အစားအစာမျိူရခက်ခဲခြင်း
ရေးသားသူ – ဒေါက်တာ ခင်ဆွေသန်း
အစားအစာမျိုရခက်တယ်ဆိုတာဘာကိုပြောတာလည်း?
- အစာစားချိန်သို့ရေသောက်ချိန်မှာ ချောင်းဆိုးခြင်း သီးခြင်း
- အစာတွေပြန်တက်လာခြင်း
- အစာတစ်ဆို့နေတယ်လို့ခံစားချက်ရခြင်း
- သွားရည်အဆက်မပြတ်ကျခြင်း
- အစားအစာကို ကြေညက်အောင်မစားနိုင်ခြင်း
တွေကြုံတွေ့တာကို အစားအစာမျိုရခြင်းလို့ခေါ်ပါတယ်။
ဘာကြောင့်ဒီလိုဖြစ်ရတာလည်း?
- အာရုံကြောဆိုင်ရာပြသာနာများ (လေဖြတ်ခြင်း၊ ခေါင်းထိခိုက်မိခြင်း)
- လည်ချောင်းကင်ဆာ
- GERD လို့ခေါ်တဲ့
- အစာအိမ်ကအက်စစ်တွေ
- အပေါ်ဆန်တတ်တဲ့ရောဂါ
- myasthenia gravis လို့ခေါ်တဲ့
- ကြွက်သား ပျော့လာတဲ့ရောဂါ
- ပိုးဝင်ပြီးအစာမျိုတဲ့ပြွန်ယောင်ယမ်းတဲ့အခါ
ဘယ်လိုကုသမလည်း?
ဘယ်လိုကုသရမလည်းဆိုတာကတော့ ဘာရောဂါကြောင့် အခုလိုဖြစ်ရလည်းပေါ်မူတည်ပါတယ်။ ဖြစ်တဲ့ ရောဂါကိုသေချာကုသတဲ့အခါ အစာမြိုရခက်တဲ့ ကိစ္စသက်သာသွားလေ့ရှိပါတယ်။
တစ်ခါတစ်ရံ လိုအပ်တဲ့အခါ အစာမာမာတွေမစားတာမျိူး ၊ အာဟာရပညာရှင်တဲ့တိုင်ပင်ရတာမျိူး ၊ နှာခေါင်းပိုက်ထည့်ရတာမျိူးတွေ ၊ လုပ်ရတတ်ပါတယ်။
ဆေးသောက်ဖို့လိုအပ်တာမျိူးရှိနိုင်ပြီး အစာလမ်းကြောင်းချဲ့ပေးတာမျိူးလည်း လုပ်ရနိုင်ပါတယ်။
ဒီလို အစာမြိုရခက်ခဲခြင်းကြောင့် ဘာတွေဖြစ်နိုင်သလည်း?
အစာမျိူရခက်ခဲတဲ့အခါ ၊ ချောင်းဆိုးလိုက်တဲ့အခါ ၊ သီးသွားတာမျိုး အစာလမ်းကြောင်းထဲအစာတွေမဝင်ပဲ အသက်ရှုလမ်းကြောင်းထဲဝင်ပြီး အဆုတ်ပိုးဝင်တာမျိူးဖြစ်နိုင်ပါတယ်။
အစာစားရတာအဆင်မပြေတဲ့အတွက် အစာလျော့စားရင်းက အာဟာရဓာတ်ချို့တဲ့တာမျိူး ၊ ရေဓာတ်ခမ်းခြောက်တာမျိူး ၊ အသက်ရှုကြပ်လာတာမျိူး ၊ အစာစားရေသောက်တိုင်းချောင်းဆိုးတာမျိူး စတာတွေကြုံတွေ့ရနိုင်ပါတယ်။
ဒီလိုမျိူးဖြစ်ပြီဆိုရင်တော့ အကြောင်းအရင်းကိုသေချာရှာဖွေဖို့နီးစပ်ရာ ဆေးရုံဆေးခန်းတွေကို သွားရောက်ပြီး စမ်းသပ်စစ်ဆေးခံသင့်ပါတယ်။

Name | ဒေါက်တာ ခင်ဆွေသန်း (M.B.B.S) |
---|---|
Degrees | M.B.,B.S (ygn) |
Biography |
ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ။ Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။ Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။ |
Topic |
အထွေထွေကျန်းမာရေးဆိုင်ရာ ပြဿနာများ ကလေးကျန်းမာရေးဆိုင်ရာပြဿနာများကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ |
Address | Parami General Hospital, Yangon |