သွေးတွင်းအချိုဓာတ်နည်းခြင်း

ရေးသားသူ – ဒေါက်တာ ခင်ဆွေသက်

သွေးတွင်းအချိုဓာတ်နည်းချိန်မှာ ဘာတွေဖြစ်နိုင်သလည်း?

  • ဗိုက်ဆာတာမျိူး
  • ချွေးစီးတွေပြန်တာမျိူး
  • နှုတ်ခမ်းထုံလာတာမျိူး
  • အသားတွေ တုန်လာတာမျိူး
  • ခေါင်းမူးတာမျိူး
  • နှုန်းချိတာမျိူး
  • ရင်တုန်နှလုံးခုန်မြန်လာတာမျိူး
  • စိတ်တိုစိတ်ဆတ်တာမျိူး
  • ဖြုဖျော့လာတာမျိူး
  • ဒီထပ်ပိုဆိုးလာရင်
  • အားနည်းတာမျိူး
  • အမြင်ဝေတာမျိူး
  • အာရုံစိုက်ရန်ခက်ခဲခြင်း
  • ထင်ယောင်ထင်မှားဖြစ်ခြင်း
  • စကားပလုံးပထွေးဖြစ်ခြင်း
  • အိပ်ချင်မူးတူးဖြစ်ခြင်း
  • တက်ခြင်း
  • မေ့လဲသွားခြင်း

သွေးတွင်းအချိုဓာတ် စစ်ကြည့်လို့ 4mmol/L ထပ်နည်းနေရင် ကုသဖို့ လိုအပ်ပါတယ်

ဘာတွေကြောင့် သွေးတွင်းအချိုဓာတ်နည်းနိုင်သလည်း?

  • ဆီးချိုဆေးတွေအများကြီး သောက်သုံးမိခြင်း
  • အစာလွတ်သွားခြင်း
  • ကစီဓာတ်ပါတဲ့အစားအစာများစားသုံးမှုနည်းခြင်း
  • လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်း
  • အစာမရှိပဲအရက်သေစာသောက်စားခြင်း
  • ကျန်းမာရေးနှင့်ဆိုင်ရာရောဂါအခံတစ်ခုခုရှိခြင်း

ဒီလိုမျိူးကြုံတွေ့ရတဲ့အခါ ဘာတွေလုပ်လို့ရလည်း?
ဒီလိုမျိုးခံစားရရင် အချိုရည် သို့ မုန့်၊ သကြားလုံး တစ်ခုခုစားသုံးပေးပါ။ နောက် 10-15 မိနစ်လောက်ကြာတဲ့အခါ သွေးတွင်းအချိုဓာတ်တိုင်းကြည့်ပါ။ အချိုဓာတ်မတက်သေးရင် မုန့်၊ အချိုရည် ထပ်စားပြီး နောက် 10-15 မိနစ်မှာထပ်တိုင်းကြည့်ပါ။ ပြီးရင် ထမင်းစားသလို အစာများများစားပါ။ နွားနို့၊ ပေါင်မုန့်၊ ဘီစကစ် စသည် ဒီလိုမျိူးလုပ်လိုက်လို့ သက်သာသွားရင်တော့ ဆေးခန်းပြဖို့မလိုပါဘူး။ မသက်သာရင်တော့ ဆေးခန်းပြဖို့လိုအပ်ပါတယ်။

ဒီလိုမျိူးတွေမဖြစ်အောင် ဘယ်လိုရှောင်ရှားရမလဲ ?

  • သွေးတွင်းအချိုဓာတ်ကိုမှန်မှန်တိုင်းပါ
  • သကြားလုံး၊ အချိုရည် စသည် အမြဲဆောင်ထားပါ
  • အစာအလွတ်မခံပါနှင့်
  • အစာမရှိပဲအရက်မသောက်ပါနှင့်
  • လေ့ကျင့်ခန်းကိုအတန်အသင့်သာလုပ်ပါ
  • ဒီလိုမျိူးကြုံတွေ့နေရချိန်မှာ ကားမမောင်းသင့်ပါဘူး

Name ဒေါက်တာ ခင်ဆွေသက်
Degrees
Biography
Topic
Address
en_USEN