သွေးအားနည်းရောဂါ
ရေးသားသူ – ဒေါက်တာ ခင်ဆွေသန်း (MBBS)
သွေးအားနည်းခြင်း ရောဂါ သည် ကျွန်မတို့နိုင်ငံတွင် ကြုံတွေ့ရလေ့ရှိသော ရောဂါတစ်ခုဖြစ်ပြီး အမျိူးသမီးများတွင်အဖြစ်များလေ့ရှိပါသည်။
သွေးအားနည်းရောဂါသည် ခန္ဓာကိုယ်အတွင်းဆဲလ် များသို့ အောက်ဆီဂျင်ပို့ပေးနိုင်သော သွေးနီဥလေးများ လုံလောက်စွာမရှိသောအချိန်တွင်ဖြစ်ပေါ်တတ်ပါသည်။
သွေးအားနည်းရခြင်းအကြောင်းအရင်းများစွာရှိသည့်အနက်မှ သံဓာတ်ချို့တဲ့ခြင်းကြောင့်သွေးအားနည်းခြင်းမှာ အဖြစ်များလေ့ရှိပါသည်။
အမျိူးသမီးများတွင်မူ ရာသီစက်ဝန်းကြုံတွေ့ချိန် ၊ ကလေးမီးဖွားချိန်တွင် သွေးအားနည်းခြင်းကိုခံစားရလေ့ရှိပါသည်။
ကျွန်မတို့နိုင်ငံနေရာအနှံ့အပြားတွင် လက်ဖက် သည် လူတိုင်းခုံမင်နှစ်သက်သည့်အစားအစာတစ်ခုဖြစ်ပြီး အသုတ် ရေနွေးကြမ်း လက်ဖက်ရည် စသည်ဖြင့်အမျိူးမျိူး သုံးဆောင်လေ့ရှိပါသည် ။
လက်ဖက်ရွက်တွင်ပါဝင်သော Tannin သည် သံဓာတ်စုပ်ယူခြင်းကို လျော့နည်းစေသည့်အတွက် အလွန်အကျွန်စားသောက်ခြင်းကို ရှောင်ရှားသင့်ပါသည်။
သွေးအားနည်းခြင်းလက္ခဏာများ
- အင်အားမရှိ မောလွယ် ခြင်း၊
- နှလုံးခုန်နှုန်းမြန်ဆန်ခြင်း၊
- မိမိ၏နှလုံးခုန်သံကိုသတိထားမိနေခြင်း၊
- အသက်ရှုရခက်ခဲခြင်း၊
- ခေါင်းကိုက်ခြင်း၊
- အာရုံစိုက်ရန်ခက်ခဲခြင်း၊
- ခေါင်းမူးခြင်း၊
- ဖြူဖတ်ဖြူလျော်ဖြစ်ခြင်း
သွေးအားနည်းရခြင်းအကြောင်းအရင်းများမှာ
- သံဓာတ်ချို့တဲ့ခြင်း
- ကိုယ်ဝန်ဆောင်ခြင်း သို့ ရာသီလာခြင်းကြောင့် သွေးအားနည်းခြင်း
- ခန္ဓာကိုယ်တွင်းသွေးထွက်နေခြင်း
- ခန္ဓာကိုယ်မှ သံဓာတ်မစုပ်ယူနိုင်ခြင်း
- အမျိူးသမီးရောဂါများဖြစ်ပွားခြင်း
တို့ဖြစ်ပါသည်။
ကိုယ်ဝန်ဆောင်သည် မိခင်များ ၊ အစာအာဟာရပြည့်ဝစွာမစားသုံးသူများ၊ သွေးအလှူရှင်များ၊ ဖွံ့ဖြိုးမှုအားနည်းသောကလေးငယ်များ၊ သံဓာတ်ပြည့်ဝသောအစားအစာများမစားသော သတ်သတ်လွတ်စားသုံးသူများ သည် သွေးအားနည်းရောဂါကို ပိုမိုခံစားရလေ့ရှိပါသည်။
သွေးအားနည်းရောဂါရှိမရှိ ကို အထက်ဖော်ပြပါလက္ခဏာများအပြင် သွေးစစ်ကြည့်ခြင်းဖြင့်သိနိုင်ပါသည်။
အကယ်၍သွေးအားနည်းရောဂါရှိနေလျှင်
ဆရာဝန်မှ သေချာစစ်ဆေး၍ သံဓာတ်အားဖြည့်ဆေးများ၊ သွေးအားကောင်းစေသည့် အစားအစာ အသား အသီးအနှံ့များကို စားသုံးစေပြီး သွေးအားနည်းရခြင်းအကြောင်းအရင်းကို ရှာဖွေကုသပေးနိုင်ပါသည်။

Name | ဒေါက်တာ ခင်ဆွေသန်း (M.B.B.S) |
---|---|
Degrees | M.B.,B.S (ygn) |
Biography |
ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ။ Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။ Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။ |
Topic |
အထွေထွေကျန်းမာရေးဆိုင်ရာ ပြဿနာများ ကလေးကျန်းမာရေးဆိုင်ရာပြဿနာများကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ |
Address | Parami General Hospital, Yangon |