အစာမစားခင် ဒါမှမဟုတ် အစာမရှိမှ ဆေးသောက်ပါတဲ့ ? ဘာကြောင့်ပါလိမ့် ?
ရေးသားသူ – Dr. Hein Thu Wai
ဆေးသောက်မယ်ဆို အစာတစ်ခုခုစားဖို့ ငယ်ငယ်လေးကတည်းက မှတ်ထားရတာ။ အသက် အရွယ်တစ်ခုရောက်လာတော့ နေထိုင်မကောင်းဘူး၊ ဆေးရုံဆေးခန်းပြတဲ့အခါ တချို့ ဆေးတွေကို အစာမစားခင် ဒါမှမဟုတ် အစာမရှိမှ ဆေးသောက်။ ဒီလိုညွှန်ကြားတာခံရတယ်။
တစ်နည်းအားဖြင့် အစာနဲ့ ဆေးနဲ့ တွဲ မသောက်ရဘူးပေါ့။ ဒါတွေက ဘာကြောင့်ပါလိမ် ????
ဆေးအမျိုးပေါင်း များစွာ မှာ အစားစားပြီးမှ သောက်ဖို့ ညွှန်ကြားချက်တွေရှိပါတယ်။
အချို့ဆေးတွေကိုတော့ အစာမစားခင် ဒါမှမဟုတ် အစာမရှိမှ ဆေးသောက်ဖို့ ညွှန်ကြားချက် ပေးတတ်ပါတယ်။
တချို့အစားအစာတွေက ဆေး အာနိသင်လျော့စေတယ်
အစာနဲ့ဆေး ဆိုတာ တစ်ခုနဲ့ တစ်ခု အာနိသင်သက်ရောက်တာတွေရှိပါတယ်။ တချို့ အစားအစာတွေက ခန္ဓာကိုယ်က ဆေးစုပ်ယူမှုကို အနှောက်အယှက်ပေးတာတွေရှိပါတယ်။ ဥပမာ – နွားနို့နဲ့ သံဓာတ် အားဆေး တွဲသောက်တဲ့အခါ။
နွားနို့မှာ ပါတဲ့ ဓာတ်က သံဓာတ် အားဖြည့် ဆေးတွေကို သွားပေါင်းတဲ့အခါ ခန္ဓာကိုယ်က သံဓာတ်တွေကို စုတ်ယူတာမျိုးမရှိတော့ပါဘူး။ အဲ့ဒီအတွက် သံဓာတ်ပါတဲ့ အားဆေးတွေ သောက်ပေမယ့် ခန္ဓာကိုယ်မှာ သွေးနီဥတွေ မတက်လာပါလားလို့။
အားရှိအောင် နွားနို့သောက်တယ်။ ပြီးတော့ သံဓာတ်အားဆေးသောက်တယ်။ ဒီလိုမျိုးဆို ဘာမှ အကျိုးအာနိသင်မရှိပါဘူး။
တချို့အစားအစာတွေက ဆေးအာနိသင်ကို ပိုစေတယ်
ဆေးအာနိသင်ကို ပိုစေတယ်ဆိုတော့ ကောင်းမှာပဲ လို့ ယေဘူယျ စဉ်းစားမိမှာပါ။ အမြဲတော့မကောင်းပါဘူး။ တန်ဆေး၊ လွန်ဘေးဆိုတဲ့အတိုင်း ဆေးဆိုတာ လိုအပ်တဲ့ သူ့ပမာဏလောက်ပဲ သွေးထဲရှိနေဖို့ ကောင်းတာပါ။
များသွားတဲ့အခါ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဥပမာ – ကင်ဆာဆေးလိုမျိုး
ဆေးတွေဆို လိုအပ်တဲ့ ပမာဏလောက်ပဲ ခန္ဓာကိုယ်က စုပ်ယူအောင် အသေအချာ တွက် ထားရပါတယ်။ ပိုရင်လည်းမကောင်း၊ လိုရင်လည်းမကောင်းပါဘူး။
အစာနဲ့တွဲမသောက်ရတဲ့ ဆေးတွေကို ဘယ်လိုသောက်မလဲ??
အကြမ်းဖျင်းအားဖြင့် အစာမစားခင် တစ်နာရီနဲ့ အစာစားပြီး နှစ် နာရီ အကြာမှ ဆေးသောက်ဖို့ ပြောလေ့ရှိပါတယ်။ အစာစားပြီး အနည်းဆုံး နှစ်နာရီကြာမှ အစာအိမ်က အစာတွေ ခြေပြီး အူတွေထဲ ပို့လွှတ်တဲ့အတွက်ကြောင့်၊ အစာမစားခင် တစ်နာရီနဲ့ အစာစားပြီး နှစ်နာရီလို့ ညွှန်ကြားရတာ ဖြစ်ပါတယ်။

Name | Dr. Hein Thu Wai |
---|---|
Degrees | M.B.,B.S (UM1), DBS (YUEco), DMA I (YUEco), DIp. English (SEAMEAO) |
Biography | |
Topic |
|
Address | 126, Sint Oh Dan Street, Latha, Yangon |