ဝက်ခြံအတွက် လိုက်နာသင့်တဲ့ အချက်လေးများအကြောင်းသိကောင်းစရာ

ရေးသားသူ – ဒေါက်တာရည်လဲ့ထွန်း (Beautify Clinic) / MBBS (UM1) / MSc Dermatology (Thailand)

ဝက်ခြံက ဆယ်ကျော်သက်တွေ လူလတ်ပိုင်းတွေ အများစု မှာဖြစ်လေ့ ဖြစ်ထ ရှိတတ်တဲ့ အရေပြား ပြသနာ တခု ဖြစ်ပါတယ်။

ဝက်ခြံ အရမ်းမဆိုးပါက ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ Cream နဲ့ တချို့ အချက်လေးတွေ လိုက်နာရင် ပျောက်ကင်းပါတယ်။

အကယ်လို့ ဝက်ခြံက ပိုဆိုးလာပြီးတော့ ဆေးခန်းသွားပြဖို့လည်း အဆင်မပြေဘူး ဆိုရင် အောက်က အချက်လေးတွေကို လိုက်နာခြင်းဖြင့် ပိုမဆိုးဘဲ သက်သာ ပျောက်ကင်းနိုင်ပါတယ်။

ဝက်ခြံသမားတွေ အတွက် ဝက်ခြံကို ပိုမဆိုးစေဘဲ သက်သာ ပျောက်ကင်းစေဖို့ လိုက်နာဖို့ အချက်လေးတွေက လွယ်ကူ ရိုးရှင်းပါတယ်။

  • ဝမ်းမချုပ်အောင် လုပ်ပါ။
  • အစားသောက်ပုံစံကို ပြောင်းလဲပါ။
  • အသီးရွက် ကို များများစားပေးပါ။ Detoxification လုပ်ပေးတဲ့ အားဆေးတွေ သောက်သုံးပေးနိုင်ပါတယ်။
  • ကိုယ်က အမြဲလိုလို စိတ်ရှုပ်တတ်တဲ့ သူ ၊ stress များတဲ့သူ ဆိုရင် အဲ့ အကျင့် ကို ပြောင်းလဲ ပေးပါ။ တရားမှတ်ခြင်း၊ တရားထိုင်ခြင်းတွေလုပ်ပေးပါ။

နောက်ဆုံး အချက်က တော့ အရမ်းအရေးကြီးပါတယ်။

မျက်နှာကို သန့်ရှင်းအောင်ထားပါ။ ****
အဓိက ထူတဲ့ မိတ်ကပ်တွေ လိမ်းခြယ်တာကို ရှောင်ပေးပါ။ မိတ်ကပ်အလှကုန်တွေမှာ အသားရေကို irritate ဖြစ်စေပြီးတော့ ချွေးပေါက်ကို ပိတ်စေတဲ့ အရာတွေ ပါဝင် လို့ ဝက်ခြံကုိပိုလို့ ရောင်ရမ်းစေပါတယ်။

မိတ်ကပ် ရွေးခြယ်ရာမှာလည်း water base makeup ကို သာ သုံးစွဲသင့်ပါတယ်။ ဝက်ခြံသမားတွေ အတွက် မိတ်ကပ်ကို ရံဖန်ရံခါ လောက်ပဲ လိမ်းဖြစ်တာ အကောင်းဆုံးပါ။

မျက်နှာ နဲ့ ဝက်ခြံ ရှိတဲ့ နေရာကို လက်နဲ့ တချိန်လုံး မကိုင်ဖို့လည်း အရေးကြီးပါတယ်။

ချွေးပေါက်ပွင့်အောင်လို့ သန့်စင်တဲ့ ရေနွေး သဘက်လေးနဲ့ တပါတ်ကို ၂ကြိမ်-၃ကြိမ် အသာယာ အသုံးပြု နိုင်ပါတယ်။

ဝက်ခြံက ပွင့်သွားလို့ရှိရင်လည်း လက်နဲ့ ညှစ်တာမျိုးတွေ မလုပ်ပါနဲ့။

မျက်နှာကို ဝက်ခြံ အတွက် ထုတ်ထားတဲ့ မျက်နှာသစ်ဆပ်ပြာနဲ့ သစ်ပေးပါ။

ဝက်ခြံ ဆိုးရင်တော့ မြန်မြန် သက်သာဖို့ ရယ် မလိုအပ်ပဲ ဝက်ခြံ အမာရွတ် မကျန်စေဖို့ အရေပြား ဆရာဝန်နဲ့ သွားရောက် တိုင်ပင်ကုသသင့်ပါတယ်။

အားလုံးကို ဝက်ခြံကင်းစင်ပြီး မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိစေရန် ဆုတောင်းပေးလျှက်….

Name ဒေါက်တာရည်လဲ့ထွန်း
Degrees
Biography
Topic
Address
en_US