၀မ်းပျက်ဝမ်းလျှော နှင့် ကလေးငယ်အစာအာဟာရ အကြောင်းသိကောင်းစရာ (အပိုင်း ၃)
ရေးသားသူ – ဒေါက်တာ စိုးမြင့်ဝင်း
ဝမ်းလျှောနေတဲ့ အချိန်မှာ ဘယ်လို အစားအစာတွေကျွေးမလဲ /ဘာတွေရှောင်ရမလဲ
မြန်မာလူမျိုးတွေရဲ့ ဓလေ့ထုံးစံ အရ ဝမ်းလျှောနေတဲ့ ကလေး တွေကို ဆိုရင် ထမင်း မကျွေးကြပဲ ဆန်ပြုတ် ၊ မြူစွန်ပြုတ် ၊ ကြက်ပြုတ်ရည် အသားပြုတ်ရည် စတာတွေကို ပဲ ထပ်တလဲလဲ ကျွေးလေ့ရှိကြပါတယ်။
ဒါအပြင် အသီးအနှံ၊အသား ငါး ၊ ပဲ စတဲ့ တခြားဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင် အစားအစာတွေကို ဝမ်းနှုး မယ် အစာ မကြေဘူး လေပွတယ် ….. စတဲ့ ထင်မြင်ယူဆချက်တွေနဲ့ကလေးငယ်အတွက်တကယ်လိုအပ်နေတဲ့ အာဟာရတွေ မပေးပဲတားဆီးနေကြပါတယ်။
ဒါဟာတကယ်ပဲ မှားယွင်းနေပါတယ် ဒီတော့ဘယ်လိုကျွေးကြမလဲ
ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ ကလေး ၊ ဖြစ်ပြီးသွားတဲ့ ကလေးတွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ အစားအသောက်စားချင်စိတ်နဲ သွားတတ်ပြီး ဒီအချိန်မှာ ကလေးတွေကို အစားကျွေးရခက်တတ်တာ သဘာ၀ ဖြစ်ပါတယ်။
ဒါကြောင့်ပထမဆုံးအချက်နဲ့ အရေးအကြီးဆုံး အချက် ကတော့ အစားကျွေးတဲ့ မိခင် /ကလေးစောင့်ရှောင်သူတွေဟာ ဒီအချိန်အတွင်းမှာ စိတ်ကို ကြိုတင်ပြင်ဆင်ထားပြီး ကလေးတွေကို စိတ်ရှည်နားလည်ပေးထားဖို့ လိုပါတယ်။
- ပမာဏ နည်းနည်းနဲ့ အကြိမ်များများကျွေးပေးပါ
- အစားအစာကို သာမက ရေ/ဓာတ်ဆားရည်ကိုပါ ဇွန်းနဲ့ တစ်ဇွန်းချင်း တိုက်ကျွေးပေးပါ
- ကလေးကို အချိန်မှန်မှန် ကျွေးပေးပါ
- အလောတကြီးစားခြင်း ၊ တစ်ကြိမ်နှင့် ပမာဏ များများစားခြင်းများက ပြန်အန်စေတတ်ပြီး ကလေးကို အစာကျွေးရပိုခက်စေတတ်ပါတယ် ၊ ဘာတွေကျွေးရမလဲ ။
- အသားဆန်ပြုတ်/ နို့ဆန်ပြုတ် စတဲ့ ပျော့ပြောင်းပြီး အစာကြေလွယ်တာမျိုး က စကျွေးပေးပါ။
ကလေးဟာ ကောင်းကောင်းစားနိုင်တယ်ဆိုရင် ဝမ်းပျက်ပြီးပထမနေ့ကတည်း က ပုံမှန်စားနေကျထမင်းနှင့်ဟင်းကျွေးနိုင်ပါတယ်။ (တစ်နှစ်အောက်ကလေးငယ်များတွင်
နို့ များများပိုတိုက်ပေးပါ၊ဖြည့်စွက်စာပုံမှန်အတိုင်းကျွေးပါ)။
ဟင်းသီးဟင်းရွက် အသီးအနှံ အသားငါး ပုံမှန်အတိုင်းကျွေးလို့ ရပါတယ်။
နို့နှင့်နို့ထွက်ပစ္စည်းများကို ဆရာဝန်မှ Lactose free/ပဲနို့မုန့် တိုက်ခိုင်းထားတဲ့ကလေးငယ်တွေ မှလွဲပြီး ကျန် ကလေးများမှာ ပုံမှန်အတိုင်းကျွေးနိုင်ပါတယ်။
ကလေးကြိုက်နှစ်သက်တဲ့ အစားအစာ တွေ ကို လုပ်ကျွေးပေးပါ
သန့်ရှင်းပြီးအိမ်မှာချက်ပြုတ်ထားတဲ့အစားအစာများဖြစ်ဖို့အရေးကြီး ပါတယ် (ပေါင်မုန့် အသားညှပ် ၊ ကြက်ဥပူတင်း စတဲ့ သရေစာများ)
အုန်းစိမ်းရည် နှင့် အသီးအများစုဟာ သတ္တုဓာတ် အလွန်ကြွယ်၀ တဲ့ အတွက် ဝမ်းလျှောနေတဲ့ ကလေး အတွက် အထူးသင့်လျော်ပါတယ်။
ဝမ်းလျှောနေတဲ့ ကလေးအတွက် ကလေးကသာစားနိုင်နေရင် ပုံမှန်စားနေကျအစားအစာတွေကိုသီးသန့်ရှောင်ကျွေးနေဖို့မလိုအပ်ပါဘူးခင်ဗျာ။
ဘယ်လိုအစားအစာတွေကိုတော့ ကန့်သတ်ပြီးကျွေးသင့်သလဲ
- ဆီအလွန်များတဲ့ အစားအစာတွေ
- အပူအစပ်များလွန်းတဲ့ အစားအစာတွေ
- အသင့်စား ready made သားရည်စာနှင့်မုန့်များ
- soft drinks & Soda drinks ( ကိုကာကိုလာ ၊ ပက်စီ၊လိမ္မော်ရည်)
ဒီလို နည်းလမ်း တွေအတိုင်း ဆောင်ရန် ရှောင်ရန်တွေလိုက်နာသွားမယ်ဆိုရင်တော့
ဝမ်းလျှောပြီး နလန်ထစ အချိန်မှာ ပေါင်ချိန်ကျခြင်း ၊ အစားကျွေးရခက်ခြင်းတို့ကိုကြိုတင်ကာကွယ်ပြီးသားဖြစ်သွားနိုင်ပါတယ်။

Name | ဒေါက်တာ စိုးမြင့်ဝင်း |
---|---|
Degrees | M.B.,B.S (ygn) |
Biography | Graduated from UM1 2019 Currently Studying Msc Nutrition & Dietectic Currently Working as Medical Officer at yin thway call center. |
Topic |
ဆွေးနွေးပေးနိုင်ပါတယ်ခင်ဗျာ။ |
Address | Parami General Hospital |