၀မ်းပျက်၀မ်းလျှော နှင့် ကလေးငယ်အစာအာဟာရ အကြောင်းသိကောင်းစရာ (အပိုင်း ၁)

ရေးသားသူ – ဒေါက်တာ စိုးမြင့်ဝင်း

မင်္ဂလာပါ
ဒီနေ့ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကလေး တွေမှာ အဖြစ်များတဲ့ ၀မ်းပျက်၀မ်းလျှောရောဂါအကြောင်းပဲဖြစ်ပါတယ်။

သင့်ကလေး ၀မ်းပျက်နေပြီလား
ဒီတော့သိထားရမှာက၀မ်းလျှောတယ်ဆိုတာအဓိကအချက်၂ချက်နဲ့ ပြည့်စုံရပါမယ်။

  • ပထမအချက်-၀မ်းကို တစ်နေ့ကို သုံးကြိမ် နှင့်အထက်သွားရပါမယ်။
  • ဒုတိယအချက်-သွားတဲ့ ၀မ်းကလဲ အကြိမ်တိုင်းအရည် ချည်းပဲသွားတာဖြစ်ရပါမယ်။

ဒီအဓိက အချက်နှစ်ချက်လုံးနဲ့ပြည့်စုံမှ၀မ်းလျှောတယ်လို့ပြောနိုင်ပါတယ်။

ဒါကြောင့် မွေးကင်းစကလေးတွေ လသားအရွယ်လေးတွေ တစ်နေ့ကို ၇ခါ ၈ခါလောက် ၀မ်းပျစ်ပျစ်သွားတာ အရောင် မမှန်တာ တွေဟာ သဘာ၀သာဖြစ်ပါတယ်။

၀မ်းပျက်၀မ်းလျှော ဟာဘယ်လောက်ကြာတတ်လဲ ၊ ဘယ်နမျိုးလောက်ရှိသလဲ

  • ၀မ်းလျှောခြင်း- နာရီပိုင်းကနေ ၅ရက် လောက်အထိကြာတတ်ပါတယ်။
  • ၀မ်းကိုက်ခြင်း-၀မ်းသွားရာတွေ သွေးစများ အချွဲ အကျိများပါခြင်း ဗိုက်နာခြင်း
  • ၂ပတ်နှင့်အထက်၀မ်းလျှောခြင်း။
  • လနှင့်ချီ၍ ၀မ်းလျှောခြင်း

တို့ဖြစ်ပါတဟ်

နံပါတ်၂ အဆင့် မှ စပြီး ဆေးရုံဆေးခန်းပြသ ဖို့လိုအပ်ပါတယ်။

တစ်ကယ်လို့ ၀မ်းပျက်၀မ်းလျှောဖြစ်ရင်ဘာတွေလုပ်ပေးသင့်သလဲ ?
အရေးအကြီးဆုံးအနေနဲ့ မိခင်နို့ကို ပုံမှန်ထပ်တိုးပြီးတိုက်ပေးရပါမယ်။ မိခင်နို့တိုက်ဖို့အခက်အခဲရှိနေမယ်ဆိုရင် ကလေးဓာတ်ဆား (pharolit,peditral) သို့မဟုတ် BBI ဓာတ်ဆားထုပ်ကို ၀မ်းသွားတဲ့ ပမာဏ နဲ့ ဆတူ တိုက်ပေးသင့်ပါတယ်။

ဒီနေရာမှာ မှာချင်တာ တစ်ခု က တော့ ဓာတ်ဆားထုပ်ကိုဖျော်တဲ့နေရာမှာ သတ်မှတ် ရေပမာဏအတိုင်းဖျော်ပေးဖို့လိုပါတယ်နော်။

  • Pharolit – ရေ၂၅၀စီစီ (သို့) ရေတစ်ဖန်ခွက်
  • Peditral- ရေ ၁လီတာ တစ်ဗူး
  • BBI – ရေ၁လီတာ တစ်ဗူး

(အသုံးများတဲ့ ဓာတ်ဆားတွေရဲ့ဖျော်ဖို့ရေပမာဏကို ဖော်ပြပေးထားတာပါ)
ကလေးကို ဘယ်လို လက္ခဏာတွေ ကို စောင့်ကြည့်ရမလဲ ?

  • ကလေး က လျှာတွေ နှုတ်ခမ်းလေးတွေ ခြောက်သွားတာ
  • ကလေးငယ်လေးတွေ
  • လသားအရွယ်လေးတွေမှာ ငယ်ထိပ်လေးတွေချိုင့်၀င်သွားတာ
  • မျက်တွင်းလေးတွေချိုင့်၀င်သွားတာ
  • ဆီးသွားတာအကြိမ်ရေနည်းနည်းလာပြီးဆီးလုံး၀ မသွားတော့ တာ

ကလေး က အရမ်းနုံး ကျသွားတာ သိသိသာသာ ငြိမ်ကျသွားတာ စတဲ့ အချက်လေးတွေ က ရေဓာတ် မလုံလောက်တဲ့ လက္ခဏာတွေဖြစ်တဲ့ အတွက် ဒီလို အချက်လေး ထဲ က တစ်မျိုးမျိုး ၀မ်းလျှောနေတဲ့ကလေး မှာတွေ့နေရပြီဆိုရင် နီးစပ်ရာ ဆေးရုံး ဆေးခန်း အမြန်ဆုံးသွား ဖို့ လိုအပ်ပါတယ်။

Name ဒေါက်တာ စိုးမြင့်ဝင်း
Degrees M.B.,B.S (ygn)
Biography Graduated from UM1 2019 Currently Studying Msc Nutrition & Dietectic Currently Working as Medical Officer at yin thway call center.
Topic
  • အထွေထွေကျန်းမာရေးဆိုင်ရာ
  • ကလေး ကျန်းမာရေး ဆိုင်ရာအကြောင်းအရာများ
  • မိခင်နို့တိုက်ကျွေးခြင်းနှင့် ဖြည့်စွက်စာ ကျွေးရန်သိမှတ်ဖွယ်ရာများ
  • ကလေး ကြီးထွားမှုနှင့် ဉာဏ်ရည်မြင့်မားမှုအတွက်အာဟာရဆိုင်ရာ အကြံပေးချက်များ
  • ဆီးချို၊သွေးတိုး လူနာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
  • ကျောက်ကပ်လူနာများ၊ကင်ဆာရောဂါ လူမမာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
  • အဝလွန်သူများ၊ကိုယ်အလေးချိန် အာဟာရမျှတစွာလျော့လိုသူများအတွက် DIET planများ
  • အစာအိမ်ရောင် ခြင်း၊အစာအိမ်မကြာခဏမအီမသာဖြစ်သူများ၊ဝမ်းချုပ်သူများအတွက် အာဟာရအကြံပေးမှုများ
  • အဘိုးအဖွား များအတွက် ပိုမိုအားဖြစ်စေ၍ ပိုမိုကျန်းမာစေ သော အာဟာရ အကြံပေး မှုများကို
  • ဆွေးနွေးပေးနိုင်ပါတယ်ခင်ဗျာ။

Address Parami General Hospital
en_US