သတိထားရမယ့် ပင်လယ်စာ အစားအစာများ
ရေးသားသူ – ဒေါက်တာ စိုးမြင့်ဝင်း
ဒီနေ့ နောက်ပိုင်း လူငယ်တွေသာမက လူကြီးတွေကပါ အသဲစွဲကြိုက်နေကြတဲ့ မာလာရှမ်းကော၊BBQ၊hotpot စတဲ့ အစားစာတွေ စားတာများနဲ့အတူ Seafood ဖြစ်တဲ့ ပုစွန်၊ဂဏန်း၊ရေဘဝဲ ၊ကင်းမွန် ၊ပြည်ကြီးငါး အစရှိတာတွေ ဟာလဲ အစားများသထက်များလာပါတယ်။
ပုံမှန်အားဖြင့်တော့ အမြဲတစေသိပ်စားလေ့စားထမရှိတဲ့ ဒီပင်လယ်စာတွေဟာ ဒီနောက်ပိုင်း တစ်လ မှ ပိုပိုတိုးစားလာတဲ့ အကြိမ်ရေဟာတစ်ဟုန်ထိုးတက်လာပါတယ်။
ဒီပင်လယ်စာတွေကို ကျန်းမာတယ် ၊ ကယ်လိုရီ အများကြီး မပါဘူး Omega 3 omega 6တွေ ရတယ်။ လို့သိကြပြီး ပိုမိုစား လာကြတာဟာ သတိထားရမဲ့ အချက်တွေကို သတိမမူမိဖြစ်လာကြပါတယ်။
ဒီတော့ဘာတွေ သိထားဖို့လိုမလဲ ?
နံပါတ် ၁ အချက်က ဒီ ပင်လယ်စာတွေမှာ ဆားဓာတ် များပြားစွာပါဝင်နေကြပါတယ်။
အထူးသဖြင့် ရေဘဝဲ ၊ ဂဏန်း ၊ lobster ၊ ကမာ ၊ ကင်းမွန် စတာတွေ မှာ ဆိုဒီယန် ဓာတ် များစွာပါတာကြောင့် ပမာဏ အနည်းငယ် မျှစားမိရုံနဲ့ တင်လိုအပ်တာထပ်ပိုသွားတတ်ပါပြီး သွေးတိုးရောဂါရှိသူလူကြီးများ အတွက် သွေးပေါင်ထိန်း ရခက်နိုင်သလို လူငယ် များ အတွက်လဲ နောက်နောင်သွေးတိုးရောဂါ ဖြစ်နိုင်ချေကို များစေပါတယ် ။
ဒုတိယ အချက် ကတော့
ပင်လယ်စာတွေမှာ ကောင်းတဲ့ အဆီပါပြီး ကယ်လိုရီနည်းတယ်ဆိုတာမှန်ပါ တယ်။
ဒါပေမဲ့ မကောင်းတဲ့ ကိုလက်စရောဓာတ်တွေ များစွာပါဝင်နေတာပို သတိမမူမိဖြစ်နေကြပါတယ်။
အထူးသဖြင့် ရေဘဝဲ ကင်းမွန် တို့ဖြစ်ပါတယ်။
ပင်လယ်စာအလိုက် ဆားဓာတ်နဲ့ ကိုလက်စရောပါဝင်မှုကို USDA National Nutrient Database ဇယားနဲ့ဖော်ပြပေးထားပါတယ်။
ပိုမိုကျန်းမာစွာ သတိ ရှိရှိနဲ့ ကိုယ်ကြိုက်တဲ့ အစားအစာကို ချင့်ချိန်စားသုံးနိုင်ကြပါစေ။

Name | ဒေါက်တာ စိုးမြင့်ဝင်း |
---|---|
Degrees | M.B.,B.S (ygn) |
Biography | Graduated from UM1 2019 Currently Studying Msc Nutrition & Dietectic Currently Working as Medical Officer at yin thway call center. |
Topic |
ဆွေးနွေးပေးနိုင်ပါတယ်ခင်ဗျာ။ |
Address | Parami General Hospital |