လေဖြတ်တယ်ဆိုတာဘာလည်း ?

ရေးသားသူ – ဒေါက်တာ ခင်ဆွေသက်

အလွယ်ပြောရရင်တော့ ဦးနှောက်ကို သွေးမရောက်တဲ့အခါ လေဖြတ်နိုင်ပါတယ်။

ဘာကြောင့်လေဖြတ်ရတာလည်း?

လေဖြတ်ရခြင်း အကြောင်းအရင်း နှစ်မျိူးရှိပါတယ်

  • ဦးနှောက်သွေးကြောပိတ်တာကြောင့် ( သွေးခဲတာလို့လည်း ခေါ်ပါတယ် )
  • ဦးနှောက်ထဲသွေးယိုစိမ့်မှုကြောင့်

ဖြစ်ပါတယ်

တချို့ကတော့ ဦးနှောက်ထဲ သွေးခဏတာသာပြတ်တောက်မှုဖြစ်ပြီး ချက်ချင်းပြန်သက်သာသွားတာမျိူးကိုတော့ လေဖြန်းတယ်လို့ခေါ်ပါတယ်။

ဘာကြောင့်လေဖြတ်ရတာလည်း ?

  • ထိန်းချုပ်မရလောက်အောင်သွေးအဆမတန်တိုးခြင်း
  • ဆေးများကြောင့်အဆမတန်သွေးကျဲခြင်း
  • သွေးကြောနံရံများ အားနည်းလာခြင်းကြောင့် ဖောင်းလာခြင်း
  • ထိခိုက်ဒဏ်ရာရရှိခြင်း
  • သွေးကြောအတွင်းအသားဓာတ်များစုပုံခြင်းကြောင့်သွေးကြောနံရံများအားနည်းလာခြင်း
  • ဦးနှောက်သွေးယိုစိမ့်ခြင်း သို့ သွေးခဲခြင်း
  • ဒီလိုမျိူးအကြောင်းအရာတွေရှိရင်လေဖြတ်တတ်ပါတယ်။

ဘယ်လိုလူတွေက ပိုဖြစ်နိုင်လည်း ?

  • ကိုယ်အလေးချိန်များတဲ့လူ
  • လှုပ်ရှားမှုနည်းတဲ့လူတွေ
  • အရက် ဆေးလိပ်သောက်သူ
  • သွေးတွင်းအဆီများသူ
  • ဆီးချို ဝေဒနာရှင်
  • နှလုံးရောဂါအခံရှိသူ
  • မိသားစုအတွင်းလေဖြတ်ဖူးသူရှိသူ
  • တချို့သောဆေးတွေသောက်နေသူ တွေမှာပိုဖြစ်နိုင်ပါတယ်။

လေဖြတ်တာကြောင့် ဘာတွေဖြစ်သွားနိုင်သလည်း?

  • လေဖြတ်တဲ့အခါ မှတ်ဉာဏ်နဲ့တွေးခေါ်မှုဆိုင်ရာပြသာနာ
  • အမြင်အာရုံထိခိုက်ခြင်း
  • စကားပြောဆိုရာခက်ခဲခြင်း
  • အစာ/ရေမျိူချရ ခက်ခဲခြင်း
  • လက်မောင်းနဲ့လက် ခြေထောက် အားနည်းခြင်း
  • ဆီးဝမ်းမထိန်းချုပ်နိုင်ခြင်း
  • လက်ချောင်းလေးများ အရေပြား ထုံကျင်ခြင်း
  • ကြွက်သားနဲ့အရိုးနာကျင်ခြင်း

စသည်ဖြင့်တကိုယ်လုံးကို ထိခိုက်နိုင်ပါတယ်။

ကုသမှုကိုသေချာစွာခံယူသင့်ပြီး လေဖြတ်တဲ့ အကြောင်းအရာအလိုက် ကုသမှုတွေကွဲပြားပါတယ် ။

ပြန်လည်သက်သာလာတာနဲ့ ပုံမှန်လူတစ်ယောက်လိုပဲ စကားတွေပြန်ပြောနိုင်လာ လမ်းလျှောက်လာနိုင်ကြပါတယ်။ တချို့က အချိန်တိုအတွင်းပြန်ကောင်းပြီးအချို့ကတော့ေ လ့ကျင့်ခန်းတွေလုပ်ပြီး ပြန်ကောင်းဖို့ အချိန်ယူရပါတယ်။

ဘယ်လိုရောကာကွယ်လို့ရမလည်း ?

  • ကိုယ်အလေးချိန်လျော့ချခြင်း
  • လေ့ကျင့်ခန်းပြုလုပ်ခြင်း
  • အရက်ဆေးလိပ်မသောက်သုံးခြင်း
  • အဆီအစိမ့်တွေလျော့စားခြင်း
  • ရောဂါအခံရှိလျှင် သေချာစွာကုသခြင်း
  • ဆေးများကို ဆရာဝန်နှင့်တိုင်ပင်ပြီး ညွှန်ကြားသည့်အတိုင်းသောက်သုံးခြင်း

တို့ ပြုလုပ်ခြင်းဖြင့်ကာကွယ်လို့ရပါတယ်။

ဘယ်လိုလက္ခဏာတွေကိုသတိထားရမလည်း ?

  • ခြေတွေလက်တွေ ရုတ်တရတ်ထုံကျင်တာမျိူး၊ အားနည်းတာမျိူး
  • စကားပြောဖို့ ခက်ခဲခြင်း၊သေချာစွာရှင်းလင်းစွာမပြောနိုင်ခြင်း
  • ရုတ်တရက်အမြင်အာရုံဝေဝါးခြင်း၊အမြင်အာရုံပျောက်ကွယ်ခြင်း
  • ရုတ်တရက် မှတ်ဉာဏ်ဝေဝါးခြင်း၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ မူးဝေလဲကျခြင်း
  • ရုတ်တရတ် အပြင်းအထန်ခေါင်းကိုက်ခြင်း

စသည့်အခြေအနေများရှိလျှင်နီးစပ်ရာဆေးရုံဆေးခန်းကို ချက်ချင်းသွားရောက်သင့်ပါတယ်။

Name ဒေါက်တာ ခင်ဆွေသက်
Degrees
Biography
Topic
Address
en_USEN