သွေးတိုးရောဂါနှင့်ကိုယ်ဝန်ဆောင်ဘဝ

ရေးသားသူ – ဒေါက်တာ ခင်ဆွေသန်း (MBBS)

ကိုယ်ဝန်လွယ်ထားစဉ်ရက်ချိန်းပုံမှန်ပြတိုင်း ပေါင်ချိန်တာနဲ့ သွေးပေါင်ချိန်ခြင်းကိုလုပ်လေ့ရှိပါတယ်။

သွေးတိုးရောဂါကို ရှိမရှိ့နဲ့ သွေးပေါင်ချိန်ပုံမှန်ရှိ မရှိ စစ်ဆေးဖို့ပါ။ ပုံမှန်ကျန်းမာတဲ့အမျိုးသမီးတစ်ယောက်ရဲ့ သွေးပေါင်ချိန်က ၁၂၀/၈၀မှာရှိလေ့ရှိပေမယ့် တစ်ဦးနဲ့တစ်ဦးမတူပါဘူး။ သွေးပေါင်ချိန် ၁၃၀/ ၉၀ကစလို့ သွေးတိုးတယ်လို့ယူဆပါတယ်။ သွေးတိုးရှိရင် နှလုံးက သွေးကို ခန္ဓာကိုယ်အနှံ့ရောက်အောင်ပိုအားစိုက်ပြီးညှစ်ထုတ်ရလို့နှလုံးကြွက်သားတွေထိခိုက်စေနိုင်ပါတယ်။

သွေးတိုးခြင်းက နှစ်မျိုးရှိပါတယ်

၁) ရောဂါအခံရှိ၍သွေးတိုးခြင်းနဲ့

၂)ကိုယ်ဝန်ဆောင်ချိန်အတွင်းသွေးတိုးခြင်း ကိုယ်ဝန်ဆိပ်တက်ခြင်း တို့ဖြစ်ပါတယ်။

ရောဂါအခံရှိ၍သွေးတိုးခြင်း
ရောဂါအခံရှိတဲ့အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ချိန်မှာသွေးပေါင်ချိန်ကို ပုံမှန်ဖြစ်အောင် ဆေးအချိန်မှန်သောက်ပြီး ထိန်းထားရပါတယ် ။

ကိုယ်ဝန်အစပိုင်းသွေးပေါင်ချိန်တွေကျရင်တော့ သွေးကျဆေးကို ဆရာဝန်နဲ့တိုင်ပင်ပြသပြီးရပ်ထားလို့ရပါတယ်။ တစ်ချို့သွေးကျဆေးတွေက ကိုယ်ဝန်သည်အတွက်မတည့်တတ်လို့ ဆရာဝန်နဲ့သေချပြန်လည်ပြသပြီး ပြောင်းဖို့လို မလိုတိုင်ပင်ရပါမယ်။

သွေးကျဆေးတွေသောက်နေချိန်မှာ ကလေးနဲ့အချင်းကို သွေးရောက်မှုနည်းနိုင်လို့ သားဖွားမီးယပ်ဆရာဝန်က မိခင်နဲ့ကလေး အခြေအနေကိုပုံမှန်သေချာစောင့်ကြည့်တဲ့ ရက်ချိန်းတွေ မှန်မှန်သွားရပါမယ် ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းကျန်းမာမာဖြစ်ဖို့အရေးကြီးတဲ့ အချက်ကတော့ သွေးပေါင်ချိန်ပုံမှန်ဖြစ်အောင်ထိန်းသိမ်းနိုင်ခြင်းဖြစ်ပါတယ်

မိခင်ကလှုပ်လှုပ်ရှားရှားနေထိုင်သင့်ပြီး မပင်ပန်းတဲ့ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတွေလုပ်သင့်ပါတယ်။ မျှတသောအစာအာဟာရအုပ်စုကိုစားသုံးပြီး ငါးပိငါးခြောက် ငံပြာရည် ဆားအလွန်အကျွန်စားသုံးခြင်းရှောင်ရှားရပါမယ်။

ကိုယ်ဝန်ဆောင်ချိန်သွေးတိုးခြင်း
ကိုယ်ဝန်ဆောင်ချိန်သွေးတိုးခြင်းက အယောက်၁၀၀မှာ ၁၆ယောက် ဖြစ်တတ်ပြီး ကိုယ်ဝန်အပတ်၃၂ ပတ်နောက်ပိုင်းမှာဖြစ်တတ်ပါတယ် ကိုယ်ဝန်ရင့်တဲ့အချိန်မှာဖြစ်လေ့ရှိပါတယ်။

ကိုယ်ဝန်ဆိပ်တက်ခြင်းဆိုသည်မှာ

  • ကိုယ်ဝန်ဆောင်နေချိန်ရောဂါအခံမရှိပဲသွေးတိုးခြင်း
  • ဆီးအတွင်းအသားဓာတ်များနေခြင်း
  • ခေါင်းကိုက်ခြင်း
  • အမြင်ဝေဝါးခြင်း
  • ရင်ပူခြင်း
  • မူးဝေပျို့အန်ခြင်း
  • ခန္ဓာကိုယ်ဖောရောင်ခြင်း ( ခြေထောက်။ မျက်နှာ ။ လက်)
  • နေသာထိုင်သာမရှိခြင်း

အဲ့လိုဖြစ်တာနဲ့သားဖွားမီးယပ်ဆရာဝန်နဲ့အမြန်ဆုံးပြသရမှာဖြစ်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်ခြင်းကြောင့် ကလေးရဲ့ကြီးထွားမှုတွေနှေးကွေးနိုင်ပါတယ်။ အချင်းကနေ ကလေးထံသို့ လိုအပ်တဲ့အစာအာဟာရနဲ့ အောက်စီဂျင် ရောက်တာနည်းလို့ပါ။

ကိုယ်ဝန်ဆိပ်တက်ခြင်းဖြစ်စေနိုင်တဲ့အကြောင်းအရာတွေကတော့

  • ပထမဆုံးကိုယ်ဝန်ဖြစ်ခြင်း
  • အသက်၄၀ထက်ကြီးခြင်း
  • နောက်ဆုံးကိုယ်ဝန်က လွန်ခဲ့တဲ့ နှစ် ၁၀နှစ်ကဖြစ်ခြင်း
  • မိခင်အဝလွန်ခြင်း
  • မိသားစုမျိုးရိုးထဲမှာအဲ့လိုဖြစ်ဖူးခြင်း
  • ကိုယ်ဝန်မရခင်သွေးတိုးဖူးခြင်း
  • အရင်ကိုယ်ဝန်မှာလည်းသွေးတိုးဖူးခြင်း

တို့ဖြစ်ပါတယ်။

ဆေးကုသမှုမခံယူရင်

  • တက်ခြင်း
  • သတိမေ့ခြင်း
  • လေဖြတ်ခြင်း

သွေးတိုးခြင်းကြောင့် ဦးနှောက်ထဲသွေးကောင်းကောင်းမရောက်လို့ ဦးနှောက်တွင်း သွေးယိုစီးခြင်း။ လေဖြတ်ခြင်း ဖြစ်နိုင်ပါတယ်။ ဦးနှောက်က လုံလောက်တဲ့အောက်စီဂျင်မရရင် ဦးနှောက်ဆဲလ်လေးတွေသေသွားပြီး ဦးနှောက်ထိခိုက်သွားနိုင်ပါတယ်။

  • ကျောက်ကပ်ပျက်စီးခြင်း
  • အသည်းမကောင်းခြင်း
  • HELLP syndrome
  • သွေးထဲကသွေးနီဥတွေပျက်စီးခြင်း
  • အသည်းထဲကအင်ဇိုင်းတွေတက်ပြီးအသည်းထိခိုက်ခြင်း
  • သွေးမွှားလေးတွေနည်းသွားခြင်း

ဒီလက္ခဏာတွေပြတာနဲ့ဆေးရုံအမြန်သွားရပါမယ်။

Name ဒေါက်တာ ခင်ဆွေသန်း (M.B.B.S)
Degrees M.B.,B.S (ygn)
Biography

ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ။

Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။

Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။

Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။

Topic

အထွေထွေကျန်းမာရေးဆိုင်ရာ ပြဿနာများ

ကလေးကျန်းမာရေးဆိုင်ရာပြဿနာများကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

Address Parami General Hospital, Yangon
en_US