ခဲနေလျှင်၊ ထုံကြဉ်မှုခံစားရလျှင်၊ လှုပ်ရှားသွားလာရတာ စကားပြောဆိုရတာလေးလာလျှင်၊ အန်လာလျှင် နီးစပ်ရာကျန်းမာရေးစောင့်ရှောက်မှုခံယူသင့်ပါသည်။

Name Dr. Kyi Lei Hnin
Degrees M.B.,B.S (ygn)
Biography 2019 June မှာ Parami hospital, Yin Thway Call Centre မှာ medical officer အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ကလေးကျန်းမားရေး၊ အာဟာရပိုင်းဆိုင်ရာ၊ ကြီးထွားဖွံ့ဖြိုးမှုနှုန်းနဲ့ပတ်သက်သည်များကိုတိုင်ပင်ဆွေးနွေးပေးလျက်ရှိပါသည်။ ထို့အပြင် Dr.Htein Free Clinic တွင်ပြည်သူလူထုများအခမဲ့ကျန်းမားရေးလုပ်အားပေးကုသမှုများတွင်ပါဝင်ခဲ့ပါသည်။ 2020 Februaryမှစပြီး Apex Asia specialic clinic တွင် အချိန်ပိုင်းဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ 2020 July မှစတင်ပြီး Aryu Parla specialist clinic တွင် ဆရာဝန်အဖြစ်ဆေးကုသပေးလျက်ရှိပါသည်။ လူကြီးရောဂါ၊ နာတာရှည်ရောဂါများကိုလည်းကုသပေးလျက်ရှိပါသည်။
Topic
  • ကလေးကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာများ၊ အာဟာရပိုင်းဆိုင်ရာများ၊ ကျန်းမာရေးနဲ့ပတ်သက်သည်များ
  • လူကြီးများ၏နာတာရှည် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အရိုးရောဂါများ နှင့် အထွေထွေရောဂါများအကြောင်း
  • သားဖွားမီးယပ်နှင့် မိန်းကလေးများနှင့်ပတ်သက်သည့်ရောဂါများအကြောင်း
  • စသည်တို့ကို ရင်းနှီးစွာ တိုင်ပင်ဆွးနွေးနိုင်ပါသည်။
Address Parami General Hospital
en_US