သွေးအန်ခြင်းနှင့် အန္တရာယ်

ရေးသားသူ – ဒေါက်တာ ဆုဝေမွန်

Dr ဆုတို့ပတ်ဝန်းကျင်မှာ သွေးအန်တယ် ချောင်းဆိုးသွေးပါတယ် ဆိုတာ ခဏခဏကြားဖူးမှာပါ။ Dr ဆုကတော့ အန်သောအခါသွေးပါခြင်း တနည်းအားဖြင့် ဆေးပညာအခေါ်အဝေါ် haematemesis အကြောင်းကို ပြောပြချင်တာပါ။

သွေးအန်ခြင်းဟုဆိုရာဝယ် အစာရေမြို အစာအိမ် သာမက အူသိမ်ဦးပိုင်း ပြသနာတွေကြောင့် သို့မဟုတ် တခြားသော သွေးရောဂါအခံတွေကြောင့် သွေးအန်ခြင်းဖြစ်လာနိုင်ပါတယ်။

သွေးအန်ခြင်းမှာ အဖြစ်အများဆုံးက အရက်အလွန်အကျွံသောက်မှုကြောင့် အသည်းပျက်စီးပြီး သွေးအန်ခြင်းနှင့် အကိုက်အခဲပျောက်ဆေး သို့မဟုတ် steroid ပါသောဆေးများ အလွန်အကျွံနှစ်ရှည်လများ သုံးစွဲမှုကြောင့် အစာအိမ်နံရံများပါးကာ သွေးယိုခြင်း တို့ဖြစ်နိုင်ပါတယ်။

Dr ဆု ဒီဆောင်းပါးလေးမှာ sharing လုပ်ပေးချင်တာက မပေါ့ဆဖို့ပါ။ သွေးအန်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်ရဲ့သွေးယိုခြင်း သွေးထွက်ခြင်းတမျိုးမို့လို့ သွေးထွက်သော ပမာဏများလာတဲ့အခါ ရုတ်တရက် သတိမေ့လဲကျသွားခြင်း သွေးအားနည်းခြင်း ဖြူဖျော့ကာ နှလုံးခုန် အသက်ရှုနှုန်းပိုမြန်လာခြင်းတို့အပြင် ရှောခ့်ရကာ အသက် အန္တရာယ် ရှိလာသည်အထိ ဖြစ်နိုင်ပါတယ်။

Dr ဆုတို့က သွေးအန်လူနာများကို အန်နေသော သွေးပမာဏလိုက်သွင်းရုံသာမက နောက်ထပ်ထပ်မအန်တော့အောင် မည်သည့်အကြောင်းရင်းကြောင့်အန်သည်ဆိုသော အဖြေကို ရှာကုရပါတယ်။

ထိုကဲ့သို့အဖြေရှာနိုင်ရန် လိုအပ်သောသွေးများသွင်းနိုင်ရန် သွေးအန်ခဲ့ပါက အမြန်ဆုံးနီးစပ်ရာ ဆေးရုံဆေးခန်းသို့ ချက်ချင်းသွားဖို့ လိုအပ်ပါတယ်နော်။

Name ဒေါက်တာ ဆုဝေမွန်
Degrees M.B.,B.S (ygn)
Biography 1years experience in yangon children hospital 2yr and 6 months experience in teleconsultation ( yin thway call center)
Topic Paediatric surgery Paediatric medicine Child psychiatry
Address Yangon
en_US