(+95)979 811 5566 info@myancare.org

သားသားမီးမီးတို့ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်စေဖို့ ဘယ်လိုကာကွယ်မလဲ?

ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်စေဖို့ ဘယ်လို ကာကွယ်ရမလဲ နဲ့ ဘယ်လိုကာကွယ်ဆေးတွေရှိလဲ ပြောပြပါမယ်နော်။

  • ကလေးကို မိခင်နို့ စနစ်တကျ တိုက်ကျွေးခြင်းက ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ကလေး အသက် ၆ လအထိ မိခင်နို့ တစ်မျိုးတည်းပဲ တ်ိုက်သင့်ပါတယ်။
  • ရေကိုတော့ သန့်စင်တဲ့ ရေသန့် သို့မဟုတ် ကျိုချက်ပြီးသားရေကိုသာ တိုက်ပါ။
  • ကလေးကို ကျွေးမယ့် အစားအစာတွေကို သန့်ရှင်းလတ်ဆတ်နေစေဖို့ ဂရုစိုက်ပြီး ကျွေးပါ။ အမှည့်လွန်နေတဲ့ အသီးတွေ၊ ယင်နားနိုင်တဲ့ အစားအစာတွေကို ရှောင်သင့်ပါတယ်။
  • အစားအသောက်တွေ ပြင်ဆင်တဲ့အခါမှာလည်း စနစ်တကျ သန့်ရှင်းစွာပြင်ဆင်ဖို့ လိုပါတယ်။ ပြင်ဆင်တဲ့သူရဲ့ တစ်ကိုယ်ရည် သန့်ရှင်းမှုကလည်း အရမ်း အရေးကြီးပါတယ်။
  • နို့ဘူးတိုက်တဲ့ကလေးတွေ အတွက်ဆိုရင်တော့ နို့ဘူးဖျော်တာ၊ ပြင်ဆင်တာတွေမှာ သန့်ရှင်းရပါမယ်။ နို့ဘူးကို ဆေးကြောခြင်း၊ ပြုတ်ခြင်းတွေ ပုံမှန် ပြုလုပ်ပေးဖို့လည်း မမေ့ပါနဲ့နော်။
  • လက်ဆေးရပါမယ်။ အစာမစားမီ နဲ့ အိမ်သာဆင်းတိုင်း လက်ကိုဆပ်ပြာနဲ့ စင်ကြယ်အောင်ဆေးပေးပါ။
  • လက်ဆေးတတ်တဲ့ အလေ့အကျင့်လေးကို သားသားမီးမီးတို့ကို သင်ပေးထားပါ။

ဝမ်းပျက်ဝမ်းလျှောရောဂါ အတွက် ကာကွယ်ဆေး ရှိလား??

Rota virus ကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ အတွက် ကာကွယ်ဆေး ရှိပါတယ်။

  • ဒီ virus ပိုးက သားသားမီးမီးတို့မှာ အဖြစ်များပါတယ်။ ဖြစ်ရင်လည်း ပြင်းထန်တတ်လို့ ရောဂါကာကွယ်ဆေးကို ကလေး ၁ လခွဲ အရွယ်ကစပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း တိုက်ထားနိုင်ပါတယ်။

အခုစာကို ဖတ်နေတဲ့ ဖေဖေမေမေရော သားသားမီးမီးအတွက် ဒီရောဂါကာကွယ်တဲ့ နည်းလမ်းလေးတွေကို လိုက်နာနေရဲ့လား??

en_USEN
my_MMMY en_USEN

Share This

Share this post with your friends!

Shares