လူတိုင်းကြုံတွေ့ရလေ့ရှိတဲ့ပြသာနာတစ်မျိုးကတော့ ဝမ်းချုပ်ခြင်းဖြစ်ပါတယ်။

ရေးသားသူ – ဒေါက်တာ ခင်ဆွေသန်း

ဝမ်းချုပ်ရတဲ့အကြောင်းအရာ အများကြီးရှိပါတယ်။

  • အစားအစာထဲမှာအမျှင်ဓာတ်မပါတာမျိူး
  • ရေကိုလုံလောက်အောင်မသောက်သုံးတာမျိူး
  • ကိုယ်ခန္ဓာလှုပ်ရှားမှုမရှိတာမျိူး
  • စိတ်ဖိစီးတာမျိူး
  • ဝမ်းသွားဖို့ကိုအောင့်ထားတာမျိူး
  • တစ်ချို့သောဆေးများသောက်သုံးနေခြင်း
  • ကျန်းမာရေး ရောဂါ ဥပမာ သိုင်းရှိုက်ရောဂါ

စသည်တို့ကြောင့်ဖြစ်တတ်ပါတယ်။

ဝမ်းချုပ်တယ်လို့ ဘယ်အချိန်ခေါ်လည်း

  • တစ်ပတ်ကို သုံးကြိမ်ထက်နည်းပြီးဝမ်းသွားတဲ့အခါ
  • ဝမ်းတွေက အရမ်းမာနေပြီး သွားရခက်တဲ့အခါမျိူး
  • ဗိုက်တွေအောင့်ပြီး ဝမ်းသွားလို့မရတဲ့အခါ
  • ဝမ်းသွားပြီးပေမယ့်လည်း ဝမ်းကျန်နေတယ်လို့ခံစားရတဲ့ အခါ မျိူး

ကို ဝမ်းချုပ်တယ်လို့ခေါ်ပါတယ်။

ဝမ်းချုပ်တဲ့အခါ ဘာတွေဖြစ်နိုင်လည်း

  • ဝမ်းချုပ်တဲ့အခါ ညစ်ရတဲ့အတွက်
  • စအိုတစ်ဝိုက်က သွေးကြောလေးများယောင်ယမ်းလာခြင်းကြောင့် လိပ်ခေါင်းဖြစ်ခြင်း
  • စအို ဘေးပတ်ပတ်လည် ဝမ်းမာတွေဖြတ်သွားခြင်းကြောင့်
  • စအိုကွဲခြင်း
  • ဝမ်းတွေ စုပုံနေပြီးစမြင်းလုံးခံနေတာမျိူး

စတာတွေဖြစ်နိုင်ပါတယ်။

ဒါဆိုဝမ်းချုပ်တာအတွက်ဘာတွေလုပ်ရမလည်း

  • ရေတစ်နေ့ကို တစ်လီတာကနေ နှစ်လီတာအတွင်းသောက်သုံးပေးပါ
  • ကော်ဖီအအေး အစရှိတာတွေက ခန္ဓာကိုယ်ထဲက ရေဓာတ်ခမ်းခြောက်စေနိုင်လို့ လျော့သောက်ပါ
  • အစာအာဟာရ အုပ်စုသုံးခုမျှတစွာစားသုံးပေးပါ
  • အသီးအရွက်အမျှင်ဓာတ်ပါတဲ့အသီးအနှံ တွေစားသုံးပေးပါ
  • လှုပ်လှုပ်ရှားရှားနေပေးပါ
  • ဒိန်ချဥ် နွားနို့ အစရှိတဲ့ ဝမ်းနူးစားတွေစားသောက်ပေးပါ
  • ဝမ်းသွားနေတုန်း အိမ်သာထဲမှာ ဖုန်းအကြာကြီးမသုံးပါနဲ့
  • ဝမ်းသွားချင်တဲ့အခါ ချက်ချင်းသွားပါ အောင့်မထားပါနဲ့

ဒီလိုမျိူး အပြုအမူနေထိုင်မှုပြောင်းလဲလိုက်တဲ့ အခါ ဝမ်းချုပ်နေတာအများစုက သက်သာသွားလေ့ရှိပါတယ်။

ဘယ်အချိန်တွေမှာစိတ်ပူရမလည်း

  • ဝမ်းထဲမှာသွေးတွေတွေ့ တာမျိူး
  • အစားအသောက်ပျက်
  • ဝိတ်ချနေတာမဟုတ်ပဲ ကိုယ်အလေးချိန်အလွန်အမင်းကျဆင်းလာတာမျိူး
  • ဝမ်းသွားတိုင်း မခံမရပ်နိုင်လောက်အောင်နာကျင်တာမျိူး
  • ဝမ်းချုပ်တာ သုံးပတ်နဲ့အထက်ကြာနေတာမျိူး

ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဘာကြောင့်ဖြစ်ရလည်းဆိုတာ ရှာဖွေဖို့ ချက်ခြင်းသွားရောက်ပြသ သင့်ပါတယ်။

Ref clevelandclinic.org

Name ဒေါက်တာ ခင်ဆွေသန်း (M.B.B.S)
Degrees M.B.,B.S (ygn)
Biography

ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ။

Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။

Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။

Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။

Topic

အထွေထွေကျန်းမာရေးဆိုင်ရာ ပြဿနာများ

ကလေးကျန်းမာရေးဆိုင်ရာပြဿနာများကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

Address Parami General Hospital, Yangon
en_US