သားသားမီးမီးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ဘာတွေ လုပ်ပေးလို့ရမလဲ??

သားသားမီးမီးတို့နဲ့ အတူတူ သီချင်းဆိုခြင်း

  • သီချင်းဆိုတာက အနုပညာတစ်ခုဖြစ်တဲ့အပြင် ကလေးကို ပျော်ရွှင်စေတဲ့အတွက် ဦးနှောက်ဖွံ့ဖြိုးမှုကို အများကြီး အထောက်အကူပြုပါတယ်။
  • ဒါ့အပြင် သားသားမီးမီးလေး စကားပီလာအောင် စကားကောင်းကောင်းပြောတတ်လာအောင် လေ့ကျင့်ပေးသလိုလဲ ဖြစ်တယ်လေ။

ပုံပြင်လေးတွေ စာအုပ်လေးတွေ ဖတ်ပြပါ

  • ပုံပြင် မပြောပြဖူးတဲ့ ဖေဖေမေမေ ရှိမယ်မထင်ဘူးနော်။ ပုံပြင်ပြောမယ်ဆိုရင်တော့ ကလေးတွေ အတွက် သီးသန့်လုပ်ပေးထားတဲ့ ပုံပြင်စာအုပ်လေးတွေက အကောင်းဆုံးပါပဲ။
  • ဒါမှမဟုတ်ရင်လည်း ကလေးပုံပြင်လေးတွေ ဖန်တီးပြီး ပြောလို့ရပါတယ်။ ကလေးတွေ အတွက် ပုံပြင်ဆိုတာက စိတ်ခံစားတတ်အောင်နဲ့ သူတို့လေးတွေ နူးညံ့သိမ်မွေ့အောင် သင်ပေးနိုင်တဲ့ အရာဖြစ်ပါတယ်။
  • ကလေးတွေကို ကြောက်တတ် လန့်တတ်စေတဲ့ ပုံပြင်တွေ မပြောမိဖို့တော့ သတိထားပါနော်။

သားသားမီးမီးတွေကို ကစားရင်း ဉာဏ်တက်စေတဲ့ educational toy လေးတွေ ဝယ်ပေးပြီး ကစားခိုင်းပါ

  • အရုပ်လေးတွေနဲ့ ကစားရတာ မကြိုက်တဲ့ ကလေးမရှိဘူးနော်။ သူတို့လေးတွေ အသက်အရွယ်အလိုက် သင့်တော်တဲ့ ပညာပေးအရုပ်လေးတွေ ရှိပါတယ်။ ဒါလေးတွေနဲ့ ကစားခြင်းအားဖြင့် သူတို့ရဲ့ ဦးဏှောက်ကို ဖွံ့ဖြိုးစေနိုင်ပါတယ်။
  • သားသားမီးမီးကို အစားအစာကျွေးချိန်မှာ အစားအစာရဲ့ နာမည်ကို ရွတ်ပြပြီးပြောခိုင်းပါ

ဒီလိုလုပ်ပေးခြင်းအားဖြင့် သားသားမီးမီးကို အစားအစာလေးတွေ နာမည်တွေ သင်ပေးရင်း သူတို့လေးတွေရဲ့ မှတ်ဉာဏ်ကို လေ့ကျင့်ပေးရာလဲ ရောက်ပါတယ်။

ရှုပ်ပွအောင် ကစားတဲ့အတွက် အပြစ်မတင်ပါနဲ့၊ ကစားခိုင်းပါ။

  • ကစားတာက ကလေးတွေအတွက် ကောင်းပါတယ်။ သားသားမီးမီး ငယ်ရွယ်စဉ်အချိန်မှာ ဆူငေါက်ပြီး ကြောက်စိတ်ဝင်အောင် လုံးဝ မလုပ်သင့်ပါဘူး။
  • ဘာမှမသိသေးတဲ့ ငယ်ရွယ်စဉ်အချိန်မှာ ဖြစ်ပေါ်တဲ့ အဲဒီစိတ်က သူတို့ကြီးလာတဲ့အထိ စိတ်ထဲမှာ စွဲသွားတတ်လို့ပါ။
  • ဒါကြောင့် ကလေးတွေကို မဆူပဲ ကစားခွင့်ပြုပေးပါ။ သူတို့အတွက် အန္တရာယ်ရှိနိုင်တဲ့ ပစ္စည်းတွေ အနီးအနားမှာ မရှိအောင်တော့ ဂရုစိုက်ပေးရပါမယ်။

ဒီအချက်လေးတွေက သားသားမီးမီးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လုပ်ပေးသင့်တဲ့ အရာတစ်ချို့ ဖြစ်ပါတယ်။

အခု ဒီစာဖတ်နေတဲ့ ဖေဖေမေမေရော သားသားမီးမီးနဲ့ အတူတူ ကစားရဲ့လား? ပုံပြင်လေးတွေ ပြောပေးလား?

en_US