မေမေတို့ရေ သားသားမီးမီးလေးတွေမှာ တုပ်ကွေးရောဂါ ဖြစ်လာလျှင် ဘယ်လို ပြုစုစောင့်ရှောက်မလဲဆိုတော့….
- ရေဓာတ်ကို လုံလောက်စွာတိုက်ပေးပါ။(အဖျားကြောင့် ရေဓာတ်ခန်းခြောက် ခြင်းကို ထိန်းပေးပါတယ်)။
- အာဟာရ ပြည့်ဝစွာ ကျွေးမွေးရပါမယ်။
- လုံလောက်စွာ အိပ်စက် အနားယူခိုင်းပါ။
- ပုံမုန်ချည်ထည်လေးပဲ ဝတ်ဆင်ပေးပါ။(အဝတ်အစားကို အထူကြီးလည်း မဝတ်ပေးပါနဲ့၊ပါးပါးလေးလည်း မဝတ်ပေးပါနဲ့)။
ဆရာဝန် ညွှန်ကြားချက်နဲ့ အညီ ဆေးဝါးများကို တိုက်ကျွေးပေးပါ။
အရေးပေါ် ရောဂါလက္ခဏ(အစားလုံးဝမဝင်ခြင်း၊ အလွန်မှိန်းခြင်း ၊ဝမ်းပျတ်ဝမ်းလျောခြင်း၊ အလွန်အမင်းအန်ခြင်း ၊ဆီးနည်းခြင်း ၊ခြေလက်များ အေးဆက်ခြင်း ၊ အသက်ရှုမြန်ခြင်း)တစ်ခုခု ဖြစ်ပေါ်လာပါက နီးစပ်ရာ ဆေးရုံ ၊ ဆေးခန်း သို့သွားရောက်ကုသမှု ခံယူပါ။
ကလေးကျွမ်းကျင်ဆရာဝန် များနှင့် ၂၄နာရီ နေ့/ည မရွေး ကြိုက်တဲ့အချိန်ဖုန်းခေါ်ပြီးမေးမြန်းဆွေးနွေးတိုင်ပင်နိုင်မယ်။ ရင်သွေးကျန်းမာရေးစောင့်ရှောက်မှု့ဝန်ဆောင်မှုမှာမန်ဘာဝင်ထားလိုက်ပါ ~
မန်ဘာဝင်စဉ်ကတည်းက ရင်သွေးလေးရဲ့ ကျန်းမာရေးမှတ်တမ်း (Electronic Medical Record) EMR စနစ်နဲ့ ဘယ်အချိန်ကြည့်ကြည့် အဆင်သင့်ဖြစ်အောင် ကွန်ပျူတာ မှာ သိမ်းဆည်းပေးထားတယ်
မှတ်တမ်းတင်တဲ့အတွက် ရင်သွေးတစ်ဦးချင်းအလိုက် အသေးစိတ်ကို ဆရာဝန်တွေက သိထားတဲ့အတွက် အပေါ်ယံမဟုတ်ပဲ တိတိကျကျပြောပြပေးနိုင်ပါတယ်
ကလေးအာဟာရပိုင်းဆိုင်ရာ နဲ့ ကလေးပြုစု စောင့်ရှောက်ရေး များမေးမြန်းနိုင်ပါတယ်။
ဖုန်းပြောတာအပြင် viber ကနေလဲ ပုံတွေ video တွေသုံးပြီး ဆရာဝန်တွေက ကြည့်ရှု စစ်ဆေးပေးတယ်။
ဖေဖေ မေမေတို့ဘက်က ဖုန်းမဆက်ဖြစ်ရင်တောင် ဆရာဝန်တွေက ပုံမှန် ဖုန်းလှမ်းဆက်ပြီး အခြေအနေကို မေးမြန်း ဆွေးနွေးပေးမှာဆိုတော့
သားသားမီးမီးရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မျက်ခြေမပြတ်တော့ဘူးပေါ့။