အစာအိမ်အူလမ်းကြောင်းယောင်ယမ်းခြင်း
ရေးသားသူ – ဒေါက်တာ ခင်ဆွေသန်း
အစာအိမ်အူလမ်းကြောင်းယောင်ယမ်းခြင်းဟာလူတိုင်းကြုံတွေ့နိုင်တဲ့ရောဂါအခြေအနေမျိူးဖြစ်ပါတယ်။
ဘာကြောင့်ဖြစ်ရတာလည်း?
အူလမ်းကြောင်းထဲ ဗိုင်းရပ်စ် ပိုး ၊ ဘတ်တီးရီးယားပိုး ၊ ကပ်ပါးပိုး ဓာတုပစ္စည်းထိတွေ့တဲ့အခါ
ပိုးသတ်ဆေးစတဲ့ ဆေးတွေသောက်နေတဲ့အခါ ဖြစ်တတ်ပါတယ်။
ဘယ်လိုလက္ခဏာမျိူးတွေနဲ့လာနိုင်သလည်း?
- ဝမ်းလျောခြင်း
- ပျို့အန်ခြင်း
- နေရထိုင်ရမကောင်းခြင်း
- အဖျားရှိခြင်း
- ဗိုက်နာခြင်း
- ကိုက်ခဲခြင်း
စသည့်လက္ခဏာများနဲ့အစပြုလေ့ရှိပါတယ်။
တစ်ပတ်လောက်ကြာလေ့ရှိပြီး တစ်ချို့က အဲ့ထက်ပိုကြာပါတယ်။
ခုလိုမျိူးဖြစ်တဲ့အချိန်မှာဘာတွေလုပ်ထားလို့ရလည်း?
- ရေများများသောက်ဖို့လိုအပ်ပါတယ်
- ကိုယ်ခန္ဓာက ဆုံးရှုံးသွားတဲ့ အရည်တွေပြန်ဖြည့်တင်းဖို့လိုပါတယ်
- အဖျားရှိရင် အကိုက်အခဲပျောက်ဆေးလေးသောက်ဖို့လိုပါတယ်
- အနားများများယူဖို့လိုပါတယ်
- အစာ ပျော့ပျော့ လေးကို နည်းနည်းနဲ့ခဏခဏ စားလို့ရပါတယ်
- အန်တာအရမ်းဆိုးရင်တော့အအန်သက်သာတဲ့ဆေးလေးသောက်လို့ရပါတယ်
ဘယ်လိုကာကွယ်လို့ရမလည်း?
- လက်ကိုမသန့်ရှင်းတဲ့အရာတွေထိပြီးတဲ့အခါ သေချာသန့်ရှင်းပေးပါ
- သန့်ရှင်းသောအစားအစာများကိုစားပါ
- အသားစိမ်းငါးစိမ်းစားခြင်းရှောင်ပါ
- အစားအစာကို သန့်ရှင်းစွာ ကျက်အောင် ချက်ပြုတ်ပါ
ဘယ်အချိန်တွေမှာ ဆေးခန်းပြဖို့လိုပါမလည်း?
- ခေါင်းအရမ်းမူးနေတာမျိူး၊ ဆီးအရမ်းနည်းတာမျိူး
- မျက်တွင်းတွေအရမ်းချိုင့်တာမျိူး
- ရေအငမ်းအရသောက်ခြင်တာမျိူးစတဲ့
- ရေဓာတ်ခမ်းခြောက်လက္ခဏာမျိူးတွေရှိတဲ့အခါ
- ဝမ်းထဲသွေးပါတဲ့အခါ
- အဆတ်မပြတ် အန်နေတဲ့အခါ
- အရည်လုံးဝသောက်ချလို့မရတဲ့အခါ
- အဖျား 100 ကျော်တဲ့အခါ
- ရက်အနည်းငယ်နေလို့မသက်သာသေးတဲ့အခါ
- ကျန်းမာရေးနဲ့ပတ်သတ်တဲ့ရောဂါအခံရှိတဲ့အခါ
- ဝမ်းကို စစ်ဆေးကြည့်ပြီး ပိုးသတ်ဆေးလိုကောင်းလိုနိုင်ပါတယ်။

Name | ဒေါက်တာ ခင်ဆွေသန်း (M.B.B.S) |
---|---|
Degrees | M.B.,B.S (ygn) |
Biography |
ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ။ Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။ Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။ |
Topic |
အထွေထွေကျန်းမာရေးဆိုင်ရာ ပြဿနာများ ကလေးကျန်းမာရေးဆိုင်ရာပြဿနာများကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ |
Address | Parami General Hospital, Yangon |