၀မ်းပျက်၀မ်းလျှော နှင့် ကလေးငယ်အစာအာဟာရ အကြောင်းသိကောင်းစရာ (အပိုင်း ၂)

ရေးသားသူ – ဒေါက်တာ စိုးမြင့်ဝင်း

ကလေးငယ် တွေ မှာ ဘယ်လို ၀မ်းအရောင်တွေ က ဆေးခန်းပြဖို့ ဆရာ၀န်နဲ့ တိုင်ပင်ဖို့ လို မလဲ

၀မ်းအမဲရောင်သွားခြင်း

တစ်ပတ်အောက်ကလေးငယ်လေးတွေ မှာ သွားတာပုံမှန်ဖြစ်ပါတယ်။

ဒါပေမဲ့ ၆လနှင့်အထက်ကလေးတွေ မှာ ၀မ်းမဲမဲသွားတယ်ဆိုရင်တော့ သတိထားဖို့လိုလာပါပြီ။
ကတ်တရာစေးလို မဲမဲစေးစေးတွေသွားမယ် ၊ အနံ့ က အရင်ထက်ပိုပြင်းပြီးနံမယ် ၊ ၀မ်းကို ရေလောင်းလိုက်ရင် နီရဲရဲအရောင်တွေ ထွက်လာမယ် ဆို ရင် သွေး၀မ်းသွားခြင်းလို့ သံသယဖြစ်ဖွယ် ရှိတဲ့ အတွက် ဆရာ၀န်နဲ့ အမြန်ဆုံးပြန်ပြသင့်ပါတယ်။

အဖြူရောင် /ဆန်ဆေးရည် အရောင်သွားခြင်း

  • ၀မ်းပိုး၀င် နိုင်တဲ့ လက္ခဏာဖြစ်တဲ့ အတွက်ပိုးသတ်ဆေးသောက်ရန်လိုအပ်နိုင်ပါတယ် ….. ဆေးခန်းပြသင့်ပါတယ်။
  • ၀မ်း အနီရောင်သွားခြင်း/ သွေးစနှင့် အချွဲ အကျိများ ရောပါခြင်း
  • ၀မ်းကိုက်ပိုး၀င် နိုင်တဲ့ လက္ခဏာဖြစ်တဲ့ အတွက်ပိုးသတ်ဆေးသောက်ရန်လိုအပ်နိုင်ပါတယ်….
    ဆေးခန်းပြသင့်ပါတယ်။
  • အညိုရောင်/လိမ္မော်ရောင် ၀မ်းသွားခြင်း
  • Formulaနို့မှုန့် သောက်နေတဲ့ ကလေးတွေ မှာ ဖြစ်နိုင်ပါတယ်။
  • ဆေးခန်းပြဖို့ မလိုအပ်ပါဘူး။
  • အ၀ါရောင် နှင့် အချွဲ အကျိများရောနေခြင်း
  • မိခင်နို့တိုက်နေတဲ့ ကလေးတွေ မှာသွားတဲ့ ပုံမှန်၀မ်း အရောင်ဖြစ်ပါတယ်။

၀မ်းအစိမ်းရောင်သွားခြင်း

လသားအရွယ်ကလေးတွေ မှာ သွားတဲ့ ပုံမှန်၀မ်း အရောင်ဖြစ်ပါတယ်။

အားဆေး၊ဆေး၊အစားအစာ တို့ကြောင့်လည်းဖြစ်နိုင်ပါတယ်….. စိတ်ပူဖို့မလိုပါဘူး။

Name ဒေါက်တာ စိုးမြင့်ဝင်း
Degrees M.B.,B.S (ygn)
Biography Graduated from UM1 2019 Currently Studying Msc Nutrition & Dietectic Currently Working as Medical Officer at yin thway call center.
Topic
  • အထွေထွေကျန်းမာရေးဆိုင်ရာ
  • ကလေး ကျန်းမာရေး ဆိုင်ရာအကြောင်းအရာများ
  • မိခင်နို့တိုက်ကျွေးခြင်းနှင့် ဖြည့်စွက်စာ ကျွေးရန်သိမှတ်ဖွယ်ရာများ
  • ကလေး ကြီးထွားမှုနှင့် ဉာဏ်ရည်မြင့်မားမှုအတွက်အာဟာရဆိုင်ရာ အကြံပေးချက်များ
  • ဆီးချို၊သွေးတိုး လူနာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
  • ကျောက်ကပ်လူနာများ၊ကင်ဆာရောဂါ လူမမာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
  • အဝလွန်သူများ၊ကိုယ်အလေးချိန် အာဟာရမျှတစွာလျော့လိုသူများအတွက် DIET planများ
  • အစာအိမ်ရောင် ခြင်း၊အစာအိမ်မကြာခဏမအီမသာဖြစ်သူများ၊ဝမ်းချုပ်သူများအတွက် အာဟာရအကြံပေးမှုများ
  • အဘိုးအဖွား များအတွက် ပိုမိုအားဖြစ်စေ၍ ပိုမိုကျန်းမာစေ သော အာဟာရ အကြံပေး မှုများကို
  • ဆွေးနွေးပေးနိုင်ပါတယ်ခင်ဗျာ။

Address Parami General Hospital
en_US