သွားဖုံးအခြေများ နိမ့်ကျခြင်း အပိုင်း (၂)

ရေးသားသူ – ဒေါက်တာမျိုးမြင့်အောင်

ကျွန်တော်တို့တွေမှာ သွား (၃၂) ချောင်းတောင်ရှိတာဆိုတော့ သွားဖုံးအခြေတွေ နိမ့်ကျတာဟာ လူတွေတော်တော်များများမှာ တွေ့ရပါတယ် ။

သွားဖုံးအခြေများ နိမ့်ကျခြင်း အပိုင်း (၁) မှာတော့ သွားဖုံးတွေကို နိမ့်ကျစေတဲ့ အကြောင်းအရင်းတွေကို ဖော်ပြခဲ့ပါတယ် ။ အခု အပိုင်း (၂) မှာတော့ သွားဖုံးအခြေတွေ နိမ့်ကျနေရင် ဘယ်လိုကုသမွုတွေလုပ်ကြမလဲ ၊ သွားဖုံးအခြေတွေ နိမ့်မကျအောင် ဘယ်လိုကာကွယ်ကြမလဲ ဆိုတဲ့ အကြောင်းတွေကို ဖော်ပြမှာဖြစ်ပါတယ် ။

သွားဂရုစိုက်လှပါတယ်ဆိုတဲ့ ကျွန်တော့်မှာတောင် အောက်ရေှ့သွားနှစ်ချောင်းမှာ သွားဖုံးတွေနိမ့်ကျနေလို့ ကုသမွုခံယူနေရဆဲပါပဲ ။ ဒါဟာ ကျွန်တော်ငယ်ငယ်တုန်းက သွားတွေကို သိပ်ဂရုမစိုက်မိတာရဲ့ ဆိုးကျိုးဖြစ်ပုံရပါတယ် ။ ကျွန်တော့်သွားဖုံးတွေနိမ့်ကျနေတော့ အောက်ရေှ့သွားနှစ်ချောင်းဟာ သွားကျဲသလိုထင်ရတယ် ။

အစာတွေကို သန့်ရှင်းရခက်ခဲလို့ ဂျိုးတွေပိုကပ်တယ် ။ သွားကျဉ်တာ နာတာ အနံ့ဆိုးတာမျိုး မရှိသေးပါဘူး ။ သွားဖုံးအခြေနိမ်ကျသွားတဲ့သူတွေမှာ အခြေအနေအကောင်းအဆိုးကိုလိုက်ပြီး ပြတဲ့ လက္ခဏာတွေကွာခြားကြပါတယ် ။ များသောအားဖြင့် ပြတဲ့လက္ခဏာတွေကတော့..

  • သွားကျဉ်ခြင်း ။ သွားနာခြင်း ။
  • သွားအမြစ်ပေါ်ခြင်း ။
  • သွားအခြေတွင် သွားဂျိုးများကပ်နေခြင်း ။
  • ခံတွင်းနံ့ဆိုးရွားခြင်း ။
  • သွားများ ယိုင်နဲ့လာခြင်း

တို့ဖြစ်ကြပါတယ် ။

#ဘယ်လိုကုသမွုခံယူရမလဲ?
သွားဖုံးအခြေတွေ နိမ့်ကျသွားရင် ကုသရတာ အချိန် သိပ်ကြာပါတယ် ။ သွားဖုံးတွေ ပြန်တက်လာဖို့ အကြာကြီးစောင့်ရတယ် ။ စောင့်နေရတဲ့အတွင်းမှာ ဆေးခန်းရက်ချိန်းတွေလည်း ခဏခဏသွားရနိုင်သလို အိမ်မှာလည်း တအားဂရုစိုက်ရပါတယ် ။

(၁) သွားဖုံးသန့်ရှင်းရေးလုပ်ခြင်း ။
အခြေအနေ သိပ်မဆိုးတဲ့ သွားဖုံးအခြေနိမ့်ကျခြင်းတွေကို ဆေးခန်းမှာ သွားဖုံးသန့်ရှင်းရေးသေသေချာချာလုပ်လိုက်တာနဲ့တင် ပြန်ကောင်းသွားလေ့ရှိပါတယ် ။ လူနာတွေအနေနဲ့ ဒါကို သွားဂျိုးခြစ်တယ် သွားကျောက်ခြစ်တယ် သွားဆေးတယ် စသဖြင့်သိကြမယ်ထင်တယ် ။

ဒါပေမယ့် အခုပြောတဲ့ သွားဖုံးသန့်ရှင်းရေးလုပ်တာက သွားဂျိုးခြစ်တာထက် ပိုပါတယ် ။ အရပ်စကားနဲ့ Deep Cleansing လို့ ခေါ်ပြီး ဆရာဝန်တွေက Scaling & Root Planning လို့သုံးကြတယ် ။ တကယ့်ကို နက်နက်နဲနဲသန့်ရှင်းရေးလုပ်တဲ့ သဘောပေါ့ ။

သွားဖုံးအခြေတွေနိမ့်ကျသွားတဲ့အခါ ဒီလိုကုသမွုကို နှစ်ခါ သုံးခါထက်မနည်း လုပ်ရနိုင်ပါတယ် ။
လိုအပ်ရင် ပိုးသတ်ဆေးတွေလည်း အကြာကြီးသောက်ရနိုင်ပါတယ် ။

ဆေးခန်းမှာ သွားသန့်ရှင်းရေးလုပ်ခြင်းရဲ့ အကျိုးကျေးဇူးများဆိုပြီး ကျွန်တော် ကျန်းသုခမဂ္ဂဇင်းမှာ ဆောင်းပါးရေးဖူးတယ်ဗျ ။ အဲ့ဒီဆောင်းပါးထဲက အချက်တချို့ကို ဒီမှာလည်း ပြန်လည်ဖော်ပြချင်ပါတယ် ။ ဆေးခန်းမှာ (၆) လ တစ်ကြိမ် သွားသန့်ရှင်းရေးလုပ်ခြင်းအားဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးများကတော့

(က) သွားဖုံးရောဂါဖြစ်ခြင်းကို ရပ်တန့်စေပါတယ် ။
သွားကျောက်တွေရှိတော့ သွားဖုံးရောင်တာတွေဖြစ်ပြီး သွားတိုက်တဲ့အခါ၊ အသီးတွေကိုကိုက်တဲ့အခါ သွေးတွေထွက်တယ်..။

အထိမခံ ရွွေပန်းကန်ဖြစ်ပြီး ထိလိုက်တာနဲ့ သွေးတွေရဲကနဲထွက်တာမျိုး။ ရေပူရေအေးတွေသောက်ရင်လည်း သွားကျင်တာတွေဖြစ်တတ်တယ်ပေါ့နော်..။ ဒါတွေဟာ သွားဖုံးရောဂါရဲ့အစဖြစ်တယ်..။ သွားသန့်ရှင်းရေး လုပ်လိုက်တဲ့အခါ သွားဖုံးရောင်တာတွေကျသွားပြီး သွေးထွက်တာတွေမရှိတော့မှာမဟုတ်ဘူး။

(ခ) သွားတွေ ဆုံးရွုံးခြင်းမှ ကာကွယ်ပေးပါတယ်။
သွားကျောက်တွေကို သန့်ရှင်းရေးမလုပ်ပဲ နှစ်ပေါင်းများစွာထားမိတဲ့အခါ သွားကျောက်တွေဟာ ပိုပိုများလာသလို သွားဖုံးတွေဟာလည်း အောက်ကိုတော်တော်ကြီးနိမ့်ကျသွားပြီး သွားအမြစ်တွေပေါ်လာတယ်…။

သွားဖုံးနဲ့သွားတွေမှာ ဘက်တီရီးယားတွေလည်းအမြဲပေါက်ဖွားနေပြီး သွားအမြစ်တွေကလဲ အရမ်းပေါ်နေတော့ သွားတွေဟာ ခိုင်ခန့်မွုမရှိတော့ပဲ ယိုင်နဲ့လာပါတော့တယ်…။ ဒီအခြေအနေမှာ တချို့လူတွေဟာ နာကျင်ခြင်းကိုခံစားရနိုင်ပေမယ့် တချို့လူတွေကတော့ သွားတွေ အကုန်ကျွတ်ထွက်တဲ့အထိ မည်သည့်နာကျင်မွုကိုမှ ခံစားရမှာမဟုတ်ပါဘူး..။

ဒီလို သွားတွေ ယိုင်နဲ့ကျွတ်ထွက်သွားခြင်းကို ရေစီးကမ်းပြိုလိုက်တယ်လို့ မြန်မာနိုင်ငံမှာ လူသိများပါတယ်..။ သွားဖုံးရောဂါတွေဟာ အသံတိတ်လူသတ်သမားဖြစ်တယ်…။ ဒါကြောင့် သွားဂျေးတွေကို နှစ်ပေါက်အောင်မထားသင့်ပါဘူး…။

(ဂ) သွားပိုးစားခြင်းကို ကာကွယ်ပေးပါတယ်။
သွားပိုးစားတာဟာ ပိုးကောင်တွေစားတာမျိုးမဟုတ်ဘဲ အစားအကြွင်းအကျန်တွေထွက်လာတဲ့ အက်စက်ရည်တစ်မျိုးကြောင့်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ…။ ဒီအက်စက်ရည်တွေကြောင့် သွားဟာ ဆွေးမြေ့ပျက်စီးပေမယ့် သွားတစ်ချောင်းမှာ အပေါက်လေးတစ်ပေါက်ဖြစ်ဖို ့ အချိန်တစ်နှစ်ခန့်ကြာပါတယ်…။

ကျွန်တော်တို့ သွားနှင့်ခံတွင်းဆေးခန်းတွေကို (၆) လတစ်ခါသွားပြီး သွားကျောက်တွေကို သန့်ရှင်းရေးလုပ်တော့ သွားပိုးစားတာကိုလည်း အလိုအလျောက်ကာကွယ်ပြီးသားဖြစ်သွားတာပါပဲ…။

(ဃ) ခံတွင်းနံ့ဆိုးခြင်းကို ကာကွယ်ပေးပါတယ်။
သွားဖုံးရောဂါတွေ သွားပိုးစားတာတွေ ပါးစပ်ထဲရှိနေရင် ခံတွင်းအနံကို တော်တော်ဆိုးဝါးစေပါတယ်။ သွားသန့်ရှင်းရေးကို (၆) လတစ်ကြိမ်ပုံမှန်လုပ်တဲ့အခါ သွားနှင့်ခံတွင်းရောဂါတွေကို ကာကွယ်ပြီးသားဖြစ်တဲ့အတွက် ခံတွင်းနံ့ဆိုးတာတွေဖြစ်တော့မှာ မဟုတ်ပါဘူး။

(၂) သွားဖုံးကို ခွဲစိတ်ကုသခြင်း ။
သွားဖုံးအခြေနိမ့်ကျတာကို လျစ်လျူရှူ့ထားလိုက်မယ်ဆိုရင် နိမ့်ကျတာဟာ သွားဖုံးတင်မဟုတ်ပဲ သွားဖုံးအောက်က အရိုးပါ နိမ့်ကျလာပါလိမ့်မယ် ။ ဒီအခြေအနေမှာတော့ သွားဖုံးနိမ့်ကျတာအပြင် သွားတွေလည်း နဲ့နေနိုင်ပါတယ် ။

ဒီလိုအခြေအနေထိရောက်ဖို့ နှစ်ပေါင်းများစွာကြာချင်ကြာနိုင်ပေမယ့် ကျွန်တော်တို့တွေရဲ့ ဆေးခန်းမှာတော့ ဒီလိုအခြေအနေတွေ နေ့တိုင်းတွေ့ရပါတယ် ။ သွားဖုံးတင်မက အရိုးပါနိမ့်ကျလာပြီဆိုရင် သွားဖုံးကို အပေါ်ကနေပဲ သန့်ရှင်းရေးလုပ်လို့မရတော့ဘူးပေါ့ ။

ဒီတော့ အပေါ်ကသွားဖုံးကို ခွဲစိတ်ပြီး အရိုးကိုမြင်ရတဲ့အထိ လှန်ပြီး သန့်ရှင်းရေးလုပ်ကြရတယ် ။ အရိုးပြန်တက်လာဖို့ လိုအပ်ရင် အစားထိုးပစ္စည်းတွေထည့်ကြရတယ် ။ ပြီးရင်ပြန်ချုပ် ပြန်စောင့်ကြည့် ။

ဒီကုသမွုဟာ သွားဖုံးတွေပြန်တက်လာအောင်အပြင် သွားတွေပြန်ခိုင်လာဖို့ပါ လုပ်တဲ့ ကုသမွုဖြစ်တယ် ။

ဒီတော့ သွားဖုံးပြန်တက်ဖို့ရော သွားတွေခိုင်ဖို့ရော လပေါင်းများစွာကြာမယ်ဆိုတာ သိထားရပါမယ် ။ ဒီကုသမွုတွေမှာ ဆရာဝန်တွေက စိတ်ရှည်ရှည်နဲ့ ကုကြပေမယ့် လူနာတွေက ရလဒ်ကို စိတ်မရှည်တာကြော ကုသမွုမအောင်မြင်တာများပါတယ် ။

ဒီလိုကုသမွုတွေလုပ်မယ်ဆိုတာ ရှင်းပြကတည်းက စိတ်မရှည်ဘူးဆိုပြီး သွားနူတ်ပေးပါပြောတဲ့ လူတွေကလည်း အများကြီးတွေ့ရပါတယ် ။

ဒါကြောင့် ဆရာဝန်တွေက ဒီကုသမွုကို လုပ်ဖို့ အကြံပြုခဲ့ရင် စိတ်ရှည်ရှည်နဲ့ ကုသမွုခံယူဖို့ အကြံပြုချင်ပါတယ်ခင်ဗျာ ။ ကုပြီဆိုတာနဲ့ စိတ်ရှည်ရမယ် ။ ကုသမွုအောင်မြင်သွားရင်လည်း အရင်ထက်နှစ်ဆလောက်ပိုပြီး ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ရပါမယ် ။

သွားဖုံးအခြေနိမ့်ကျတာရဲ့ ဖြစ်တဲ့အကြောင်းအရင်းတွေ ကုသမွုတွေကို ဖတ်ပြီးပြီဆိုတော့ ဒါဟာလည်း အရေးကြီးတယ်ဆိုတာ သတိချပ်မိမယ်ထင်ပါတယ် ။
သွားဖုံးအခြေနိမ့်ကျတာ မဖြစ်ဖို့ ကာကွယ်ဖို့ နည်းလမ်းတွေကတော့ တအားရိုးရှင်းပါတယ် ။

၁။ စနစ်မှန်သွားတိုက်နည်းနဲ့ တစ်နေ့ (၂) ကြိမ် သွားတိုက်ပါ ။ သွားကို ကန့်လန့်ဖြတ်မတိုက်ရပါ ။ သွားတိုက်တဲ့အခါ အားအများကြီးမသုံးပါနဲ့ ။ နူးညံ့တဲ့ သွားတိုက်တံကို ရွေးချယ်ပေးပါ ။

၂။ သွားပွတ်ကြိုး (Dental Floss) ကို တစ်နေ့ တစ်ကြိမ် အသုံးပြုပြီး သွားနှစ်ကြောင်းကြားတွေကို သန့်ရှင်းပေးပါ ။ အစားစားပြီးတိုင်း ပလုတ်ကျင်းပါ ။

၃။ (၆)လ တစ်ကြိမ် မိမိပြနေကျ သွားဘက်ဆိုင်ရာဆရာဝန် သို့်မဟုတ် နီးစပ်ရာသွားနှင့်ခံတွင်းဆေးခန်းမှာ သွားကျန်းမာရေးစစ်ဆေးပေးပါ ။ ဒါဆို ရောဂါအခြေအနေကို အစောဆုံးသိရရင် အစောကြီးကာကွယ်နိုင်မှာပါ ။

ဒီလောက်နဲ့ပဲ သွားဖုံးအခြေနိမ့်ကျခြင်း ကို အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ ။
အားလုံး ဗဟုသုတဖြစ်မယ်လို့ ယုံကြည်ပါတယ် ။

ချစ်ခြင်းဖြင့်သာ မျှဝေပါသည် ။

Name ဒေါက်တာမျိုးမြင့်အောင်
Degrees B.D.S (MDY)
Biography

၂၀၁၅ ခုနှစ်မှာ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် မန္တလေး မှ ဘွဲ့ရရှိခဲ့ပြီး မန္တလေးက ပရဟိတဆေးခန်းတွေမှာ (၂) နှစ်ခန့် အခမဲ့ လုပ်အားပေးခဲ့ပါတယ်။ ယခုအခါမှာတော့ မန္တလေးတွင် ကိုယ်ပိုင်သွားနှင့်ခံတွင်းဆေးခန်းကို ဦးဆောင်ဖွင့်လှစ်လျက်ရှိပါတယ်။

မိဘမဲ့ကလေးများ နှင့် ကာယ၊ ဉာဏ မသန်စွမ်း (Handicapped) ကလေးများကို သွားနှင့်ခံတွင်းရောဂါတွေမဖြစ်ရအောင် ဟောပြောပွဲများနှင့် သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို အလေးပေးဆောင်ရွက်နေပါတယ်။

လူမှုကွန်ရက်၊ TV အစီအစဉ်များ၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်များမှ သွားနှင့်ခံတွင်းကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို အမြဲမျှဝေနေပါတယ်။ ကျွန်တော့်ရဲ့ သွားနှင့်ခံတွင်းကျန်းမာရေး ဆောင်းပါးများ၊ ဗွီဒီယိုများကို Facebook တွင် "Your Myoe - Your Dentist" Page ၌ကြည့်ရူနိုင်သလို ကိုယ်ပိုင် website ဖြစ်တဲ့ www.yourmyoe.com တွင်လည်း ဖတ်ရှုနိုင်ပါတယ်။

Topic
  • ကလေးသွားနှင့်ခံတွင်းကျန်းမာရေး
  • လူကြီးသွားနှင့်ခံတွင်းကျန်းမာရေး
  • အထွေထွေသွားနှင့်ခံတွင်း ကျန်းမာရေးဗဟုသုတများ
  • သွားအလှပနှင့်ဆိုင်သော ကုသမှုများအကြောင်း
  • ကျန်းမာသော သွားကျန်းမာရေး နေထိုင်မှုပုံစံများ
စသည်တို့ကို ရင်းနှီးခင်မင်စွာ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
Address
en_US