အစာအိမ်ကင်ဆာအကြောင်း သိကောင်းစရာ
ရေးသားသူ – ဒေါက်တာ ဆုဝေမွန်
အစာအိမ်ကင်ဆာသည် အသက်လေးဆယ်ပတ်ချာလည်တွင်အဖြစ်များသည် ယောက်င်္ကျားများပို၍ဖြစ်တတ်သည်။
သူ၏ရှေ့ပြေးလက္ခဏာများတွင် ဝမ်းဗိုက်တွင် အလုံးဖြစ်လာသည်ကို သတိထားမိခြင်း ၊သွေးအားနည်းခြင်း ၊ အစားအသောက်ပျက်၍ အလွန်အမင်းပိန်ကျသွားခြင်း ၊ ညနေစောင်းအချိန်တွင် ပိုအန်ခြင်း ၊ အန်ထုတ်လိုက်သောအခါတွင်မှ နေသာထိုင်သာရှိသွားခြင်း ၊ ထူးထူးခြားခြား အစာစားချင်စိတ်မရှိခြင်း ၊ အထူးသဖြင့် အဆီများသောအစားအစာများအပေါ် အာသီသမရှိနေခြင်း ၊ ခန္ဓာကိုယ်၏ကျန်သောဟနေရာတွင် အလုံးအကြိတ်အဖုများထွက်လာခြင်း ၊ အကြိတ်များရောင်လာခြင်းတို့ဖြစ်ကြသည်။
အစာအိမ်ကင်ဆာဖြစ်သည်ဟုဆိုသည်နှင့် အရင်ဆုံးစဉ်းစားသည်မှာ ဤကင်ဆာလုံးကို အကုန်အစင်ခွဲထုတ်နိုင်မခွဲထုတ်နိုင်စဉ်းစားကြသည်။
တချို့သောအကြောင်းအရင်းများ အထူးသဖြင့် လူနာအသက်ကြီးလွန်းခြင် လူနာတွင် နှလုံးရောဂါအခံရှိခြင်း မေ့ဆေးထုံဆေး ဒဏ်များမခံနိုင်ခြင်း အဆုတ်ရောဂါအခံရှိခြင်း ၊ တို့အပြင် ကင်ဆာကျိတ်၏ပျံ့နှံ့မှု အလုံးအရွယ်အစားကြီးမားမှုတို့အပေါ်မူတည်ပြီး အကုန်အစင်မခွဲထုတ်နိုင်ပဲ ခွဲထုတ်နိုင်သလောက်ပဲ ထုတ်ကာ Chemo သွင်းသည်ဟုခေါ်သော ဓာတ်ဆေးသွင်း၍ ကျန်ရှိသော ကင်ဆာလုံးအား ကျုံ့သွားအောင် ပြုလုပ်ကြသည်။
ဤဆောင်းပါးတွင် Dr ဆု knowledge sharing လုပ်ပေးချင်သည်မှာ Dr ဆု ပြောခဲ့သလို အစာအိမ်ကင်ဆာ၏ ရှေ့ပြေးလက္ခဏာအတော်များများ မိမိတွင် ရှိလာခဲ့သော် အမြန်ဆုံး ဆေးကုသမှုခံယူရန်ဖြစ်သည်။
ယခုခေတ်တွင် ကင်ဆာသည် အရင်လောက် ကြောက်စရာမကောင်းတော့ စောသိလေ ပို၍ထိထိရောက်ရောက်ကုသနိုင်လေ လူတန်းစေ့နေရလေဖြစ်ကြောင်းပြောခြင်းဖြင့် နိဂုံးချုပ်ပါသည်။